ဟနွိုင်း နိုဝင်ဘာ ၂၄
ဗီယက်နမ်နိုင်ငံမြို့တော် ဟနွိုင်းရှိ နှစ်ထပ်စားသောက်ဆိုင်တစ်ဆိုင်တွင် နိုဝင်ဘာ ၂၄ ရက် နံနက်ပိုင်းက ပေါက်ကွဲမှုကြောင့် ပြိုကျခဲ့ရာ ဖြစ်စဉ်အတွင်း အနည်းဆုံးနှစ်ဦး သေဆုံးပြီး ခြောက်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံမီဒီယာ VnExpress သတင်းဌာနက သတင်းထုတ်ပြန်ခဲ့သည်။
ငုယင် ဗင်တူရတ်လမ်းရှိ ဆန်ပြုတ်ဆိုင်တစ်ဆိုင်တွင် နံနက် ၈ နာရီက ပေါက်ကွဲမှုဖြစ်ပွားခြင်းဖြစ်ကာ အခင်းဖြစ်သည့် အချိန်သည် ဆိုင်ဖွင့်ချိန်ဖြစ်ပြီး စားသုံးသူများလည်း ရှိနေကြောင်း သိရသည်။
အဆိုပါဆိုင်၏ မီးဖိုချောင်အတွင်းရှိ ဂက်စ်မီးဖိုအနီးတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကာ ပေါက်ကွဲမှုဖြစ်ပွားရာနေရာမှ ၁၅ မီတာခန့်အကွာရှိ အိမ်များနှင့် အခြားအဆောက် အအုံ ၁၀ လုံးခန့်လည်း ပျက်စီးခဲ့သည်။
အဆိုပါ ပေါက်ကွဲမှုဖြစ်သည့်အချိန်တွင် မိမိတို့အိပ်ပျော်နေသည့်အချိန်ဖြစ်ပြီး အိမ်မှ လသာဆောင်တံခါးသည် ပေါက်ကွဲမှုကြောင့် လွင့်စဉ်ထွက်သွားကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။ လက်ရှိအချိန်တွင် ရဲတပ်ဖွဲ့ဝင်များက ပြိုကျသွားသည့် အဆောက်အအုံ၏ ကွန်ကရစ်အလွှာများကို ဖယ်ရှားပြီး အသက်ရှင်သူများအား ရှာဖွေရန် ဟိုက်ဒရောလစ်ကိရိယာများ သုံးစွဲဆောင်ရွက်နေသည်။
ဆင်ဟွာ၊ Vn Express