ဂါဇာ နိုဝင်ဘာ ၂၄
ဂါဇာကမ်းမြောင်ဒေသရှိ ကျန်းမာရေးအာဏာပိုင်များသည် နိုဝင်ဘာ ၂၄ ရက်တွင် ဒေသတစ်ဝန်းလုံး ၌ ဦးနှောက်အမြှေးပါးရောင်ရောဂါကူးစက်ပျံ့နှံ့မှုဆိုင်ရာ သတိပေးချက်တစ်ရပ်ကို ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
ဒေသတွင်း ဦးနှောက်အမြှေးပါးရောင် ရောဂါဖြစ်ပွားမှုနှုန်း အလွန်အမင်းမြင့်တက်လာနေကြောင်းနှင့် ၎င်းအခြေအနေသည် ကလေးငယ်များအပါအဝင် လူပေါင်း သိန်းနှင့်ချီသော အသက်အန္တရာယ်ကို ခြိမ်းခြောက်လျက်ရှိကြောင်း ကျန်းမာရေးတာဝန်ရှိသူများက သတိပေးပြောကြားသည်။
ဂါဇာမြို့ရှိ အယ်လရှီဖာဆေးဘက်ဆိုင်ရာစင်တာ၌ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် နီဒါလ်ဂနိမ်က ပြောကြားရာ တွင် ပုံမှန်အားဖြင့် တစ်လလျှင် လူနာ ၃၀ မှ ၅၀ ခန့်သာရှိလေ့ရှိသော်လည်း အောက်တိုဘာလ အတွင်း ဦးနှောက်အမြှေးပါးရောင်ရောဂါ ဖြစ်ပွားသူ ၂၇၂ ဦး အထိ မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။
၂၀၂၆ ခုနှစ် အစပိုင်းမှစ၍ ဦးနှောက်အမြှေးပါးရောင်ရောဂါကြောင့် သေဆုံးသူ ၁၅ ဦးရှိခဲ့ပြီး ၎င်းတို့ အနက် ငါးဦးမှာ ရောဂါဖြစ်ပွားမှု အရှိန်အဟုန်မြင့်တက်လာချိန်တွင် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့အပြင် ဗက်တီးရီးယားကြောင့် ဖြစ်ပွားသော ဦးနှောက်အမြှေးပါးရောင်ရောဂါဖြစ်ပွားမှုနှုန်းမှာလည်း သိသိသာသာမြင့်တက်လာခဲ့သည်။ ပုံမှန်အားဖြင့် တစ်လလျှင် လူနာ ၁၀ ဦးမှ ၂၀ ခန့်သာရှိရာ အောက်တိုဘာလတွင် ၁၀၈ ဦးအထိ မြင့်တက်လာခဲ့ပြီး နိုဝင်ဘာလအစပိုင်းမှစ၍ နောက်ထပ် လူနာ ၁၀၀ ထပ်မံတွေ့ရှိခဲ့ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားသည်။
ဓာတ်ခွဲစစ်ဆေးမှုများအရ လက်ရှိပျံ့နှံ့နေသော ဗိုင်းရပ်စ်ကြောင့်ဖြစ်သည့် ဦးနှောက်အမြှေးပါးရောင် ရောဂါသည် ပတ်ဝန်းကျင်ပျက်စီးယိုယွင်းမှုများနှင့် ဆက်စပ်နေသည့် အမျိုးအစားတစ်ခုဖြစ်ကြောင်း တွေ့ရှိရသည်။
သို့သော် လိုအပ်သော ရောဂါရှာဖွေစစ်ဆေးမှုများ မလုပ်ဆောင်နိုင်သည့်အတွက် အဆိုပါဗိုင်းရပ်စ်၏ တိကျသော မျိုးရိုးဗီဇအမျိုးအစားခွဲကိုမူ အတည်မပြုနိုင်သေးကြောင်း ၎င်းက ဆိုသည်။ အဆိုပါ ရောဂါဖြစ်ပွားမှုများအတွက် အကြောင်းရင်းများအဖြစ် အခြေခံအဆောက်အအုံများ ပျက်စီးခြင်း၊ ခိုလှုံရာနေရာများတွင် လူဦးရေအလွန်အမင်းပြွတ်သိပ်နေထိုင်ရခြင်း၊ သောက်သုံးရေများတွင် မိလ္လာရေများ ရောနှောညစ်ညမ်းခြင်းနှင့် မိုးရွာသွန်းမှုကြောင့် ရေကြီးရေလျှံကာ အခြေအနေများ ပိုမိုဆိုးရွားလာခြင်းတို့ကို ၎င်းက ထောက်ပြပြောဆိုခဲ့သည်။
ယခုကဲ့သို့ ကူးစက်ရောဂါဖြစ်ပွားခြင်းအတွက် အစ္စရေးနိုင်ငံတွင် တာဝန်ရှိကြောင်းနှင့် ပြုပြင်ထိန်းသိမ်းရေးဆိုင်ရာ ကိရိယာများ၊ ပိုးသတ်ဆေးဝါးများနှင့် လောင်စာဆီများ ဝင်ရောက်ခွင့်ကို အစ္စရေးက ကန့်သတ်ထားခြင်းကြောင့် ပြည်သူ့ကျန်းမာရေးအခြေအနေ ဆိုးရွားလာမှုကို ကိုင်တွယ် ဖြေရှင်းရန် ကြိုးပမ်းမှုများ အဟန့်အတားဖြစ်စေခဲ့သည်ဟု ၎င်းက ပြောကြားသည်။
ဆင်ဟွာ