Myanmar Digital News

တပ်ကုန်းမြို့၌ မီးပုံးပျံ လွှတ်တင်ခြင်းနှင့် မီးရှူးမီးပန်းပစ်ဖောက်ပွဲ ဒေသခံပြည်သူများ ပါဝင်ဆင်နွှဲ

တပ်ကုန်း နိုဝင်ဘာ ၂၄

 

ပြည်ထောင်စုနယ်မြေ နေပြည်တော်တပ်ကုန်းမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် မီးပုံးပျံလွှတ်တင်ခြင်းနှင့် မီးရှူးမီးပန်းပစ်ဖောက်ခြင်းကို နိုဝင်ဘာ ၂၄ ရက် (တန်ဆောင်မုန်း လပြည့်) ည ၆ နာရီခွဲက မြို့နယ်ပြည်သူ့အားကစားကွင်း၌ ကျင်းပသည်။

 

အဆိုပါပွဲသို့ ဥတ္တရခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ မြို့နယ်ပညာရေးမှူးနှင့် အခြေခံပညာကျောင်းများမှ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ မြို့မိမြို့ဖများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များ၊ မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများမှ ပြည်သူများ တက်ရောက်ကာ မီးပုံးပျံများလွှတ်တင်ခြင်းနှင့် မီးရှူးမီးပန်းပစ်ဖောက်ခြင်းများကို တပျော်တပါးဆင်နွှဲခဲ့ကြောင်း သိရသည်။

တင်စိုးလွင်(ပြန်/ဆက်)

မူရင်းသတင်း — Myanmar Digital News