ပွင့်ဖြူ နိုဝင်ဘာ ၂၄
မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့၌ တန်ဆောင်မုန်းလပြည့်နေ့ (သာမညဖလအခါတော်နေ့)တွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီမှ ဦးဆောင်၍ ဌာနဆိုင်ရာများ စုပေါင်းပြီး ပွင့်ဖြူမြို့အဝင်ရှိ ပြည်လုံးချမ်းသာဘုရားကြီး၌ ဆီမီး ၆၀၀၀ ထွန်းညှိ ကပ်လှူပူဇော်သည်။
ထွန်းညှိပူဇော်
မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် ကော်မတီအဖွဲ့ဝင်များက ဦးဆောင်ပြီး မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဝန်ထမ်းများက မြတ်စွာဘုရားရှင်အားရည်မှန်း၍ ဆီမီး ၆၀၀၀ အား ထွန်းညှိပူဇော်ခဲ့ကြသည်။
ထို့ပြင် တန်ဆောင်မုန်းလပြည့် (သာမညဖလ အခါတော်နေ့)အခါသမယ၌ ဒေသခံပြည်သူများက မိမိတို့ ရပ်ကွက်/ကျေးရွာအလိုက် မဲဇလီဖူးသုပ်၊ ကြာဆံ ဟင်းခါးစသည်ဖြင့် စတုဒိသာ ကျွေးမွေးခြင်း၊ ဘုရားစေတီပုထိုးများသို့ သွားရောက်၍ အန္တရာယ်ကင်း ပရိတ်၊ ပဋ္ဌာန်းများ ရွတ်ဖတ်ပူဇော်ခြင်း၊ မြတ်စွာဘုရားရှင်အား ရည်မှန်း၍ ဆီမီးများ ထွန်းညှိပူဇော်ခြင်း၊ တရားဘာဝနာများ ကျင့်ကြံအားထုတ်ခြင်းတို့ဖြင့် ကောင်းမှုကုသိုလ် ပြုကြသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)