
ဘိုဂိုတာ၊ နိုဝင်ဘာ ၂၅ ရက် (ဆင်ဟွာ)
ကိုလံဘီယာနိုင်ငံ မြောက်ပိုင်း ကာတာဂျီနာမြို့ရှိ စူပါမားကတ်တစ်ခု၌ နိုဝင်ဘာ ၂၄ ရက်တွင် လက်နက်ကိုင်များက လူများကို ဓားစာခံအဖြစ် ဖမ်းဆီးမှုဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း၊ စုစုပေါင်း လူ ၃၀ ဦး ဓားစာခံအဖြစ် ဖမ်းဆီးခံခဲ့ရပြီး ၎င်းတို့အနက် ၅ ဦးမှာ ပြန်လည်လွတ်မြောက်လာပြီဖြစ်သော်လည်း ကျန်ရှိနေသော ၂၅ ဦးမှာမူ ဆက်လက်ဖမ်းဆီးခံထားရဆဲ ဖြစ်ကြောင်း ကိုလံဘီယာနိုင်ငံ သမ္မတ Abelardo de la Espriella က ထိုနေ့တွင်ပင် ပြောကြားခဲ့သည်။
သမ္မတ de la Espriella က ထိုနေ့တွင် နိုင်ငံအလယ်ပိုင်း Meta ပြည်နယ် မြို့တော် ဗီလာဗီဆင်စီယိုမြို့၌ မီဒီယာများအား ပြောကြားရာတွင် အစိုးရအနေဖြင့် စစ်တပ်၊ ရဲတပ်ဖွဲ့နှင့် အထူးတပ်ဖွဲ့များ စသည့် အင်အားများကို စုစည်းကာ ဖြေရှင်းဆောင်ရွက်လျက်ရှိကြောင်း၊ ပြန်လွတ်လာသော ၅ ဦးမှာ သက်ကြီးရွယ်အိုများ ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဒေသခံမီဒီယာများ၏ ဖော်ပြချက်အရ နိုဝင်ဘာ ၂၄ ရက် မနက်ပိုင်းတွင် မျက်နှာဖုံးစွပ် သေနတ်ကိုင်ထားသော လူတစ်စုသည် ကာတာဂျီနာမြို့ရှိ စူပါမားကတ်ဆိုင်ခွဲတစ်ခုသို့ ဝင်ရောက်စီးနင်းခဲ့ပြီးနောက် ဝယ်ယူသူများနှင့် ဝန်ထမ်းများစွာကို ဓားစာခံအဖြစ် ဖမ်းဆီးခဲ့သည်။ အချင်းဖြစ်ပွားရာနေရာမှ ရိုက်ကူးထားသည့် ရုပ်သံမှတ်တမ်းတွင် ဓားစာခံအချို့၏ လက်များကို ချည်နှောင်ထားပြီး အနီးတစ်ဝိုက်တွင် သေနတ်ကိုင်ထားသူများက စောင့်ကြပ်နေသည်ကို တွေ့ရသည်။
de la Espriella က က ထိုလက်နက်ကိုင်သူများသည် သံချပ်ကာငွေသယ်ယာဉ်ကို လုယက်ရန် ကြိုးပမ်းမှု မအောင်မြင်ပြီးနောက် စူပါမားကတ်တစ်ခုထဲသို့ ပြေးဝင်ကာ လူများကို ဓားစာခံအဖြစ် ဖမ်းဆီးထားခဲ့ကြောင်း ပြောကြားခဲ့သည်။
အထက်ပါ ဖြစ်ရပ်ကြောင့် ကာတာဂျီနာမြို့ Rafael Núñez အပြည်ပြည်ဆိုင်ရာ လေဆိပ်၏ ထိုနေ့ လေယာဉ်ခရီးစဉ်များကို ခေတ္တ ရပ်ဆိုင်းခဲ့ရကြောင်း သိရသည်။ (Xinhua)


..............................................
(Chinese Version)
哥伦比亚一超市发生武装劫持事件 25人仍被扣押
新华社波哥大11月24日电(记者李子健)哥伦比亚总统德拉埃斯普列亚24日说,该国北部城市卡塔赫纳一家超市当天发生一起武装劫持人质事件,共有30人遭到劫持,其中5人已获释,其余25人仍被扣押。
德拉埃斯普列亚当天在该国中部梅塔省首府比亚维森西奥市对媒体表示,政府已调集军队、警察及特种部队等力量展开处置,获释的5人均为老年人。
据当地媒体报道,24日上午,一伙蒙面持枪人员闯入卡塔赫纳市一家连锁超市,将多名顾客和员工扣为人质。现场视频显示,一些人质双手被绑,附近有持枪人员看守。
德拉埃斯普列亚说,这伙武装人员在抢劫运钞车未遂后逃进超市实施劫持。
上述事件导致卡塔赫纳拉斐尔·努涅斯国际机场当天一度暂停飞机降落。(完)
图说1:11月24日,在哥伦比亚北部城市卡塔赫纳,警察在发生劫持人质事件的超市附近集结。新华社发
图说2:11月24日,在哥伦比亚北部城市卡塔赫纳,警察在发生劫持人质事件的超市入口附近执行任务。新华社发