နိုဝင်ဘာ ၂၅
အင်ဒိုနီးရှားနိုင်ငံ မြို့တော် ဂျကာတာမြို့အနီးရှိ မုန့်မျိုးစုံထုတ်လုပ်သည့် စက်ရုံတစ်ရုံတွင် နိုဝင်ဘာ ၂၁ ရက်နေ့ကဖြစ်ပွားခဲ့သော မီးလောင်မှု၏နောက်ဆက်တွဲအခြေအနေများကို အာဏာပိုင်များက ကိုင်တွယ်ဖြေရှင်းလျက်ရှိသည်ဟု သိရသည်။
အဆိုပါမီးလောင်မှုကြောင့် လူ သုံးဦးထက်မနည်း သေဆုံးခဲ့ပြီး ပျောက်ဆုံးနေသူ ၃၀ ကျော်ကိုလည်း ယခုအချိန်အထိ ရှာဖွေတွေ့ရှိခြင်း မရှိသေးကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။
ကယ်ဆယ်ရေးတာဝန်ရှိသူများ၏ ပြောကြားချက်အရ မီးလောင်မှုအပြင်းထန်ဆုံးခံခဲ့ရသည့် နေရာတွင် လူပေါင်း ၆၅ ဦး ရှိနေခဲ့ကြောင်းနှင့် ၎င်းတို့အနက် ၃၁ ဦး အသက်ရှင်လျက်ရှိကြောင်း အတည်ပြုနိုင်ခဲ့သည်ဟု သိရသည်။
သို့ရာတွင် လူ ၃၄ ဦးသည် ယခုအချိန်အထိ ပျောက်ဆုံးနေဆဲဖြစ်ပြီး လူ့ခန္ဓာကိုယ် အကြွင်းအကျန်များပါဝင်သည့် အလောင်းထည့်အိတ် ၂၆ အိတ်ကိုလည်း ယခုအချိန်အထိ ပြန်လည်တွေ့ရှိထားကြောင်း ကယ်ဆယ်ရေးတာဝန်ရှိသူများက ပြောကြားခဲ့သည်။
မီးလောင်မှုဖြစ်ပွားရသည့် အကြောင်းရင်းကို အတိအကျ မသိရသေးသော်လည်း အဆောက်အအုံအတွင်းရှိ အအေးပေးစက်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း အလုပ်သမားအချို့ကပြောဆိုခဲ့သည်ဟု Associated Press သတင်းဌာနက ဖော်ပြခဲ့သည်။
အာဏာပိုင်များသည် မီးလောင်မှုဖြစ်ပွားရာနေရာမှ ပြန်လည်တွေ့ရှိထားသည့် လူ့ခန္ဓာကိုယ် အကြွင်းအကျန်များ၏ပိုင်ရှင်မည်သူမည်ဝါဖြစ်ကြောင်း အတည်ပြုနိုင်ရန် လုပ်ဆောင်နေသည့် အပြင် ပျောက်ဆုံးနေသူများကိုလည်း ဆက်လက်ရှာဖွေလျက်ရှိသည်ဟု သိရသည်။
ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို