
စိမ့်စမ်းရေ (NP News) - နိုဝင်ဘာ ၂၅
ထောပတ်သီးများကို ပြည်ပသို့ တရားဝင် တင်ပို့ခွင့်မရသေးသဖြင့် တရားမဝင်လမ်းကြောင်းမှ တင်ပို့မှုများရှိနေ ကြောင်း သိရသည်။
ထောပတ်သီးများကို တရုတ်နိုင်ငံအပါအဝင် ပြည်ပဈေးကွက်သို့ တရားဝင်တင်ပို့နိုင်ရေးအ တွက် သဘောတူ ညီမှုလက်မှတ်ရေးထိုးရန် ကျန်ရှိနေ သေးသည့်အတွက် လက်ရှိတွင် တရားဝင်တင်ပို့နိုင် ခြင်းမရှိသေးဘဲ အချို့ကုန် သည်များမှာ တရားမဝင်လမ်းကြောင်းများမှတစ်ဆင့် တင်ပို့မှုများရှိနေကြောင်း ထောပတ်သီးစိုက်တောင်သူ တစ်ဦးက NP News သို့ပြောသည်။
“အခုလောလောဆယ် တရုတ်ကိုတင်ပို့ဖို့ လုပ်နေတာတွေက (၈၀)ရာခိုင်နှုန်းလောက်ပဲ ရသေးတယ်။ ကျန်တဲ့ (၂၀)ရာခိုင်နှုန်းကကျ အစိုးရအချင်းချင်း တရားဝင်လက်မှတ်ထိုးဖို့ကျန်နေသေးတယ်။ အခုလောလောဆယ်က GACC ပေါ့ အစိုးရချင်း လက်မှတ်ရေးထိုးဖို့ကျန်သေးတယ်။ အဲဒါက လက် မှတ်မရေးထိုးရသေးတော့ ပို့လို့ မရသေးဘူး”ဟု ၎င်း ကပြောသည်။
မြန်မာနိုင်ငံမှ ထောပတ်သီးထွက်တန်ချိန်မှာ (၂) သောင်းကျော် (၃) သောင်းခန့်ရှိသော်လည်း ပြည်တွင်းစား သုံးမှုမှာ တန်ချိန်(၅)ထောင်ခန့်သာ ရှိကြောင်း ၎င်းကပြောသည်။
ထို့ပြင် ပြည်ပသို့ တရားဝင်တင်ပို့နိုင်ခြင်းမရှိသည့်အပြင် ပြည်တွင်းစားသုံးမှုမှာလည်း နည်းနေသည့်အတွက် ထောပတ်သီးစိုက်တောင်သူများ အရှုံးပေါ်နေကြောင်း ၎င်းကပြောသည်။
“အခုဈေးကွက်အခြေအနေက ပြည်ပက ထွက်လို့လည်းမရဘူး။ ပြည်တွင်းစားသုံးမှုလည်း နည်းတဲ့အခါကျ တော့ တချို့ခြံရှင်တွေဆို မခူးဘဲ ဒီအတိုင်းနေကြတာတို့ရှိတယ်။ လုံးဝကိုအရှုံးပေါ်နေတာပေါ့။ တချို့ဆို လုံးဝခူး မရောင်းဘဲ ဒီတိုင်းနေကြတာ။ (၁)ကီလိုမှ လေး၊ ငါး၊ ရှစ်ရာဆိုတော့ ခူးခ၊ အလုပ်သမားခတောင်မရဘူး”ဟု ၎င်း ကပြော သည်။
စိုက်တောင်သူများလက်ထဲတွင် ဆုံးရှုံးမှု များကိုလျှော့ချနိုင်ရန် ရသလောက်ဈေးဖြင့်ထုတ် ရောင်းနေရခြင်း ကြောင့် တရားမဝင်တင်ပို့မှုများ ဖြစ် လာခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။
“တရားမဝင်တင်ပို့တဲ့အပေါ်မှာ ဘယ်လို ပြောရမလဲဆိုရင် ပွဲစားတွေကလည်း စိုက်တောင်သူ တွေကို နစ်နာဆုံးရှုံးမှုတွေမဖြစ်အောင်ဆိုပြီးမှ သူတို့လည်း မရရတဲ့နည်းနဲ့ပို့ကြတာပေါ့။ တကယ့်တကယ် တွေ့တော့လည်း ပြောမယ်ဆိုရင်လည်း ပွဲစားပဲ အရှုံးလေ။ ဝယ်သူဆီတော့ တန်ရာတန်ကြေးတော့ ပေးဝယ်ရတယ်။ တန်ရာတန် ကြေးဆို ပေမယ့် သယ်ယူခ၊ အလုပ်သမားခ၊ ကားခဘာညာဆိုတော့ တော်တော် လေးတော့ရှုံးမှာပေါ့။ အဓိကက စိုက်တောင် သူလက်ထဲမှာ ကြွေကျပုပ်မယ့်အစား ရသလောက်နဲ့ပေးလိုက် တဲ့သဘောမျိုးလို့မြင်တယ်”ဟု ၎င်းကပြောသည်။
