
ဘန်ကောက်၊ နိုဝင်ဘာ ၂၅ ရက် (ဆင်ဟွာ)
ထိုင်းနိုင်ငံဝန်ကြီးချုပ် အနုတင်ချန်ဗီရာကူးလ်က ကားလုပ်ငန်းသည် ရင်းနှီးမြှုပ်နှံမှုများ၊ အလုပ်အကိုင်ဖန်တီးပေးမှုများ၊ နည်းပညာတိုးတက်မှုများနှင့် ပို့ကုန်ကဏ္ဍများမှတစ်ဆင့် ထိုင်းနိုင်ငံ၏စီးပွားရေးကို အဓိကမောင်းနှင်ပေးနေသည့်အင်ဂျင်တစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်။
အနုတင်ချန်ဗီရာကူးလ်သည် နိုဝင်ဘာ ၂၃ ရက်က တရုတ်နှင့် ဂျပန်နိုင်ငံတို့မှကားထုတ်လုပ်သည့် အဓိကကုမ္ပဏီ ၅ ခု၏အမှုဆောင်အရာရှိများနှင့်တွေ့ဆုံခဲ့ရာတွင် လောင်စာဆီသုံးအင်ဂျင်တပ်မော်တော်ယာဉ်များနှင့်လျှပ်စစ်ကားများကိုပံ့ပိုးပေးသည့် ဟန်ချက်ညီပြီးရေရှည်တည်တံ့သော အသွင်ကူးပြောင်းမှုကို ထိုင်းအစိုးရကထောက်ခံအားပေးသည်ဟုပြောကြားခဲ့ကြောင်း အစိုးရ၏သတင်းထုတ်ပြန်ချက်တစ်ခုတွင် ဖော်ပြထားသည်။
ထိုင်းအစိုးရအနေဖြင့် အားသွင်းစခန်းများနှင့် အမြန်အားသွင်းနည်းပညာတို့ကို တိုးချဲ့လုပ်ဆောင်ဖွယ်ရှိနေသော်လည်း လျှပ်စစ်ကားများအဖြစ်သို့ကူးပြောင်းရာတွင် ဓာတ်အားလိုင်း၏အဆင်သင့်ဖြစ်မှုနှင့် ရှိနေနှင့်ပြီးသား လောင်စာဆီသုံးအင်ဂျင်တပ်မော်တော်ယာဉ်များ၏ စက်မှုလုပ်ငန်းပိုင်းဆိုင်ရာများကို မဖြစ်မနေထည့်သွင်းစဉ်းစားရမည်ဟု အနုတင်က မှတ်ချက်ပြုပြောကြားခဲ့သည်။
ပြိုင်ဆိုင်မှု ပိုမိုမျှတစေရန်နှင့် ကားထုတ်လုပ်သူများ ပြည်တွင်းထုတ်လုပ်မှုကိုတွန်းအားပေးနိုင်ရေးအတွက် တင်သွင်းလာသည့် ကားများအတွက် အခွန်နှုန်းထားများကို အစိုးရက ပြန်လည်ပြင်ဆင်ပေးထားသည်ဟုလည်း အနုတင်က ပြောကြားခဲ့သည်။ Thailand FastPass ဟုခေါ်ဆိုသည့် အဆိုပါအစီအစဥ်မှတစ်ဆင့် ပိုမိုမြန်ဆန်သော ရင်းနှီးမြှုပ်နှံမှုဆိုင်ရာအတည်ပြုမှုများကို လုပ်ဆောင်ပေးလျက်ရှိကြောင်း သိရသည်။ (Xinhua)
......................................
(English version)
Thai PM highlights auto sector's role during talks with foreign automakers
BANGKOK, Nov. 23 (Xinhua) Thailand's Prime Minister Anutin Charnvirakul described the auto industry as a key driver of the Thai economy through investment, jobs, technological advancement and exports.
The government supports a balanced and sustainable transition that backs both combustion-engine vehicles and electric vehicles, he said during a Monday meeting with executives from five major Chinese and Japanese automakers, according to a government statement.
Anutin noted that the government would expand charging stations and fast-charging technology, but the shift to electric vehicles must take into account the readiness of the power grid and the existing combustion-engine industry.
The government is restructuring excise taxes on imported cars to make competition fairer and encourage carmakers to produce locally, he said. It is also offering faster investment approvals through a scheme called Thailand FastPass. ■
Photo caption: This photo taken on June 25, 2024 shows a BYD SEAL EV displayed in Tokyo, Japan. (Xinhua/Zhang Xiaoyu)