
သုတကျော် (NP News) - နိုဝင်ဘာ ၂၅
ပင်လယ်စာစားသောက်ဆိုင်လုပ်ငန်းဖြစ်သော The Manhattan FISH MARKET အနေဖြင့် မြန်မာနိုင်ငံမှ ဆိုင်ခွဲများ အားလုံးပိတ်မည်ဖြစ်ကြောင်း The Manhattan FISH MARKET Myanmar ၏ လူမှုကွန်ယက် ဖေ့စ်ဘွတ်ခ်စာမျက်နှာထက်တွင် အသိပေးထားသည်။
The Manhattan FISH MARKET Myanmar အနေဖြင့် မနက်ဖြန် (နိုဝင်ဘာလ ၂၆ ရက်) မှစတင်၍ Myanmar Plaza ဆိုင်ခွဲအား အပြီးတိုင်ပိတ်သိမ်းသွားမည်ဖြစ်ပြီး MFM ဆိုင်ခွဲအားလုံးကို အပြီးတိုင်ပိတ်သိမ်းမည်ဖြစ်ကြောင်း အသိပေးထားသည်။
“ယနေ့အချိန်ထိ ကျွန်ုပ်တို့၏ ဆိုင်ခွဲတိုင်းကို ယုံကြည်စွာဖြင့် အားပေးခဲ့ကြသော Customer တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးအထူးတင်ရှိပါသည်။ အမှတ်တရများစွာနှင့်အတူ အတူတကွ ရှိနေပေးခဲ့ကြသည့်အတွက်လည်း အထူးပင် ကျေးဇူးတင်ဂုဏ်ယူမိပါသည်။ Customer များအားလုံး ကျန်းမာပျော်ရွှင်ပြီး ကောင်းမွန်သောနေ့ရက်များ ပိုင်ဆိုင်နိုင်ကြပါစေကြောင်း MFMမှ ဆုမွန်ကောင်း တောင်းအပ်ပါသည်” ဟု ဖော်ပြထားသည်။
The Manhattan FISH MARKET သည် မလေးရှားနိုင်ငံတွင် အခြေစိုက်ခြင်းဖြစ်ပြီး မြန်မာနိုင်ငံတွင် ၂၀၁၄ ခုနှစ်မှ စတင်ကာ ဝင်ရောက်ရင်းနှီးမြုပ်နှံခဲ့ခြင်း ဖြစ်သည်။