Myanmar Digital News

ဘရာဇီးဈေးကွက်တွင် ၂၀၂၆ နှင့် ၂၀၂၇ ခုနှစ်များအတွက် ငွေကြေးဖောင်းပွမှုနှင့် အမေရိကန်ဒေါ်လာ ငွေလဲနှုန်း ခန့်မှန်းချက်များ မြင့်တက်လာ

နိုဝင်ဘာ ၂၅

ဘရာဇီးဗဟိုဘဏ်က နိုဝင်ဘာ ၂၃ ရက်တွင် ထုတ်ပြန်ခဲ့သည့် အပတ်စဉ် Focus စစ်တမ်းအရ ဘရာဇီးနိုင်ငံ၏ ဘဏ္ဍာရေးဈေးကွက်သည် ၂၀၂၆ နှင့် ၂၀၂၇ ခုနှစ် နှစ်ကုန်ပိုင်းများအတွက် ငွေကြေးဖောင်းပွမှုနှုန်းနှင့် အမေရိကန်ဒေါ်လာ ငွေလဲနှုန်း ခန့်မှန်းချက်များကို ယခင်ခန့်မှန်းချက်များထက် မြှင့်တင်ခဲ့သည်။

၂၀၂၆ ခုနှစ်အတွက် ဘရာဇီးနိုင်ငံ၏ ငွေကြေးဖောင်းပွမှု ခန့်မှန်းချက်သည် ယခင် ၅ ဒသမ ၁၁ ရာခိုင်နှုန်းမှ ၅ ဒသမ ၁၅ ရာခိုင်နှုန်းသို့ မြင့်တက်လာခဲ့ပြီး ၂၀၂၇ ခုနှစ်အတွက်လည်း ယခင် ၅ ရာခိုင်နှုန်းမှ ၅ ဒသမ ၁၂ ရာခိုင်နှုန်းသို့ မြင့်တက်လာခဲ့သည်။

ဘရာဇီးနိုင်ငံ၏ ငွေကြေးဖောင်းပွမှု ရည်မှန်းချက်မှာ ၃ ရာခိုင်နှုန်းဖြစ်ပြီး သတ်မှတ်ထားသော ခွင့်ပြုအကွာအဝေးမှာ ရည်မှန်းချက်ထက် အထက်ဘက် ၁.၅ ရာခိုင်နှုန်းနှင့် အောက်ဘက် ၁ ဒသမ ၅ ရာခိုင်နှုန်း ဖြစ်သည်။ ထို့ကြောင့် ငွေကြေးဖောင်းပွမှု လက်ခံနိုင်သည့် အတိုင်းအတာမှာ ၁ ဒသမ ၅ ရာခိုင်နှုန်းမှ ၄ ဒသမ ၅ ရာခိုင်နှုန်းအထိ ဖြစ်သည်။

နှစ်ကုန်ငွေလဲနှုန်းခန့်မှန်းချက်သည် ၂၀၂၆ ခုနှစ်အတွက် အမေရိကန်ဒေါ်လာတစ်ဒေါ်လာလျှင် ၅ ဒသမ ၄ မှ ၅ ဒသမ ၅၅ ရီယယ်အထိနှင့် ၂၀၂၇ ခုနှစ်အတွက် ၅ ဒသမ ၄၅ မှ ၅ ဒသမ ၅ အထိ မြင့်တက်လာခဲ့သည်။ ဘရာဇီးငွေကြေးသည် လက်ရှိတွင် တစ်ဒေါ်လာလျှင် ရီယယ် ၅ ဒသမ ၈၈ ခန့်ဖြင့် ရောင်းဝယ်ဖောက်ကားနေသည်။

ဈေးကွက်၏ ခန့်မှန်းချက်အရ ဘရာဇီးနိုင်ငံသည် ၂၀၂၆ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၈၀ ဘီလီယံနှင့် ၂၀၂၇ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၇၉ ဒသမ ၈ ဘီလီယံ ကုန်သွယ်မှုပိုငွေရရှိမည်ဟု မျှော်မှန်းထားသည်။

နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုဝင်ရောက်မှုမှာ ၂၀၂၆ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၈၅ ဘီလီယံနှင့် ၂၀၂၇ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၈၀ ဘီလီယံ ရှိမည်ဟု ခန့်မှန်းထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

မူရင်းသတင်း — Myanmar Digital News