
ပုလဲ (NP News) - နိုဝင်ဘာ ၂၅
နိုင်ငံတော်အနေဖြင့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (SME/MSME) ဖွံ့ဖြိုး တိုးတက်စေရန် နည်းလမ်းမျိုးစုံဖြင့် ပံ့ပိုးကူညီဆောင်ရွက်လျက်ရှိပါသည်။ သို့သော်လည်း မြေပြင်တွင် SME/MSME လုပ်ငန်းရှင်များအနေဖြင့် အခက်အခဲအချို့ ကြုံတွေ့နေရလျက်ရှိကြောင်း သိရသည်။ အဆိုပါအခြေအနေများနှင့် ပတ်သက်၍ လုပ်ငန်းရှင်တစ်ဦးအား NP News ဂျာနယ်မှ တွေ့ဆုံ မေးမြန်းထားသည်များကို ကောက်နုတ်ဖော်ပြ အပ်သည်။
မေး - လက်ရှိပေါ့နော် SME လုပ်ငန်းရှင်တွေရင်ဆိုင် နေရတဲ့အခက်အခဲတွေဆိုလို့ရှိရင် ဘာတွေဖြစ်မလဲ၊ ဘာတွေရှိ မလဲရှင့်။
ဖြေ - SME လုပ်ငန်းသမားတွေရင်ဆိုင်နေရတာကတော့ အဓိကက SME လုပ်ငန်းတွေက နိုင်ငံခြားကို အဓိက မှီခိုရတာလေ။ ငါတို့ရဲ့တိုင်းပြည်ထဲမှာက ဥပမာ စားသောက်ကုန်လုပ်ငန်းလုပ်မယ်ဆိုလည်း ဥပမာ ပဲတို့၊ ဆန်တို့ ဒီလောက်ပဲရှိတာလေ။ ဆီဆိုတာက ဖူလုံအောင်မှမထုတ်နိုင်တာကိုး။ နောက်တစ်ခါ ဒီဆီတွေကိုထုတ်နေတဲ့ အညာ ဒေသကလည်း အခု လုံခြုံရေးအခြေအနေအရ ဒါတွေတော်တော်များများ ကြီးကလည်း ရပ်ဆိုင်းသလိုလိုပေါ့နော်။ အဲဒီတော့ SME လုပ်ငန်းတွေက လုပ်ငန်းမှန်သမျှက နိုင်ငံခြား ကနေပြီးတော့ဝင်လာတဲ့ပစ္စည်းပေါ်မှာ မှီခိုပြီးတော့မှပဲ လုပ်ငန်းတွေကိုရပ်တည်ရတာ။ အဲဒီတော့ ရပ်တည်ရ တဲ့နေရာမှာ ဥပမာ စားသောက်ကုန်လုပ်ငန်းလုပ်မယ် ဆို ဂျုံ၊ လုပ်ငန်းသုံးဆီ၊ စက်မှုကုန်ကြမ်းသုံးဆီပေါ့။ နောက်တစ်ခါ ပလတ်စတစ်ပေါ့။ တခြားပစ္စည်းတွေ လည်း အများကြီးပါပဲ။ ငါတို့ဆီကထုတ်လုပ်နေတာဆိုလို့ ဥပမာ ငါတို့ထုတ်လုပ်တဲ့ ပစ္စည်းတွေဆိုလို့ရှိရင် စားသောက်ကုန်ပေါ့။ စားသောက် ကုန်ဆိုတော့ ပြည် တွင်းကလုပ်တဲ့၊ ပြည်တွင်းကထွက်တဲ့ပစ္စည်းက တစ်ခုမှမပါဘူး။ ဂျုံရယ်၊ ဆီရယ်၊ ထုပ်ပိုးတာက ပလတ်စ တစ်ရယ်။ ဒီပါကင်တွေကိုထုတ်လုပ်နေတာက အခု လက်ရှိဆိုရင် တရုတ်ပြည်ကနေပြီးတော့ဝယ်ယူထား တဲ့ဒီစက်တွေနဲ့ တို့ကအလုပ်သမားပဲရှိတာ။ အဲဒီတော့ ဒီပစ္စည်းတွေကို ဟိုတုန်းကဆိုရင်တော့ ပုံမှန် ဂျုံဝယ်မယ်။ ကုမ္ပဏီ ကိုတစ်ချက်ဖုန်းဆက်လိုက်ရင် ပို့ချင်တဲ့ ကုမ္ပဏီကအများကြီး။ ပါကင်ထုပ်ဖို့အတွက် ပလတ်စ တစ်ထုတ်ပေးတဲ့ စက်ရုံတွေ ဗမာပြည်မှာအများကြီး။ ကိုယ့်ကိုမားကတ်တင်းက တစ်ယောက်ပြီးတစ် ယောက် လာပြီးတော့ဆင်းနေရတာ။ ကိုယ်တွေက စိတ်တိုင်းကျ အရည်အသွေးအဆင်ပြေမယ့်လုပ်ငန်း ရှင်နဲ့ဆက်သွယ်ပြီးတော့ အလုပ်လုပ်ကြရတာ။ ဥပမာ ဆီ၊ စက်မှုကုန်ကြမ်းသုံးတဲ့ဆီ၊ Snack လုပ်တဲ့ဆီတွေ။ ဒီဆီတွေဆိုရင်လည်း ဆီရောင်းတဲ့ကုမ္ပဏီတွေရော ဘုရင့် နောင်မှာ အများကြီး။ လာပို့ချင်တဲ့လူတွေက အများကြီး။ တစ်ခါတလေကျတော့ အားနာလို့ တစ် ယောက်နဲ့တစ်ယောက် ခွဲတမ်းနဲ့တောင် ဒီခေါက်ကို သူ့မှာပြီးတော့ ဟိုခေါက်ကို သူ့မှာ။ ဂျုံဆိုလည်းအား နာလို့ ဒုံးပျံမှာလိုက်။ စိန်တန်းမှာလိုက်၊ ဦးကြူမှာလိုက်။ အဲဒီလို ပတ်လည်လုပ်နေရတာ။ ကုန်ကြမ်းပြဿနာ ဘာမှမရှိဘူး။ ကိုယ့်လုပ်ငန်းအောင်မြင်ဖို့ အတွက်ကို ကိုယ်ကတီထွင်ပြီးတော့ နိုင်ငံခြားက တရုတ်ပြည်ကလာတဲ့စားသောက်ကုန်တို့၊ ယိုးဒယားဘက်က လာတဲ့ စားသောက်ကုန်တွေကိုအစားထိုးနိုင်ဖို့အတွက် ထုတ်လုပ်နေရတာ။ တဖြည်းဖြည်းနဲ့ ကိုယ့်ရဲ့ အရည်အသွေး။ FDA နဲ့ လည်းညီညွတ်အောင်ပေါ့နော်။ တဖြည်းဖြည်းနဲ့ပြုပြင်ပြီးတော့ တစ်ဆင့်ချင်း တက်အောင်ကြိုးစားနေရတာ။ အဲဒီတော့ ကြိုးစားနေရင်းနဲ့ ဒီနိုင်ငံရေးအခြေအနေကြောင့်ပေါ့နော်။ ပိတ်ဆို့မှုတွေရောပေါ့။ မသမာတဲ့ စီးပွားရေးသမားတွေရဲ့ ငွေကြေးကစားမှုတွေကြောင့် လုပ်ငန်းရှင်တွေမှာအများကြီးထိခိုက်သွားတယ်။ ကုန်ကြမ်းလည်း ဝယ်လို့မရသလို ရောင်းတဲ့ဈေးကွက်တွေကလည်း တဖြည်း ဖြည်းနဲ့ ပျက်ပျက်လာတယ်။ အဲဒီလိုပျက်လာတဲ့အတွက် ကြံဖန်ပြီးတော့ ငွေကြေးဈေးကွက်က ဒီနေ့တစ် မျိုးပြောင်းလိုက်၊ လုပ်လိုက်၊ လုပ်နေရင်းနဲ့ လကုန် လောက်စာရင်းချုပ်လိုက် ရှုံးသွား လိုက်။ ဈေးကွက်တွေ မတည်ငြိမ်၊ ငွေကြေးဈေးကွက်တွေမတည်ငြိမ်၊ ကုန်ဈေးနှုန်းတွေမတည်ငြိမ်၊ မတည်ငြိမ်တဲ့ အတွက် ဒီ(၃)နှစ်လောက်က ပြုတ်သွားတဲ့လုပ်ငန်းရှင်တွေ အများကြီး။ မခံနိုင်တော့ဘူးလေ။ တံဆိပ်တစ်ခုပြောင်းပြီဆို လို့ရှိရင် အဲဒီတံဆိပ်လုပ်တဲ့ကြေးတုံးတစ်တုံး ကတင် သိန်း(၁၀ဝ)ကျော်ဝန်းကျင်လောက်ကုန်တာ။ အခုမကိုက်ပြန်ဘူး ဒေါ်လာဈေးတက်သွားပြန်ပြီ။ ရိုက်ထားတဲ့ပလတ်စတစ်တွေက ပုံထား။ အဲဒီမှာကလည်း ပိုက်ဆံတွေက သေသွား ပြန်ရော။ နောက်ထပ် တံဆိပ်တစ်ခုထပ်လုပ်။ ဥပမာ ဆိုက်ကလေးနည်း နည်းလျှော့လိုက်၊ တစ်ခါရိုက်။ ရိုက်ပြီးတော့ ကုန်ကြမ်း ကဝယ်လိုက်၊ ရိုက်ပြီးတော့ ဟိုကလည်း ကျလာရော၊ ဒီကတွက်ပြီးတော့ ထုတ်လည်းထုတ်လိုက်ရော လုပ် နေရင်းနဲ့ကိုပဲ တစ်ခါ ဒေါ်လာဈေးကမြင့်သွားလို့ရှုံးပြန်ရော။ ရှုံးတယ်ဆိုတာ လုပ်ငန်းလည်ပတ်နေတဲ့လူတွေ ဆိုတော့ ဥပမာ ပလတ်စတစ်ပဲဖြစ်ဖြစ်၊ ဂျုံပဲဖြစ်ဖြစ်၊ သကြားပဲဖြစ်ဖြစ်၊ တခြားအသုံးအဆောင်ပစ္စည်းတွေက လုပ်ငန်းရှင် တွေဆီက တစ်လတစ်ခါမှငွေလာသိမ်းတာ။ ချပေးထားတာ။ လုပ်ငန်းရှင်တွေကလည်း ကိုယ့်ရဲ့နယ်ပေါင်းစုံမှာ ပစ္စည်း တွေဖြန့်ဝေတဲ့အခါမှာလည်း ဘယ်ရက်၊ ဘယ်ရက်ကျမှ ငွေသိမ်းရတယ်ဆိုတာ အလှည့်ကျသွားတာကိုး။ အဲဒီလိုလည် ပတ်ကြရတာ။ အဲဒီတော့ ဒီမှာထုတ်လုပ်တယ်။ ဈေးကွက်က (၂)ရက်၊ (၃)ရက်တက်သွားပြန်ပြီ။ (၄)၊ (၅)ရက် တက် သွားပြန်ပြီ။ လကုန်ပြီးတော့မှ အဲဒီကုမ္ပဏီတွေကို ပိုက်ဆံရှင်းလိုက်တဲ့အခါကျတော့ အဲဒီနေ့ပေါက် ဈေးဖြစ်တဲ့ အခါကျတော့ ငါတို့လုပ်ထားတဲ့ ဒီတစ်လလုံးလုပ်ထားတဲ့ဟာတွေက သိန်းရာနဲ့ထောင် နဲ့ချီပြီးတော့ရှုံးသွားပြန်ရော။ အဲဒီလိုနဲ့ (၃)၊ (၄) နှစ် ကိုဖြတ်သန်းလာရင်းနဲ့ကိုပဲ SME လုပ်ငန်းတော် တော်များများက ရပ်ဆိုင်းသွားပြီ။ မလိုက်နိုင်တော့ ဘူးလေ။ ဒေါ်လာဈေးတွေ (၇၀)လောက်အထိဖြစ် သွားတယ် ။ ပထမတုန်းက (၂၀)၊ (၂၀) ကနေ(၂၅)၊ (၂၅)ကနေ (၃၀)၊ (၃၀)ကနေတော့ ဒါတောင် ရွှေဈေးကိုမပြောဘူး။ ငါတို့ချေရတဲ့ပိုက်ဆံတွေသည် နိုင် ငံခြားပစ္စည်းကိုအဓိကထားပြီးတော့ ဝယ်ရတာဖြစ်တဲ့ အတွက် ငါတို့ချေရတဲ့ပလတ်စတစ်တွေဆိုရင် အများ ဆုံးသုံးရတာ Packaging တွေပေါ့နော်။ ဒါတွေက ဒေါ်လာနဲ့ချေရတယ်။ (၁၅)ကျပ်ကနေပြီးတော့ (၁၄၊ ၁၅) ရက်အတောအတွင်းမှာ (၃၀) ဖြစ်သွားရင်လည်း ဂျွမ်းပြန်ရော။ (၃၅)ကနေပြီးတော့ တစ်ခါ (၄၀) ဖြစ် သွားလိုက်၊ (၄၀) ကနေတော့ (၅၀)ဖြစ်သွားလိုက်၊ (၆၀)ဖြစ်သွားလိုက်၊ (၇၀) ဖြစ်သွားလိုက် အမျိုးမျိုး ဖြစ်နေတာပေါ့။ ဖြစ်လိုက်တိုင်း ငါတို့လကုန်ရက်မှာ ကြုံတဲ့ဒေါ်လာရဲ့တန်ဖိုးကို မြန်မာငွေနဲ့ တွက်ပြီးတော့ ပေးရတာ။ ဒီနေ့(၇၀)ပေါက်တယ်ဆိုရင် (၇၀)နဲ့ပေး လိုက်ရတယ်။ ပေးလိုက်ရတဲ့အခါကျတော့ အကုန် လုံးက ဘဝပျက်တာပေါ့။ တော်တန်ရုံတောင့်ခံနိုင်ပြီးတော့ တော်တန်ရုံစဉ်းစားပြီးတော့ ကိုယ့်လုပ်ငန်းကို ရပ်တည် နိုင်အောင် ကိုယ့်ရဲ့အလုပ်သမားတွေ အလုပ်လက်မဲ့မဖြစ်ဖို့အတွက် ကိုယ့်လုပ်ငန်းမပြုတ်ရေး အတွက် ဟိုဟာ ရောင်းလိုက်၊ ဟိုခြံရောင်းလိုက်၊ ဒီခြံ ရောင်းလိုက်ရင်းနဲ့ ပြန်ပြန်ပြီးတော့အစားထိုးထည့်ရတာ။ ပြောမယ်ဆိုရင် ဒီ(၃)နှစ်အတောအတွင်း လောက်မှာဆို သောင်းနဲ့ချီတာပေါ့။ ခြံတွေလည်း (၃)၊ (၄)ခြံလောက်ပြုတ်သွားပြီ။ အကြွေးမဆပ်နိုင်ဘူး လေ။ ဟိုတုန်းက ငွေကျန်ပေးတယ် ကုမ္ပဏီတွေက။ ဒီတစ်လလုံးသုံးထားတာက ဥပမာ ဒေါ်လာ (၃) သိန်း ကျတယ်ဆိုရင် (၂)သိန်းလောက်ပေးလို့ရတယ်။ (၁) သိန်းလောက်ကို ထားပေးထားသေးတယ်။ သူတို့ငွေ ခံထားပေးတာပေါ့။ အခံထားပေးတယ်။ တချို့လူတွေ ကျတော့လည်း (၅)သောင်းလောက်ထားပေးတယ်။ တချို့လူတွေ ကျတော့လည်း (၁) သိန်းလောက်ထား ပေးတယ်။ အမျိုးမျိုးပေါ့။ ဒါပေမဲ့ အဲဒီအချိန်လည်း ကျရော တစ်ယောက်မှ မထားတော့ဘူး။ ဟိုဘက်ကရ မယ့်ငွေကျတော့လည်း ဘဏ်က (၅)သိန်းထက် ပိုထုတ်လို့မရဘူးဆိုတဲ့အခါကျတော့။ နောက်ပြီးတော့ ပထမက ဒီလုပ်ငန်းတွေမှာသုံးနေတဲ့ ဒီဘဏ်စနစ်ကလည်း အားလုံးကရပ်သွားပြီး နောက်ထပ် အကောင့် အသစ်ဖွင့်ရတာလေ။ ပထမတုန်းက သူတို့လွှဲထားတဲ့ ငွေတွေရော ဟိုဘက်လုပ်ငန်းတွေကိုပေးဖို့ဆိုပြီး တော့မှ လမကုန်သေးလို့ စောင့်နေရတဲ့ပေးမယ့်ငွေ တွေကအစ ပေးလို့မရတော့ဘဲနဲ့ ကိုယ့်လုပ်ငန်းလည် ပတ်ဖို့အတွက်ကို ကိုယ်ဝယ်ထားတဲ့လူတွေကိုပြန်ဆပ် ဖို့အတွက် အိမ်တွေ၊ ခြံတွေ ရောင်းပြီးတော့မှဆပ်ခဲ့ ရတာ။ အဲဒီလို မရှိတဲ့ လူတွေကတော့ပြုတ်။ မပြုတ်ရင် ရပ်ထား။ တချို့လူကျ နည်းနည်းလေးပဲမှေးလုပ်။ အဲဒီလိုဖြတ်သန်းခဲ့ရတာ။ အခုဖြတ်သန်းခဲ့ပြီးတော့ အခု ဒီဘက်ရောက်လာပြီ။ နစကလက်ထက်မှာတော့ နိုင်ငံရေးအခြေအနေကြောင့်လည်းပဲ သူတို့အကျပ်အ တည်းကြားထဲမှာ၊ တိုက်ပွဲတွေကြားထဲမှာ၊ လုံခြုံရေး ကြားထဲမှာ သူတို့ အမျိုးမျိုးတော့စီစဉ်တာပေါ့။ စီစဉ် နေတဲ့အခါကျတော့ ပုံမှန် ဘာမှမဖြစ်တဲ့အချိန်နဲ့တော့ မတူဘူးဆိုတာတော့ လက်ခံရမယ်လေ။ လက်ခံရမယ် ဖြစ်တဲ့အတွက် ဒါလက်ခံတယ်။ အဲဒီတော့ ဟိုတုန်းကလို ပစ္စည်းဝယ်လို့မရတော့ဘူး။ အခု (၂၀၂၄)၊ (၂၀၂၅) ဝန်းကျင် ပေါ့။ ဆီတွေဘာတွေဆိုရင်လည်း ကန့်သတ် ပစ္စည်းလို့သတ်မှတ်လိုက်တဲ့အခါကျတော့ SME နဲ့ ပတ်သက်ရင်လည်း အဲဒီလို စားသုံးသူရေးရာဘက် ကပဲ ဆီပေးတာဖြစ်တာပေါ့။
ဥပမာ ကိုယ်တွေဆိုရင် တစ်နေ့ကို (၄) ပီပါလောက်အနည်းဆုံးကုန်တယ်။ ကိုယ့်ထက်ကြီးတဲ့ လုပ်ငန်း သမားတွေဆိုရင် တစ်နေ့ကို (၁၀)ပီပါတို့၊ (၁၅) ပီပါတို့၊ ပီပါ(၂၀)တို့။ အဲဒီလိုကုန်တဲ့လုပ်ငန်း တွေ အများကြီးရှိတယ်။ အဲဒီတော့စားသုံးသူရေးရာ ကနေပြီးတော့ပေးတဲ့အခါကျတော့ တစ်နေ့ကို (၄) လုံးသုံးတယ် ။ (၄) လုံးသုံးတယ်ဆိုရင် တစ်လဆိုရင် (၁၂၀)။ မီးပျက်တာနဲ့ ဘာနဲ့ညာနဲ့ဆိုတော့ (၁၁၀) လောက်ဖြစ်ရင်ဖြစ်သွားမှာပေါ့။ ဒါပေမဲ့ စားသုံးသူရေး ရာက အဲဒီလက်ထက်တုန်းက အပြင်မှာဝယ်မရတဲ့အတွက် ကိုင်တဲ့အခါကျတော့ ငါ (၁၂၀)လောက်တင် လိုက်ရင်လည်း (၁၀ဝ)လောက်တော့ရတယ်။ တကယ်လို့များ ကိုယ်အရေးကြီးလို့လိုရင် အနည်းအပါးပဲ ဝယ်ယူရတယ်။ ဒီလောက်လည်း ဈေးမကြီးဘူး။ အခု နောက်ပိုင်း ဒီဘက်ကိုရောက်လာတဲ့အခါကျတော့ စားသုံးသူရေးရာပေးနေတုန်းမှာပဲ တိုင်းဒေသကြီး အစိုးရပြန်ကိုင်ပြန်ရော။ ကိုင်တဲ့အခါကျတော့ ပိုခက်ခဲ သွားတယ်။ (၁၂)လုံးပေးလိုက်၊ (၁၀)လုံးပေးလိုက်၊ တစ်ခါ တလေကျ တစ်လလုံးမှာ(၁၅)လုံးရတယ်၊ အလုံး(၂၀)ရတယ်။ အဲဒီတော့ ကျန်တဲ့ဟာတွေကျတော့ တင်ဆိုတော့ လည်းတင်ရတာပဲ။ တင်ပေမယ့်လည်း မရတဲ့အခါကျတော့ မရတဲ့အပြင်ကိုမှ ပထမပုံမှန်ပေး တာဆိုရင် ကြည့်မြင် တိုင်မှာသွားထုတ်ရတယ်၊ သာကေတကသွားထုတ်ရတယ်၊ သီလဝါသွားထုတ်ရတယ်။ သွားထုတ်တဲ့အခါမှာ ဒီသီလ ဝါသွားထုတ်တာကို (၁၂) ပီပါ (၁၂)လုံးချတယ်ဆို အဲဒီ(၁၂)လုံးနဲ့ အဲဒီကားကြီးတစ်စီးလုံးက သီလဝါ အထိသွားစောင့်ရ တာ။ အဲဒါကလေ မနက်အစောကြီးကတည်းက တန်းစီလို့ရအောင်ထသွားရတယ်။ ညကို (၁) နာရီ၊ (၂) နာရီမှပြန် ရောက်တယ်။ အဲဒီကိုသွားထုတ်ရတယ်ဆိုရင် သူထုတ်ရတဲ့ခွဲတမ်းကိုတော့ ကားတစ်စီးစာ လောက်တော့ပေးပေါ့။ ကိုယ်ကတင်ရတဲ့ဆီပီပါက ကိုယ့်မှာရှိတဲ့ ဒီ Box ကားကိုဆီထည့်ရတာအနည်းဆုံး အလုံး (၃၀)လောက်ဆံ့တယ်။ တစ်ခါတလေကျတော့ (၁၀) လုံး၊ (၁၂) လုံးလောက်နဲ့အဲဒီသွားထုတ်ရတာ လည်းရှိတယ်။ ဒါလည်းမဖြစ်စေချင်ဘူးပေါ့။ ပေးမယ် ဆိုရင်လည်းပေးတဲ့ခွဲတမ်းကိုပေးထားလိုက်။ တစ်ပြိုင်တည်း အများကြီးချပေးလို့လည်းမရဘူး။ လုပ်ငန်း တွေမှာလည်း ဆီဂိုဒေါင်ရှိတာမဟုတ်ဘူးလေ။ သူ (၁၀ဝ)ကုန်လို့ အဲဒီ(၁၀ဝ)လုံးလာထုတ်ပါဆိုရင် မထုတ်နိုင်ဘူး။ ဟိုတုန်းက (၃၀)လောက်ရတော့ (၃၀)လောက်ကိုပဲ အခွံကဆောင်ထားတာ။ မီးရေး ထင်းရေးက လည်းကြောက် ရသေးတယ်လေ။ အဲဒီလို လည်းဖြစ်စေချင်တာ။ အခုလက်ရှိ ဒီနေ့အထိဆိုရင် ဒါဒီလထဲမှာဆိုရင် သူတို့(၁၂)လုံးတစ်ခါ၊ (၁၅)လုံး တစ်ခါပေးတယ်။ တစ်လလုံးခြုံမယ်ဆိုရင် ဘယ်လောက်ရမလဲတော့ လကုန်ပြီးမှပဲသိမှာ။ သေချာတာ ကတော့ ထက်ဝက်ကျော်ဝယ်ရတယ် အပြင်က။ ဝယ် ရတဲ့တန်ဖိုးက အနည်းဆုံး (၂)သောင်းလောက်ပေးရတယ် တစ်ပိဿာကို။ အစိုးရကထုတ်ပေးတာက (၈,ဝဝဝ)ပဲရှိတယ်။ (၈,ဝဝဝ)စွန်းစွန်းပေါ့။ အဲဒီတော့ ဒါတွေက ကြိုက်သလောက် ဝယ်လို့ရ တယ်။ ဒါတွေ ပြောလို့ အဲဒီလိုတွေပိတ်ရင်လည်း လုပ်ငန်းရှင်တွေထိ ဦးမယ်။ ဝယ်လို့မရတော့ဘူးဆိုရင် လုပ်ငန်းတွေက သူတို့ပေးတဲ့ဆီကုန်သွားရင် ရပ်ရတော့မှာ။ မြတ်ဖို့အတွက်ကိုမစဉ်းစားဘူး ကိုယ့်လုပ်ငန်းမရပ်ဖို့၊ လုပ်ငန်း လည်ပတ်ဖို့ အတွက် ရှုံးရင်ရှုံးပါစေ။ တကယ့်ပုံမှန်က ပေးလို့ရတယ်လေ။ ပေးလို့ရတဲ့ဟာကိုသွင်းပေးလေ။ အပြင်မှာကျတော့ ရတယ်။ အဲဒီအပြင်မှာရတဲ့အပြင်ကို ကန့်သတ်ပစ္စည်းလို့ကြေညာထားတဲ့အခါကျတော့ မာဖီးယားဂိုဏ်းတွေ ပစ္စည်းအလဲ အလှယ်လုပ်သလို လုပ်နေရတယ်။ အဲဒါကလည်းပြောလို့မကောင်းဘူး။ မြို့ပေါ်မှာဖြစ်နေတာ။ မှောင်ရိပ်ထဲမှာ လည်းမဟုတ်ဘူး။ တောထဲတောင်ထဲမှာလည်းမဟုတ်ဘူး။ ဘာလို့ အဲဒီလူတွေကျတော့ ဘာလို့ပေးလို့ရတာလဲ။ အဲဒီ တော့နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ချင်ရင် ဒီ SME လုပ်ငန်းတွေကိုမြှင့်တင်ချင်တယ်ဆိုရင် နိုင်ငံခြားမှာ ထွက် အလုပ်လုပ် တဲ့လူတွေကို ကိုယ့်နိုင်ငံသားတွေကိုစောင့် ရှောက်ချင်တယ်ဆိုရင် ကိုယ့်ဆီက SME လုပ်ငန်း အောင်မြင်ဖို့အတွက်ကို SME လုပ်ငန်းတွေနဲ့ ပတ်သက်တဲ့ပစ္စည်းတွေကိုလွှတ်ပေးလိုက်ပါ။ ပါမစ်ဆိုတာ မထားနဲ့။ အရင်တုန်းက ဘာပါမစ် မှမရှိဘူး။ သူ့ဟာသူ ပဲသွင်းနေပြီးတော့ပြောချင်တာက အစိုးရဘယ် လောက်ပိတ်ပိတ်။ သွင်းလာတဲ့လူက သွင်းနေတာပဲ။ အဲဒီတော့ ပါမစ်မရှိတဲ့လူက ပါမစ်ရှိတဲ့လူက ပါမစ်ကို ဈေးကြီးကြီးနဲ့ သက်ဆိုင်ရာလူတွေကို ပိုက်ဆံပေးပြီးတော့ ပါမစ်ဈေးကြီးကြီးနဲ့သူတို့မရရအောင် ပါမစ်ယူ လာတော့။ သူ့ရဲ့စရိတ်တွေ သူ့ရဲ့မြင့်တဲ့အပေါ်မှာ သူကတင်ရောင်း တဲ့အတွက် မှောင်ခိုသယ်လာတဲ့ လူကလည်း တရားမဝင်သယ်လာတဲ့လူကလည်း သူ့ ဈေးတန်းနဲ့လိုက် ရောင်းတဲ့ အခါကျတော့ နောက်ဆုံး SME လုပ်ငန်းတွေလည်းမဖွံ့ဖြိုးနိုင်တော့ဘူး။ နိုင်ငံခြားသွင်းကုန်ကိုအစားထိုးပြီးတော့ ကာကွယ်ရမယ့် လူက နိုင်ငံခြားမုန့်တန်ဖိုးလောက်ဈေးဖြစ်လာရင် ပြည်တွင်းပစ္စည်းကိုယူတော့မလား။ နိုင်ငံခြားက ထုတ်တဲ့ပစ္စည်းကိုပဲဝယ်တော့မှာပေါ့။ အဲဒီတော့ SME တွေကိုသတ်တာနဲ့အတူတူပဲ။ SME လုပ်ငန်းတွေက ကြာရင် ပြုတ်မှာ။ ပြုတ်အောင်ပဲလုပ်နေသလား တောင်စဉ်းစားရတယ်။ အဲဒီတော့အရင်လိုပဲ ကြိုက်တဲ့ကောင်သွင်းလာပါစေ။ အစိုးရအခွန်ကောက်။ အခွန်ကောက်ရင် နိုင်ငံတော်အတွက်လည်းပိုက်ဆံရ တယ်။ အဲဒါဆိုရင် ဘယ်သူမှ မှောင်ခို လည်းမသွင်း တော့ဘူး။ ဘယ်နယ်စပ်ဖြစ်ဖြစ်၊ ဘယ်ဝင်ပေါက်ပဲဖြစ်ဖြစ် ကြိုက်တဲ့ကောင် မင်းဘာသာမင်း ကြိုက် တဲ့ပိုက် ဆံနဲ့သယ်လာခဲ့။ သယ်လာခဲ့ပြီးသွားရင် အစိုးရက ကိုယ့်တိုင်းပြည်ထဲဝင်တာနဲ့ ပိုက်ဆံကောက်ရင် ဘယ် ဂိတ်မှာမှ ပိုက်ဆံပေးစရာမလိုတော့ဘူး။ နိုင်ငံတော် ကိုဝင်သွားမှာ။ အဲဒီလိုပြိုင်ဆိုင်မှုနဲ့ သူ့ဟာသူသွင်းလာ ရင် ကုန်ဈေးနှုန်းကလည်းပြုတ်ကျသွားမှာ။ အဲဒီတော့ နိုင်ငံခြားသွင်းကုန်ကိုကာကွယ်ဖို့အတွက်ကို ဒီက SME လုပ်ငန်း တွေကလုပ်ရတာ။ ကိုယ့်တိုင်းပြည်က ရှိတဲ့ လူတွေအလုပ်အကိုင်ရအောင်လုပ်ရတာ။ အဲဒီတော့ ကိုယ့်ဆီ ကစားသုံး သူတွေက တို့ဆီကပစ္စည်းနဲ့ သူ့ဆီကပစ္စည်းနဲ့ တန်ဖိုးကမထူးခြားနားတော့ဘူးဆို ရင်သူတို့ပစ္စည်းပဲယူတော့မှာ။ ငါတို့လုပ်ငန်းတွေပြုတ် တော့မှာ။
မေး- အန်ကယ်အခုလိုမျိုးသွင်းကုန်တွေရော၊ ဆီ တွေရောခက်ခဲနေတာပေါ့နော်။ အခုဆိုရင် လျှပ်စစ်မီး လည်း အန်ကယ်တို့လုပ်ငန်း တွေကို ထိမယ်ထင် တယ်နော်။ လျှပ်စစ်မီးရော အခု ဘယ်လိုအခြေအနေ ရှိလဲ။ မီတာခ ဈေးနှုန်းတွေ ဘာတွေ။
ဖြေ - လျှပ်စစ်မီးကတော့ သူတို့ (၉၀ဝ)ဆိုပြီးတော့ သတ်မှတ်တာပေါ့။ ဒါပေမဲ့ အဲဒီတုန်းကတော့ မီးမ ပျက်ဘူးလို့ ပြောတာပဲ။ သူတို့ LNG နဲ့လည်မယ်ဘာ ညာဆိုပြီးတော့ လက်မှတ်ထိုးရတာပဲ။ ဒါပေမဲ့လည်း ဒီကိစ္စက သူတို့ အများကြီးမလုပ်နိုင်သေးဘူးထင်ပါတယ်။ အခက်အခဲတွေ အများကြီးရှိမှာပေါ့။ ဆိုတော့ အခုကတော့ မီးပျက် တာပေါ့။ ဒါပေမဲ့ ကိုယ့်ရဲ့လုပ်ငန်းလေး အရှိန်မပျက်သွားဖို့အတွက်ကိုပဲ အခုကမီးစက်နဲ့ ဒီဇယ်ဝယ်ပြီးတော့မောင်းရတာ။ ဒီဇယ်ကလည်း ရတာမဟုတ်ဘူးလေ။ ဒီဇယ်ရတာမဟုတ်တဲ့အခါကျ တော့ အပြင်ပေါက်ဈေးနဲ့ဝယ်ရတယ်။ အခုတော့ ဆိုလာတပ်ဖို့၊ နေရောင်ခြည်အားကိုးပြီးတပ်နိုင်ဖို့ အခုပြင်ဆင်နေတာပေါ့။ လျှပ်စစ်မီးလည်းမတတ်နိုင်ဘူး။ ဘာဖြစ်လို့ လဲဆိုတော့ ကုန်ပစ္စည်းတွေက ဈေးနှုန်းကြီးတာတစ်မျိုး၊ လျှပ်စစ်ဈေးနှုန်းကြီးတာတစ်မျိုး၊ နောက်တစ်ခါ မီးအခက်အခဲကြောင့်၊ ဒီဇယ်ဖိုးတွေရဲ့ တန်ဖိုးကြောင့် လုပ်ငန်းလုပ်နေတယ်ဆိုတဲ့ပုံစံလောက် ပဲရှိတော့တယ်။ ဒါကြောင့် အစိုးရအနေနဲ့လည်း SME လုပ်ငန်းတွေကို ကယ်တင်ပေးစေချင်တယ်။ အဲဒီလိုလုပ်ရင် ငါတို့တိုင်းပြည်ထဲမှာ SME လုပ်ငန်း တွေ နိုင်ငံခြားသွင်းကုန်တွေ အများကြီး အစားထိုးနိုင် သွားမယ်။
နိုင်ငံခြားမှာအလုပ်လုပ်နေတဲ့ ငါတို့နိုင်ငံ သားတွေကိုလည်း သူတို့ကျွမ်းကျင်တဲ့၊ သူတို့တတ် သိတဲ့ပညာတွေနဲ့ ငါတို့ဈေးကွက်ထဲမှာ ငါတို့ဖြန့်ဖြူး နိုင်ရင် ငါတို့လူမျိုးတွေ အများကြီးအဆင်ပြေသွားမှာပေါ့။ သူများနိုင်ငံသွားပြီးတော့ အနှိမ်ခံစရာမလိုဘူးလေ။ ဒီတရုတ်ပြည်တို့၊ ထိုင်းနိုင်ငံမှာဆို အများဆုံး ပါပဲ။ စားသောက်ကုန်စက်ရုံ၊ အိမ်ဆောက် ပစ္စည်းစက်ရုံ ရောလုပ်ငန်းတွေမှာ ငါတို့လူမျိုးတွေချည်းပဲ။ အဲဒီထိုင်းနိုင်ငံရဲ့ထုတ်ကုန်အများဆုံးကလည်း မြန်မာ ပြည်ကိုပဲ အဓိကသွင်းတာ။ ကျန်တဲ့ထိုင်းနိုင်ငံရဲ့ (၈၀)ရာခိုင်နှုန်းသည် မြန်မာပြည်ကိုသွင်းတာ။ အဲဒီ တော့ အဲဒီသွင်းတဲ့ ပစ္စည်းတွေကိုလုပ်နေတာက မြန်မာတွေ။ အဲဒီတော့ သူတို့ ငါတို့တိုင်းပြည်ကိုပို့မယ့် ပစ္စည်းကို ငါတို့ ဒီမှာလုပ်ရင် မသက်သာဘူးလား။ အဲဒီကကျွမ်းကျင်တဲ့လူတွေ အဲဒီမှာပေးတဲ့ဈေးနှုန်း ခေါ်ပြီးတော့ ငါတို့ဆီမှာလုပ်မှာပေါ့။ Transport Charges တွေ အများကြီးသက်သာတာပေါ့။ ကိုယ့် နိုင်ငံကလူငယ်တွေလည်း မိသားစုနဲ့ အိုးမကွာ၊ အိမ်မ ကွာ စုတွေအတူနေနိုင်တာပေါ့ ။ ကိုယ့်နိုင်ငံရဲ့လုံခြုံရေး အောက်၊ ဥပဒေအောက်မှာနေတော့သူတို့ဘဝတွေအတွက်ပိုလည်း လုံခြုံတယ်။ ဟိုမှာကျတော့အကြောင်း အမျိုးမျိုးနဲ့ပြဿနာတွေအများကြီးရှိနေတာလည်း လိုင်းပေါ်မှာတွေ့နေရတယ်လေ။
(ရှေ့တစ်ပတ်ဆက်ရန်)

