ဘန်ကောက် နိုဝင်ဘာ ၂၄
ထိုင်းနိုင်ငံ၌ စက်တင်ဘာလနှောင်းပိုင်းမှ အောက်တိုဘာလလယ်အထိ ရေကြီးရေလျှံမှုများကြောင့် ကားအစိတ်အပိုင်းပေးသွင်းမှု ပြတ်တောက်ပြီး စက်ရုံအချို့ ယာယီရပ်နားခဲ့ရသဖြင့် အောက်တိုဘာလအတွင်း ကားထုတ်လုပ်မှု သိသိသာသာကျဆင်းခဲ့ကြောင်း ထိုင်းစက်မှုလုပ်ငန်းရှင်များအသင်း (FTI) က နိုဝင်ဘာ ၂၄ ရက်တွင် ထုတ်ပြန်သည်။
အောက်တိုဘာလတွင် ကားအစီးရေ ၈၇၉၃၈ စီးသာ ထုတ်လုပ်နိုင်ခဲ့ပြီး ယမန်နှစ် အလားတူကာလထက် ၃၅ ဒသမ ၁၉ ရာခိုင်နှုန်းကျဆင်းခဲ့သည်။ ရေကြီးမှုကြောင့် အလုပ်သမားအချို့ လုပ်ငန်းခွင်သို့ မလာရောက်နိုင်ခဲ့သော်လည်း အောက်တိုဘာလလယ်မှစ၍ တပ်ဆင်ထုတ်လုပ်ရေး လိုင်းအားလုံး ပုံမှန်ပြန်လည် လည်ပတ်နိုင်ခဲ့သည်။
ယခုနှစ် ပထမ ၁၀ လအတွင်း စုစုပေါင်း ကားထုတ်လုပ်မှုမှာ ယမန်နှစ်ကာလတူထက် ၃ ဒသမ ၅၉ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။ တစ်ဖက်တွင် ပြည်တွင်းကားရောင်းအားမှာ ၈ ဒသမ ၇၁ ရာခိုင်နှုန်း မြင့်တက်ပြီး ၅၁၁၂၇ စီး ရောင်းချခဲ့ရာ ခရီးသည်တင်လျှပ်စစ်ကားရောင်းအား ၉၄ ဒသမ ၄၆ ရာခိုင်နှုန်း မြင့်တက်လာသည်။ လျှပ်စစ်ကားရောင်းအား မြင့်တက်လာခြင်းမှာ အခွန်နှုန်း ၁၀ ရာခိုင်နှုန်းသာ ကောက်ခံနေသည့် တင်သွင်းလျှပ်စစ်ကားများကြောင့်လည်းဖြစ်ကြောင်း FTI က ပြောကြားသည်။
ထို့အပြင် အောက်တိုဘာလအတွင်း ထိုင်းနိုင်ငံ၏ မော်တော်ယာဉ်တင်ပို့မှုမှာလည်း ယမန်နှစ်ထက် ၃၄ ဒသမ ၃၈ ရာခိုင်နှုန်းကျဆင်းပြီး ၅၄၅၀၃ စီးသာ ရှိခဲ့သည်။
ဆင်ဟွာ