ကိုလံဘို နိုဝင်ဘာ ၂၄
သီရိလင်္ကာနိုင်ငံသည် နိုင်ငံခြားရောက်အလုပ်သမားများ မိသားစုထံပြန်လည်ပေးပို့သည့် ငွေကြေးများကို တစ်စုတစ်စည်းတည်း မှတ်တမ်းတင်နိုင်မည့် စနစ်တစ်ခုဖော်ဆောင်လျက်ရှိကြောင်း နိုင်ငံခြားရေးနှင့် နိုင်ငံခြားအလုပ် အကိုင်ဆိုင်ရာ ဒုတိယဝန်ကြီး အာရွန်ဟီမာချန်ဒရာက နိုဝင်ဘာ ၂၄ ရက်တွင် ပြောကြားသည်။ လက်ရှိတွင် ငွေလွှဲသည့် လမ်းကြောင်းအမျိုးမျိုးရှိသဖြင့် တရားဝင်မှတ်တမ်းတစ်ခုတည်းတွင် မပြည့်စုံခြင်းများရှိကာ အစိုးရ၏ အကျိုး ခံစားခွင့်များ လျှောက်ထားရာ၌ အခက်အခဲဖြစ်ရကြောင်း အလုပ်သမားများက တင်ပြခဲ့ကြသည်။
အဆိုပါစနစ်သည် နိုင်ငံခြားရောက် အလုပ်သမားများအနေဖြင့် အစိုးရ၏ အိမ်ရာချေးငွေအစီအစဉ်ကဲ့သို့သော အထောက်အပံ့များ ရရှိနိုင်ရေးအတွက်လည်း အထောက်အကူပြုမည်ဖြစ်သည်။ သီရိလင်္ကာနိုင်ငံခြားအလုပ်အကိုင် ဗျူရိုနှင့် ပူးပေါင်းကာ အတိုးနှုန်းတစ်စိတ်တစ်ပိုင်းကို အစိုးရက ထောက်ပံ့ပေးသည့် အိမ်ရာချေးငွေအစီအစဉ်ကို စတင်မိတ်ဆက်ထားပြီး ၂၀၂၇ ခုနှစ် ဘတ်ဂျက်တွင်လည်း ယင်းအစီအစဉ်အတွက် ရန်ပုံငွေခွဲဝေထားကြောင်း ဝန်ကြီးက ပြောသည်။ ထို့အပြင် ၂၀၂၆ ခုနှစ်အကုန်တွင် နိုင်ငံခြားရောက်အလုပ်သမားများ၏ ငွေလွှဲပို့မှုသည် အမေရိကန်ဒေါ်လာ ၉ ဒသမ ၂ ဘီလီယံကျော် ရှိလာနိုင်ကြောင်း ခန့်မှန်းထားသည်။ နိုင်ငံခြားရောက် သီရိလင်္ကာနိုင်ငံသားများအတွက် ဒီဂျစ်တယ်ဝန်ဆောင်မှုများကိုလည်း တိုးချဲ့ဆောင်ရွက်နေပြီး နိုင်ငံတစ်ဝန်းရှိ ခရိုင် ၂၅ ခုလုံးတွင် ကောင်စစ်ဝန်ဆိုင်ရာ ဝန်ဆောင်မှုများ ပေးအပ်နိုင်ရန် ရှိပြီးသား အစိုးရရုံးများကို အသုံးပြုသွားမည်ဖြစ်သည်။
ဆင်ဟွာ