CarsDB

ခင်ပွန်းဖြစ်သူ ဖောက်ပြန်နေသည်ဟုထင်သဖြင့် ခင်ပွန်း၏ ကုန်ကားနောက် ဇနီးက တွဲလောင်းဆွဲလျက် လိုက်ပါသွားသည့်ဖြစ်ပုံ

တရုတ်ပြည်တွင် အမျိုးသမီးတစ်ဦးသည် ခင်ပွန်းဖြစ်သူ အိမ်ထောင်ရေးဖောက်ပြန်နေသည်ဟု သံသယဝင်နေသည်။

သို့အတွက် ခင်ပွန်းကို နောက်ယောင်ခံရန် ၎င်းမောင်းသော ထရပ်ကားနောက်ပိုင်းတွင် တွဲလောင်းဆွဲလျက် လိုက်ပါခဲ့သည်ဟုဆိုသည်။

ယာဉ်ထိန်းရဲအရာရှိတစ်ဦးသည် တရုတ်ပြည် အနောက်မြောက်ပိုင်း စင်ကျန်းပြည်နယ်၊ ဘာချူးခရိုင်တွင် တာဝန်ထမ်းဆောင်နေချိန် တခုသော ညနေခင်းတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ထရပ်ကားတစ်စင်း၏ နောက်ဘက်တွင် အမျိုးသမီးတစ်ဦး မည်သည့် အကာအကွယ်ပစ္စည်းမှ မပါဘဲ တွဲလောင်းခို လိုက်ပါလာသည်ကို ရဲအရာရှိက တွေ့ရှိခဲ့သည်။

ထို့ကြောင့် အဆိုပါ ယာဉ်ထိန်းရဲအရာရှိက ကားကို ရပ်တန့် စစ်ဆေးခဲ့ကြောင်း Xinjiang Legal Daily သတင်းစာက ဖော်ပြခဲ့သည်။

ယာဉ်မောင်း၏ မျိုးရိုးအမည်မှာ ယွီ ဖြစ်ကြောင်း သိရသည်။

ထိုအမျိုးသားသည် ၎င်း၏ဇနီး ကားနောက်ဘက်တွင် တွဲလောင်းဖြစ်နေသည်ကို တွေ့ရသည့်အခါ များစွာအံ့အားသင့်သွား ခဲ့သည်။

Soueast S09 2025

2,590 သိန်း

Jetour X70 2020

1,680 သိန်း

Soueast DX3 2020

1,580 သိန်း

Suzuki Carry 2007

556 သိန်း

Toyota Vitz 2006

810 သိန်း

GAC GN8 2020

3,200 သိန်း

Suzuki Ertiga 2017

1,380 သိန်း

Toyota Mark X 2006

1,350 သိန်း

Honda Fit GE6 2009

Call for Price

Toyota Alphard 2008

3,200 သိန်း

(ဇနီးက ခင်ပွန်းအပေါ် သံသယဝင်ကာ ကားနောက်တွင် တွဲလောင်း လိုက်ပါလာခဲ့ပုံ။ ဓာတ်ပုံ - sina.com.cn)

အဆိုပါအမျိုးသမီးက ရဲတပ်ဖွဲ့ထံ ဝန်ခံပြောကြားသည်မှာ ခင်ပွန်းဖြစ်သူ အိမ်ထောင်ရေးဖောက်ပြန်နေသည်ဟု သံသယဝင်နေသည်ဟု ဆိုသည်။

ထို့ကြောင့် ခင်ပွန်းက နေအိမ်မှ ထရပ်ကားဖြင့် ထွက်လာချိန်တွင် ခင်ပွန်းကို နောက်ယောင်ခံရန်အတွက် ကားနောက်ဘက်၌ တွယ်ကပ်လိုက်ပါခဲ့ခြင်း ဖြစ်သည်။

ယာဉ်မောင်း ယွီသည် ကားမထွက်မီ ယာဉ်အခြေအနေကို စစ်ဆေးရန် ပျက်ကွက်ခဲ့သည့်အတွက် ယွမ် ၂၀၀ (ဒေါ်လာ ၃၀) ဒဏ်ရိုက်ခံခဲ့ရသည်။

ထို့အပြင် ၎င်း၏ တနှစ်တာ ယာဉ်စည်းကမ်း ၁၂ မှတ်အနက် ၃ မှတ် အနှုတ်ခံခဲ့ရသည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: China woman clings to truck to follow husband; man threatens divorce after male doctor examines wife (scmp)

မူရင်းသတင်း — CarsDB