Myanmar Transparency News

အမြန်လမ်းတွင် သွေးတိုးရောဂါကြောင့် မူးဝေနေသည့်ယာဥ်မောင်းက လမ်းလယ်ကျွန်းဝင်တိုက်သော်လည်း ယာဥ်ပေါ်ပါသူများ ဘေးကင်း

သက်တံ့
၂၅. ၁၁. ၂၀၂၆

ရန်ကုန် – မန္တလေး အမြန်လမ်းတွင် သွေးတိုးရောဂါကြောင့် မူးဝေနေသည့်ယာဥ်မောင်းက ယနေ့နံနက်ပိုင်းတွင် လမ်းလယ်ကျွန်းဝင်တိုက်မိခဲ့သော်လည်း ယာဥ်ပေါ်ပါသူများ ဘေးကင်းသည်ဟု အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့က အသိပေးသည်။

​ဖြစ်စဥ်မှာ ယနေ့ နိုဝင်ဘာ ၂၅ ရက် နံနက် ၁၁ နာရီခန့်အချိန် ရန်ကုန်-မန္တလေးအမြန်လမ်းမိုင်တိုင် ၂၁/၃-၄ အကြား နေပြည်တော်မှရန်ကုန်သို့အပြန်လမ်းတွင် ယာဉ်မောင်းပါ အမျိုးသား (၂) ဦး၊ အမျိုးသမီး (၁) ဦး စုစုပေါင်း (၃)ဦး လိုက်ပါလာသည့် TOYOTA WISH အမျိုးအစား အဖြူရောင်ယာဉ်သည် အခင်းဖြစ်မိုင်တိုင်အရောက်တွင် အသက်အရွယ်ကြီးရင့်သူ ယာဉ်မောင်းမှာ သွေးတိုး​ရောဂါ​ကြောင့် ရုတ်တရက်မူး​ဝေ၍ လမ်းလယ်ကျွန်းရှိ အရိပ်ရအပင်အား တိုက်မိခဲ့သည်။

ဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါသူများမှာ ထိခိုက်ဒဏ်ရာမရရှိခဲ့‌သော်လည်း ယာဥ်နှင့် လမ်းလယ်ကျွန်းရှိအရိပ်ရအပင်အချို့ပျက်စီးခဲ့သည်ဟု သိရသည်။

အမြန်လမ်းအသုံးပြုသည့် ယာဉ်မောင်းများ၏ ကျန်းမာ​ရေးအ​ခြေအ​နေ​ကောင်းမွန်ရန် အထူးအ​ရေးကြီးပြီး ၆၀ နှစ်အထက် အသက်အရွယ်ကြီးရင့်သူ၊​ သွေးတိုး/ဆီးချို​ရောဂါရှိသူ၊ အတက်​ရောဂါရှိသူ၊ နှလုံး​ရောဂါရှိသူ၊အိပ်ငိုက်​ရောဂါ Obstructive Sleep Apnea (OSA)ရှိသူ၊ မျက်စိအမြင်အားနည်းသူ/အာရုံ​ကြောအားနည်းသူများ အနေဖြင့် သက်ဆိုင်ရာဆရာဝန်/ကျန်းမာ​ရေးဝန်ထမ်းများ၏ခွင့်ပြုချက်ရမှသာ ယာဉ်​မောင်းကြရန်လည်း အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့ သတိပေးထားသည်။

မူရင်းသတင်း — Myanmar Transparency News