NP News

မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အမြန်လမ်းရှိ ဆွာချောင်းတံတားနှင့် ဒုဋ္ဌဝတီတံတား လ (၂၀) ကျော်ကြာသည်အထိ တည်ဆောက်မှုမပြီးသေး

ပုလဲ (NP News) - နိုဝင်ဘာ ၂၅
မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အမြန်လမ်းရှိ ဆွာချောင်းတံတားနှင့်ဒုဋ္ဌဝတီ တံတား လ(၂၀) ကျော်ကြာသည်အထိ တည်ဆောက်မှုမပြီးသေးကြောင်း အဆိုပါ တံတားဆောက်လုပ်ရေး နှင့်နီးစပ်သူသတင်းရင်းမြစ်ထံ NP News မှ ဆက်သွယ်မေးမြန်းထားချက်အရသိရသည်။
ပြီးခဲ့သည့် (၂၀၂၅) ခုနှစ် မတ်လ (၂၈) ရက်ကလှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးရှိ ဆွာချောင်းတံ တား(မန္တလေးမှရန်ကုန်သို့)(အပြန်လမ်း)နှင့် (ရန် ကုန်မှမန္တလေးသို့)(အသွားလမ်း)တို့ ပြိုကျပျက်စီး သွားသည့်အတွက် အသစ်ပြန်လည်တည်ဆောက်ခဲ့ရာ ဆွာချောင်းတံတား(အပြန်လမ်း)တည်ဆောက်မှု မှာ ပြီးခဲ့သည့်ဇွန်လခန့်က ရာနှုန်းပြည့်ပြီးစီးခဲ့ကြောင်း သိရသည်။
လက်ရှိတွင် ဆွာချောင်းတံတား(အသွား) တည်ဆောက်ရေးလုပ်ငန်းမှာ (၅၀)ရာခိုင်နှုန်းခန့် ပြီးစီးပြီဖြစ်ပြီး ယခုဘဏ္ဍာနှစ်တွင်ပြီးစီးနိုင်ရေး ဆောင် ရွက်နေသော်လည်း မသေချာသေးကြောင်းသိရသည်။
“ဆွာချောင်းတံတားကတော့ ဒီ Budget ထဲမှာတော့ ပြီးအောင်တော့ဆောက်နေကြပါတယ်။ ပြီးအောင်တော့ လုပ်ထားတယ်။ ဒါပေမဲ့ ပွင့်ပွင့်လင်း လင်းပြောရရင်တော့ Official ဆိုလို့ရှိရင်တော့ ရန်ပုံငွေကလည်း အပြည့်အဝ တော့မရသေးဘူး။ ကျွန်တော်တို့က ဒီကြားထဲမှာတော့ထပ်ထွက်မှာဆိုတာနဲ့ပဲလုပ်နေတာပေါ့နော်။ (၂၀၂၇)ထဲမှာ အပြီး ဖွင့်လှစ် နိုင်ရေးဆောင်ရွက်နေပါတယ်။ (၅၀) ရာခိုင်နှုန်းကျော် တော့ပြီးနေပြီ”ဟု အထက်ပါသတင်းရင်းမြစ်က NP News သို့ ပြောသည်။
အလားတူ မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်ဆီးခဲ့ရသည့် ရန်ကုန်-မန္တလေးအမြန်လမ်း၏ မိုင်တိုင် အမှတ်(၃၅၈)မိုင်တွင်ရှိသော ဒုဋ္ဌဝတီတံ တားကိုလည်း ယခုနှစ်ကုန် ပြန်လည်ဖွင့်လှစ်နိုင်ရေး အတွက် ပြန်လည် တည်ဆောက်နေသော်လည်း အခက်အခဲအချို့ကြောင့် လာမည့် (၂၀၂၇)ခုနှစ် မတ်လအတွင်း၌သာ ပြီးစီးနိုင် တော့မည် ဖြစ်ကြောင်းသိရ သည်။
“ဒုဋ္ဌဝတီတံတားလည်း အခု ဒီ Budget ထဲမှာ ပြီးအောင်လုပ်နေတယ်ဗျ။ ဒုဋ္ဌဝတီကတော့ သေချာပေါက် ပြီးမယ့်သဘောရှိတယ်။ ပထမ ဒုဋ္ဌဝတီကို ကျွန်တော်တို့က ဒီဇင်ဘာ မှန်းထားတာလေ။ ဒီဇင်ဘာမှန်းထားတာက နေပြီး တော့ အခု ဖေဖော်ဝါရီ အပြီးဆိုပြီးတော့ ဌာနတွင်းမှာတော့ Target ထားပြီး လုပ်နေတာပေါ့။ ရေလယ်တိုင်တစ်တိုင် ရေမြုပ်သွားတော့ ကွန်ကရစ်လောင်းရမယ့်ဟာကြီးက ရေအောက်ထဲရောက်နေတော့ အဓိက ကတော့ မိုးများ သွားတာ ပေါ့။ တရားဝင်တော့ ပြောလို့မကောင်းဘူး ပေါ့။ ဒါပေမဲ့ ဒီ Budget ထဲတော့ မဖြစ်မနေ ပြီး အောင်ဖွင့်မှာ”ဟု ၎င်းက ပြောသည်။

မူရင်းသတင်း — NP News