
ပေကျင်း၊ နိုဝင်ဘာ ၂၅ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ အမျိုးသားစာရင်းအင်းဗျူရိုက ထုတ်ပြန်သည့် နောက်ဆုံးအချက်အလက်များအရ ဇန်နဝါရီလမှ အောက်တိုဘာလအထိ တရုတ်နိုင်ငံ၏ ကုန်စည်တင်သွင်းတင်ပို့မှု စုစုပေါင်းတန်ဖိုးမှာ ယွမ် ၄၄,၈၁၀ ဘီလီယံသို့ ရောက်ရှိခဲ့ပြီး ယခင်နှစ် ကာလတူထက် ၂၀.၀ ရာခိုင်နှုန်း တိုးတက်ခဲ့သည်။ ယခုနှစ်အတွင်း တရုတ်နိုင်ငံ၏ တင်သွင်းတင်ပို့မှု စုစုပေါင်းတန်ဖိုးသည် လျင်မြန်သော တိုးတက်မှုနှုန်းကို ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့ပြီး ကုန်သွယ်မှုဖွဲ့စည်းပုံကိုလည်း စဉ်ဆက်မပြတ် ပိုမိုကောင်းမွန်စေခဲ့ကာ အပြည်ပြည်ဆိုင်ရာ ထောက်ပံ့ပို့ဆောင်ရေး လမ်းကြောင်းများလည်း တစ်ဆင့်တိုး ချောမွေ့လာခဲ့သည်။ “အဓိကဆိပ်ကမ်းကြီးများမှ ကမ္ဘာအနှံ့သို့ ချိတ်ဆက်ပေါက်ရောက်ခြင်း” ဟူသော နိုင်ငံခြားကုန်သွယ်မှု မြင်ကွင်းသစ်သည် တရုတ်နိုင်ငံစီးပွားရေး၏ ကြံ့ကြံ့ခံနိုင်ရည်စွမ်းနှင့် အသက်ဝင်လှုပ်ရှားမှုကို ထင်ဟပ်ပြသနေသည်။ (Xinhua)
....................................
(Chinese Version)
大港扬帆 通达四海
新华社照片,北京,2026年11月23日
国家统计局发布的最新数据显示,1至10月份,我国货物进出口总额达448100亿元,同比增长20.0%。今年以来,我国进出口总额保持较快增长,贸易结构持续优化,国际物流通道进一步畅通,“大港扬帆、通达四海”的外贸新图景展现了中国经济的韧性和活力。
图说1:11月20日,在拖轮的协助下,货轮进出山东港口青岛港前湾港区(无人机照片)。新华社记者 李紫恒 摄
图说2:11月22日,出口加纳的宇通公交车在山东港口烟台港吊装上船(无人机照片)。新华社发(唐克摄)










