Xinhua Myanmar

ယူနန်ပြည်နယ် ရွှေလီမြို့တွင် နည်းပညာဖြင့် ကော်ဖီလုပ်ငန်း အရည်အသွေးနှင့် စွမ်းဆောင်ရည် တိုးမြှင့်ခြင်း

.

တရုတ်နိုင်ငံ ယူနန်ပြည်နယ် တက်ဟုန်း အပူပိုင်းစိုက်ပျိုးရေးသိပ္ပံ သုတေသန အင်စတီကျုရှိ ကော်ဖီသီးကို ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၂၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရွှေလီ (ယူနန်)၊ နိုဝင်ဘာ ၂၅ ရက် (ဆင်ဟွာ)

ကော်ဖီရိတ်သိမ်း၍ ကုန်ချောထုတ်လုပ်သည့် ရာသီချိန်တွင် တရုတ်နိုင်ငံ ယူနန်ပြည်နယ် တက်ဟုန်း အပူပိုင်းစိုက်ပျိုးရေးသိပ္ပံ သုတေသန အင်စတီကျုမှ ကော်ဖီသုတေသနအဖွဲ့သည် လတ်ဆတ်သော ကော်ဖီသီး ခူးဆွတ်မှု၊ စံချိန်မီ နမူနာခူးဆွတ်မှု၊ အထွက်နှုန်းစမ်းသပ်ခြင်းနှင့် မျိုးစိတ်ရွေးချယ်ခြင်း၊ နမူနာချန်ခြင်းနှင့် အရည်အသွေးစမ်းသပ်ခြင်း စသည့်လုပ်ငန်းများကို လုပ်ဆောင်လျက်ရှိရာ အသစ်တစ်ကြိမ် မျိုးစိတ်ရွေးချယ်ပျိုးထောင်မှုနှင့် ရွေးချယ်စမ်းသပ်မှုအတွက် ကုန်ကြမ်းများ ပြင်ဆင်လျက်ရှိသည်။

အဆိုပါအင်စတီကျုသည် လက်ရှိတွင် ကော်ဖီမျိုးစေ့ငယ်၊ မျိုးစေ့အလတ်၊ မျိုးစေ့ကြီး၊ လေးညှင်း စသည့် မျိုးကွဲ ၁၅ မျိုးခန့်၊ ကော်ဖီမျိုးရိုးဗီဇအရင်းအမြစ် ၁,၅၀၀ ကျော်ကို ထိန်းသိမ်းထားသည်။ အထွက်နှုန်းမြင့်မားမှု၊ အရည်အသွေးကောင်းမွန်မှု၊ ‌ကော်ဖီသံချေးမှိုရောဂါ ခံနိုင်ရည်ရှိမှု၊ အနံ့အရသာနှင့် ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေမှု စသည့် ရည်မှန်းချက်များကို ဗဟိုပြု၍ သုတေသနအဖွဲ့သည် မျိုးကွဲများ၏ အကဲဖြတ်မှုနှင့် ရွေးချယ်မှုကို ဆက်လက်ဆောင်ရွက်လျက်ရှိပြီး တောင်သူများ စိုက်ပျိုးလိုပြီး စျေးကွက်က အသိအမှတ်ပြုသော မျိုးကောင်းမျိုးသန့်များကို ပျိုးထောင်ကာ ကိုယ်ပိုင်မျိုးကွဲများနှင့် ယင်းတို့နှင့်တွဲဖက်သော နည်းပညာများကို ပြန့်ပွားအသုံးချရေးကို တွန်းအားပေးဖော်ဆောင်လျက်ရှိသည်။

အရင်းအမြစ်ထိန်းသိမ်းခြင်း၊ မျိုးကွဲဖန်တီးခြင်းမှ ရလဒ်များ အသွင်ကူးပြောင်းခြင်းအထိ အဆိုပါအင်စတီကျုက  သိပ္ပံနည်းပညာ၏ အခန်းကဏ္ဍကို ဆက်လက်ထမ်းဆောင်ကာ ကော်ဖီလုပ်ငန်း၏ အရည်အသွေးနှင့် စွမ်းဆောင်ရည် တိုးမြှင့်ခြင်း၊ တောင်သူများ၏ ဝင်ငွေတိုးပွားရေးအတွက် ပံ့ပိုးပေးလျက်ရှိသည်။ (Xinhua)

---------------------

(Chinese Version)

云南瑞丽:科技助力咖啡产业提质增效

新华社照片,瑞丽(云南),2026年11月24日

时值咖啡采收加工季,云南省德宏热带农业科学研究所咖啡研究团队正开展鲜果采摘、标准化采样、测产选种、样本留存和品质检测等工作,为新一轮品种选育与筛选试验准备材料。

该所目前保存小粒种、中粒种、大粒种、丁香等15个种类、1500余份咖啡种质资源。围绕高产、优质、抗锈、风味和适应性等目标,团队持续开展品种评价与筛选,培育农户乐于种植、市场认可的良种,推动自主品种及配套技术的推广应用。

从资源保存、品种创制到成果转化,该所持续发挥科技作用,为咖啡产业提质增效和农户增收提供支撑。

图说1:11月23日在云南省德宏热带农业科学研究所拍摄的咖啡果。 新华社记者 江文耀 摄

图说2:11月23日,云南省德宏热带农业科学研究所科研人员进行土壤养分测定。新华社记者 江文耀 摄

တရုတ်နိုင်ငံ ယူနန်ပြည်နယ် တက်ဟုန်း အပူပိုင်းစိုက်ပျိုးရေးသိပ္ပံ သုတေသန အင်စတီကျုရှိ သိပ္ပံသုတေသီက မြေဆီလွှာ အာဟာရဓာတ် စမ်းသပ်အတည်ပြုမှု လုပ်ဆောင်နေသည်ကို ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၂၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မူရင်းသတင်း — Xinhua Myanmar