Myanmar Transparency News

အရေးကြီးကုန်စည်များအတွက် ဒေါ်လာ နှစ်ဘီလီယံကျော်အပြင် အခြား နိုင်ငံခြားငွေ ၇ ဘီလီယံခွဲခန့်ရောင်းချပေးထားသည့်အပြင် ယခုနိုဝင်ဘာလအတွင်း ဒေါ်လာ ၂၅၅ သန်းကျော်နှင့် အခြား နိုင်ငံခြားငွေ တစ်ဘီလျံနီးပါး ရောင်းချပေးထား

သက်တံ့
၂၆. ၁၁. ၂၀၂၆

အရေးကြီးကုန်စည်များအတွက် ဒေါ်လာ နှစ်ဘီလီယံကျော်အပြင် အခြား ယွမ်၊ ဘတ်၊ ရူပီး စသည့် နိုင်ငံခြားငွေ ၇ ဘီလီယံခွဲခန့်ရောင်းချပေးထားသည့်အပြင် ယခုနိုဝင်ဘာလအတွင်း ဒေါ်လာ ၂၅၅ သန်းကျော်နှင့် အခြား နိုင်ငံခြားငွေ တစ်ဘီလျံနီးပါး ရောင်းချပေးထားသည်ဟု မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ကြေညာသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ကြီးမှူး၍ FX Market Online Trading Platform တွင် နိုင်ငံတော်၏ အရေးကြီးကုန်စည်များဖြစ်သော စက်သုံးဆီ၊ စားသုံးဆီ၊ ဓာတ်မြေဩဇာနှင့် အခြားကုန်စည်များအတွက် လိုအပ်သော နိုင်ငံခြားငွေများကို နိုင်ငံခြားသုံးငွေများရောင်းဝယ် ဖောက်ကားသည့်လုပ်ငန်း (AD) လိုင်စင်ရဘဏ်များမှတစ်ဆင့် သွင်းကုန်တင်သွင်းသူ (Importer) များသို့ ရောင်းချပေးလျက်ရှိသည်။

၂၀၂၆ ခုနှစ်၊ ဧပြီလမှ အောက်တိုဘာလအထိ FX Market Online Trading Platform နှင့် AD လိုင်စင်ရဘဏ်များမှတစ်ဆင့် အမေရိကန်ဒေါ်လာ (၂,၁၆၉.၈) သန်း၊ တရုတ်ယွမ် (၁,၈၉၂.၄) သန်း၊ ထိုင်းဘတ် (၆,၅၇၆.၂) သန်း၊ အိန္ဒိယရူပီး (၇၄.၅) သန်းခန့်တို့အား သွင်းကုန်လုပ်ငန်းရှင်များသို့ ရောင်းချပေးခဲ့ပြီး နိုဝင်ဘာလအတွင်း အမေရိကန်ဒေါ်လာ (၂၅၅.၄) သန်း၊ တရုတ်ယွမ် (၈၉.၉) သန်း၊ ထိုင်းဘတ် (၇၆၂.၆) သန်း၊ အိန္ဒိယရူပီး (၁၃.၃) သန်းခန့်တို့အား ရောင်းချပေးခဲ့သည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့်လည်း ၂၀၂၆ ခုနှစ်၊ ဧပြီလမှ အောက်တိုဘာလ အထိ စက်သုံးဆီ၊ စားသုံးဆီ၊ ဓာတ်မြေဩဇာနှင့် အခြားကုန်စည်များ တင်သွင်းရန်အတွက် အမေရိကန်ဒေါ်လာ (၁,၇၀၂.၄) သန်းခန့်အား ရောင်းချပေးခဲ့ပြီး နိုဝင်ဘာလအတွင်း အမေရိကန်ဒေါ်လာ (၁၃၀.၈) သန်းခန့်ကို Market Trading Rate (ကျပ် ၃၆၆၀) ဖြင့် ရောင်းချပေးခဲ့ပြီးဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က အသိပေးကြေညာထားသည်။

မူရင်းသတင်း — Myanmar Transparency News