လာမည့် တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်နေ့သည် ၁၀၆ နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ဖြစ်သည်။ နှစ်ပေါင်းထောင်ချီကြာမြင့်စွာ ကိုယ့်မင်းကိုယ့်ချင်း နေလာခဲ့ရာမှ ကျူးကျော်နယ်ချဲ့လာသူတို့ထံ အချုပ်အခြာအာဏာ လက်လွတ်ဆုံးရှုံးခဲ့ရပြီး လက်အောက်ခံ နိုင်ငံသားတို့ဘဝတွင် ပထမဆုံးအကြိမ်အဖြစ် နယ်ချဲ့အစိုးရကို အန်တုခဲ့သည့်နေ့ကို အမျိုးသားအောင်ပွဲနေ့အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။
နယ်ချဲ့အစိုးရသည် မြန်မာတစ်မျိုးသားလုံးက ကန့်ကွက်နေသည့်ကြားမှ ရန်ကုန်တက္ကသိုလ်အက်ဥပဒေ ပြဋ္ဌာန်းလိုက်ခြင်းအပေါ် ၁၉၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၅ ရက် (မြန်မာသက္ကရာဇ် ၁၂၈၂ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်)တွင် ရန်ကုန်ကောလိပ်နှင့် ယုဒဿန်ကောလိပ်တို့မှ ကျောင်းသားများက ဆန့်ကျင်သပိတ်မှောက်ခဲ့ကြသည်။ ထိုစဉ်က မြန်မာနိုင်ငံတွင် တက္ကသိုလ်မရှိသေးခြင်းကြောင့် တက္ကသိုလ်တစ်ခုတည်ထောင်ရေးသည် မြန်မာလူမျိုးတို့ နှစ်ပေါင်းများစွာကပင် လိုလားတောင့်တခဲ့သည့် အရာဖြစ်သော်လည်း ဈေးတွက်တွက်နေသည့် နယ်ချဲ့အစိုးရက အကြောင်းအမျိုးမျိုးပြကာ နှစ်ပေါင်းများစွာပင် နှောင့်နှေးကြန့်ကြာနေခဲ့သည်။
အိန္ဒိယနိုင်ငံ ကာလကတ္တား တက္ကသိုလ်လက်အောက်ခံအဖြစ်မှ ခွဲထွက်၍ ရန်ကုန်တွင် တက္ကသိုလ်တစ်ခု တည်ထောင်လာခဲ့သည့်အခါတွင်လည်း ရန်ကုန်တက္ကသိုလ်အက်ဥပဒေပါ ပြဋ္ဌာန်းချက်များစွာတို့က မြန်မာလူမျိုးတို့ တက္ကသိုလ်ပညာသင်ယူခွင့်ကို အခက်အခဲ၊ အတားအဆီးများစွာဖြစ်စေပြီး မစို့မပို့မျှသာ အခွင့်အရေးပေးထားသည်ဟု မြန်မာတို့က ရှုမြင်ကြကာ ကန့်ကွက်ခဲ့ကြသည်။ သို့ရာတွင် နယ်ချဲ့အစိုးရက လျစ်လျူရှုခဲ့ပြီး ဥပဒေကိုပြဋ္ဌာန်းခဲ့ခြင်းကြောင့် ဆန့်ကျင်အုံကြွမှု စတင်ထွက်ပေါ်လာသည်။ ရှေးဦးစွာ ရန်ကုန်ကောလိပ်နှင့် ယုဒဿန်ကောလိပ်တို့မှ ကျောင်းသားများ၊ ထို့နောက် အထက်တန်းကျောင်းများမှ ကျောင်းသား ကျောင်းသူများ၊ မိဘ ပြည်သူများ၊ ကျောင်းသား ကျောင်းသူများပါ ပထမကျောင်းသားသပိတ်တွင် ပါဝင်လာခဲ့ကြပြီး တက္ကသိုလ်ကို ရာသက်ပန်သပိတ်မှောက်ရန် ဆုံးဖြတ်ခဲ့ကြသည်။
၁၉၂၁ ခုနှစ်၊ သြဂုတ်လတွင် ရန်ကုန်မြို့ ဗဟန်း ရွှေကျင်ကျောင်းတိုက်ကြီးတွင် အမျိုးသားကောလိပ် ပေါ်ပေါက်လာပြီး နိုင်ငံတစ်ဝန်းတွင်လည်း အမျိုးသားကျောင်းများပေါ်ထွန်းခဲ့သည်။ အမျိုးသားပညာရေးကောင်စီကိုလည်း ဖွဲ့စည်းနိုင်ခဲ့သည်။ ပထမကျောင်းသားသပိတ်သည် နယ်ချဲ့လက်အောက် ကျွန်သပေါက်ဘဝကျရောက်နေသည့် မြန်မာတို့အား အမျိုးသားရေးစိတ်ဓာတ် မြှင့်တင်ပေးခဲ့သလို နယ်ချဲ့ဆန့်ကျင်ရေးစိတ်ဓာတ်ကိုလည်း သွတ်သွင်းပေးခဲ့သည်။ နယ်ချဲ့ဆန့်ကျင်ရေး တောင်သူလယ်သမားအရေးတော်ပုံ၊ အလုပ်သမားအရေးတော်ပုံများလည်း ဆက်လက်ပေါ်ပေါက်ခဲ့ပြီး လွတ်လပ်ရေးကြိုးပမ်းမှုမှသည် နိုင်ငံလွတ်လပ်ရေးရရှိသည်အထိ အမျိုးသားရေးစိတ်ဓာတ်၊ အမျိုးသားရေးအားမာန်တို့ဖြင့် တစ်မျိုးသားလုံးက အားထုတ်ကြိုးပမ်း တိုက်ပွဲဝင်နိုင်ခဲ့ကြသည်။
မျက်မှောက်ကာလတွင်မူ မိမိတို့အားလုံး လွတ်လပ်သော နိုင်ငံ၏ နိုင်ငံသူ နိုင်ငံသားများအဖြစ် မိမိနိုင်ငံ၏ ပိုင်နက်နယ်နိမိတ်နှင့် အချုပ်အခြာအာဏာ အဓွန့်ရှည်တည်တံ့ခိုင်မြဲရေး၊ နိုင်ငံရေး၊ စီးပွားရေးနှင့် ကာကွယ်ရေး အင်အားများ တိုးတက်မြင့်မားရေးတို့အတွက် ခေတ်သမိုင်းက ပေးအပ်သည့်တာဝန်များကို ကျေပွန်အောင် ထမ်းရွက်ကြရမည်ဖြစ်သည်။ မိမိတို့၏ ကိုယ်ပိုင်ဝိသေသလက္ခဏာများ၊ အမျိုးသားယဉ်ကျေးမှုအမွေအနှစ်များကို ကာကွယ်စောင့်ရှောက်ကြရမည်ဖြစ်ပြီး နိုင်ငံကို အဆင့်အတန်း မြင့်မြင့်မားမား တည်ဆောက်နိုင်ရန်အတွက် အမျိုးသားပညာရည်မြင့်မားအောင် မြှင့်တင်ကာ အဖိုးတန်လူ့စွမ်းအားအရင်းအမြစ်ကို တည်ဆောက်ကြရမည်လည်းဖြစ်သည်။ ထို့အပြင် မိမိတို့သည် ခေတ်ပြိုင်ကမ္ဘာ၏ နည်းပညာခေတ်နှင့်အညီ ကိုယ်ပိုင်နည်းပညာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေးကဏ္ဍမှနေ၍ ဉာဏ်ပညာ ဇွဲလုံ့လဝီရိယအားတို့ဖြင့် ကြိုးပမ်းစွမ်းဆောင်ကြရန်လည်းလိုသည်။
လွန်ခဲ့သည့် နှစ်ပေါင်း ၁၀၀ ကျော်က မိမိတို့၏ဘိုးဘွားများသည် ထိုခေတ်၏ လူငယ်များအဖြစ်နှင့် အမျိုးသားရေးစိတ်ဓာတ်၊ အမျိုးသားရေးအားမာန်တို့ကို စည်းလုံးညီညွတ်စွာပြသကာ နယ်ချဲ့တို့အား ဆန့်ကျင်အောင်ပွဲခံခဲ့ကြပြီး နောင်လာနောက်သားတို့အတွက် အမျိုးသားရေးစိတ်ဓာတ်အမွေပေးခဲ့ကြသည်။ မြန်မာတစ်မျိုးသားလုံးတို့အား အမျိုးသားရေးစိတ်ဓာတ် အမွေပေးခဲ့သည့် အမျိုးသားအောင်ပွဲနေ့သည် မြန်မာနိုင်ငံ၏ လွတ်လပ်ရေးကြိုးပမ်းမှုတွင် အရေးကြီးသည့် သမိုင်းမှတ်တိုင်တစ်ခုဖြစ်သည်။ မျက်မှောက်ကမ္ဘာ၏ နိုင်ငံတကာမြင်ကွင်းကိုကြည့်လျှင် နိုင်ငံတိုင်းက မိမိနိုင်ငံတည်တံ့ခိုင်မြဲရေးနှင့် ထိပ်တန်းသို့ ရောက်သည်ထက် ရောက်ရှိရေးတို့အတွက် ယှဉ်ပြိုင်ဆောင်ရွက်နေကြရခြင်းဖြစ်သည်ကို တွေ့ရှိနိုင်သည့်အားလျော်စွာ မိမိနိုင်ငံအကျိုးစီးပွားအတွက် အမျိုးသားရေးစိတ်ဓာတ်အားမာန်ဖြင့် စွမ်းဆောင်ကြရပါမည့်အကြောင်း။ ။