စစ်တွေ နိုဝင်ဘာ ၂၅
တတိယအကြိမ် ရခိုင်ပြည်နယ် လွှတ်တော်အရေးပေါ်အစည်းအဝေး (ဒုတိယနေ့)ကို ယနေ့နံနက်ပိုင်း က ရခိုင်ပြည်နယ် လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ရခိုင် ပြည်နယ်အစိုးရအဖွဲ့က တင်သွင်းသည့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ရခိုင်ပြည်နယ်၏ နောက်ထပ် ဘဏ္ဍာငွေခွဲဝေသုံးစွဲရေး ဥပဒေကြမ်းအပေါ် ရခိုင်ပြည်နယ် လွှတ်တော်ဥပဒေပြုရေးကော်မတီ က ဥပဒေဆိုင်ရာ သုံးသပ်ချက် အစီရင်ခံစာကို လွှတ်တော်သို့ တင်သွင်းရာ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌက ယင်းဥပဒေဆိုင်ရာ သုံးသပ်ချက် အစီရင်ခံစာနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် ကိုယ်စားလှယ်များရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။
ဆက်လက်၍ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ရခိုင်ပြည်နယ်၏ နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်းအပေါ် ရခိုင်ပြည်နယ်လွှတ်တော် ဒေသန္တရ စီမံကိန်းနှင့် ဘဏ္ဍာရေးဆိုင်ရာ ကော်မတီ၏ ငွေကြေးဆိုင်ရာ သုံးသပ်ချက်နှင့် သဘောထား မှတ်ချက်အစီရင်ခံစာကို လွှတ်တော် သို့ တင်သွင်းရာ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌက ယင်းအစီရင်ခံစာနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် ကိုယ်စားလှယ်များရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာပြီး တတိယအကြိမ် ရခိုင် ပြည်နယ်လွှတ်တော် အရေးပေါ် အစည်းအဝေး (ဒုတိယနေ့)ကို ရပ်နားခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)