Xinhua Myanmar

တရုတ်ဆရာဝန်များက ဘီနင်နိုင်ငံတွင် မျက်စိတိမ်စွဲရောဂါ ခွဲစိတ်ကုသမှုပေါင်း ၃၅၀ အခမဲ့ ပြုလုပ်ပေးမည်

ဘီနင်နိုင်ငံ၊ အဘိုမီမြို့တွင် ဘီနင်နိုင်ငံအတွက် ၂၇ ကြိမ်မြောက် တရုတ်ဆေးဘက်ဆိုင်ရာအဖွဲ့ကပြုလုပ်ပေးသည့် အခမဲ့ မျက်စိကျန်းမာရေးစစ်ဆေးမှုအစီအစဉ်အတွင်း မျက်စိစစ်ဆေးမှုခံယူနေသည့် ဒေသခံတစ်ဦးကို ၂၀၂၄ ခုနှစ် ဇွန် ၆ ရက်က တွေ့ရစဥ် (ဆင်ဟွာ)

အဘိုမီမြို့၊ ဘီနင်နိုင်ငံ၊ နိုဝင်ဘာ ၂၆ ရက် (ဆင်ဟွာ)

ဘီနင်နိုင်ငံ တောင်ပိုင်း အဘိုမီမြို့တွင် နိုဝင်ဘာ ၂၄ရက်က ၂၀၂၆ ခုနှစ် တရုတ်-ဘီနင် "တောက်ပသော ခရီးစဉ်"အစီအစဉ်ကို စတင်မိတ်ဆက်ခဲ့ပြီး အနောက်အာဖရိကနိုင်ငံတစ်ခုဖြစ်သည့်ဘီနင်နိုင်ငံတွင် တရုတ်ဆရာဝန်များက မျက်စိတိမ်စွဲရောဂါခံစားနေရသည့်လူနာ ၃၅၀ ဦးခန့်ကို အခမဲ့ခွဲစိတ်ကုသပေးသွားမည်ဖြစ်သည်။

ဘီနင်နိုင်ငံကျန်းမာရေးဝန်ကြီးဌာန၏ကိုယ်စားလှယ် Goudjo Winnoc က မိတ်ဆက်ပွဲအခမ်းအနားတွင် နင်းရှ (ဟွေ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပြည်သူ့ဆေးရုံမှ တရုတ်ဆရာဝန်များအား ကျေးဇူးတင်စကားပြောကြားခဲ့ကာ ယင်းအစီအစဉ်က နှစ်နိုင်ငံပြည်သူများအကြားမှ ချစ်ကြည်ရင်းနှီးမှုနှင့် စည်းလုံးညီညွတ်မှုစိတ်ဓာတ်ကို ဖော်ညွှန်းနေသည်ဟု ပြောကြားခဲ့သည်။

ထို့အတူ ယင်းစီမံကိန်းသည် နှစ်နိုင်ငံဆေးဘက်ဆိုင်ရာအဖွဲ့များအကြားမှ အပြန်အလှန်ကူးလူးဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုခိုင်မာအားကောင်းစေလိမ့်မည်ဖြစ်ကာ ကျန်းမာရေးဝန်ထမ်းများ၏စွမ်းဆောင်ရည်မြှင့်တင်ရေးနှင့် ပရော်ဖက်ရှင်နယ် ကျွမ်းကျင်မှုပိုင်းဆိုင်ရာတိုးတက်မှုများအတွက်လည်း အထောက်အကူပြုလိမ့်မည်ဟုမျှော်လင့်ကြောင်း Winnoc က ပြောကြားခဲ့သည်။

ဘီနင်နိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး ကျန်းဝေ ကလည်း ဘီနင်နိုင်ငံ၏ကျန်းမာရေးကဏ္ဍကို ပံ့ပိုးကူညီပေးရေး၊ ဆေးဘက်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုနှင့် ကျန်းမာရေးဝန်ထမ်းအပြန်အလှန်ဖလှယ်မှုများ ပိုမိုနက်ရှိုင်းစေရေး၊ ဘီနင်ပြည်သူများအတွက် ပိုမိုလက်တွေ့ကျသည့်အကျိုးကျေးဇူးကို ဖော်ဆောင်ပေးနိုင်ရေးတို့အတွက် တရုတ်နိုင်ငံက ဘီနင်နိုင်ငံနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဟု အခမ်းအနားတွင် ပြောကြားခဲ့သည်။

၂၀၂၃ ခုနှစ်မှစ၍ အဆိုပါအစီအစဉ်အောက်တွင် တရုတ်ဆရာဝန်များက ဘီနင်နိုင်ငံသား လူနာ ၂၃၀ ကျော်ကို မျက်စိတိမ်စွဲရောဂါအတွက် အခမဲ့ခွဲစိတ်ကုသပေးခဲ့ပြီးဖြစ်ကြောင်း တရုတ်နိုင်ငံ၏ နင်းရှ (ဟွေ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ ကျန်းမာရေးတာဝန်ရှိသူများက ပြောကြားခဲ့သည်။ (Xinhua)

....................................

(English version)

Chinese doctors to perform 350 free cataract surgeries in Benin

ABOMEY, Benin, Nov. 25 (Xinhua) The 2026 China-Benin "Bright Journey" program was launched on Tuesday in Abomey, a city in southern Benin, with Chinese doctors expected to perform free cataract surgeries on about 350 patients in the West African country.

Speaking at the launch ceremony, Goudjo Winnoc, a representative of Benin's Ministry of Health, thanked the Chinese doctors who are from the People's Hospital of Ningxia Hui Autonomous Region, saying the program embodies the friendship and spirit of solidarity between the two peoples.

Winnoc expressed hope that the project would further strengthen exchanges and cooperation between the two countries' medical teams, promote capacity building among medical personnel and enhance professional expertise.

Addressing the ceremony, Chinese Ambassador to Benin Zhang Wei said that China would continue to work with Benin to support the country's healthcare sector, deepen medical cooperation and personnel exchanges, and deliver more tangible benefits to its people.

Health authorities in China's Ningxia Hui Autonomous Region said Chinese doctors have provided free cataract surgeries to more than 230 Beninese patients under the program since 2023. ■

Photo caption: A resident receives an eye screening during a free ophthalmology clinic organised by the 27th Chinese medical team in Benin, in Abomey, Benin, on June 6, 2024. (Photo by Seraphin Zounyekpe/Xinhua)

မူရင်းသတင်း — Xinhua Myanmar