Xinhua Myanmar

ဆောင်းရာသီ လျှို့ဝှက်နယ်မြေ ဆိုက်ဝါလုန်ပါး


နုကျန်း (ယူနန်)၊ နိုဝင်ဘာ ၂၇ ရက် (ဆင်ဟွာ)

ဆိုက်ဝါလုန်ပါးသည် ယူနန်ပြည်နယ် နုကျန်း လီဆူးလူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ ကုန့်ဆန်း တူလုန်လူမျိုး နုလူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင် ဖုန်သန်းကျေးရွာအုပ်စု သီမာလော့ရွာ၌ တည်ရှိသည်။ ထိုနေရာသည် ပိလော်နှင်းတောင်ကို အမှီပြု၍ ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်မီတာ ၃,၃၀၀ ခန့်တွင် တည်ရှိသည်။ အဝေးတွင် မြင့်မားသော တောင်တန်းကြီးများ ခံ့ညားစွာတည်ရှိနေပြီး လျှိုမြောင်ကြားတွင် ကျယ်ပြောသော မြက်ခင်းပြင် ဖြန့်ကြက်တည်ရှိနေသည်။ နှင်းတောင်၊ သစ်တောနှင့် စားကျက်မြေမြက်ခင်းများ အပြန်အလှန် ပနံသင့်နေရာ နုကျန်း တောင်တန်းမြင့်လျှိုမြောင်ကြီး၏ ထူးခြားလှပသော သဘာဝရှုခင်းကို ဖော်ပြလျက်ရှိသည်။ (Xinhua)

---------------------

(Chinese Version)

冬日秘境 塞瓦龙巴

【解说】塞瓦龙巴位于云南省怒江傈僳族自治州贡山独龙族怒族自治县捧当乡迪麻洛村。这里背靠碧罗雪山,海拔约3300米。远处高山巍峨耸立,广袤的草甸铺展在峡谷之间。雪山、森林与牧场交相映衬,勾勒出怒江高山峡谷独特而壮美的自然景观。

王冠森、和林伟 云南怒江报道(完)

မူရင်းသတင်း — Xinhua Myanmar