
အားလဲ့ထိုက် (ရှင်းကျန်း)၊ နိုဝင်ဘာ ၂၇ ရက် (ဆင်ဟွာ)
ရှင်းကျန်းဒေသ ရေခဲဆီးနှင်းခရီးသွားလုပ်ငန်း အဆက်မပြတ် အရှိန်မြင့်တက်လာသည်နှင့်အမျှ အားလဲ့ထိုက်မြို့ရှိ ကျန်းကျွင်းတောင် နိုင်ငံတကာ နှင်းလျှောစီးအပန်းဖြေဒေသတွင် “နေဝင်ချိန်ပါတီ” ကို စည်ကားသိုက်မြိုက်စွာ စတင်ကျင်းပခဲ့သည်။ ခရီးသွားဧည့်သည်များက ကေဘယ်ကားဖြင့် တောင်ထိပ်သို့တက်လာပြီး နေဝင်ချိန် နှင်းတောင်ရှုခင်းကို ရှုစားရင်း DJ တေးသွားများနှင့်အတူ ကခုန်လျက်ရှိသည်။ ထူးခြားသော လှုပ်ရှားမှုများက ခရီးသွားများ၏ ရေခဲဆီးနှင်း ခရီးသွားအတွေ့အကြုံကို ပိုမိုကြွယ်ဝစေပြီး ဆောင်းရာသီ ယဉ်ကျေးမှု ခရီးသွားလုပ်ငန်း ရှင်သန်စွမ်းအားများကို ဖော်ထုတ်ပေးလျက်ရှိသည်။ (Xinhua)
---------------------
(Chinese Version)
在阿勒泰雪山山顶,和绝美落日一起蹦迪
【解说】随着新疆冰雪旅游持续升温,坐落于阿勒泰市的将军山国际滑雪度假区“夕阳派对”热闹开启。游客乘缆车登顶赏落日雪景,伴着DJ音乐舞动。特色活动丰富游客冰雪游体验,激发冬季文旅活力。
阿曼、藏哈尔·金额斯别克、阿尔斯·卡肯 新疆阿勒泰报道。(完)