Xinhua Myanmar

ကျဲ့ကျန်းပြည်နယ် ချန်ရှင်းခရိုင်တွင် များပြားလှသော ရှေးဟောင်းဂင်ဂိုပင်များနှင့်အတူ ရွှေဝါရောင် လှပသောရှုခင်းအား တွေ့ဆုံခြင်း


ဟူကျိုး (ကျဲ့ကျန်း)၊ နိုဝင်ဘာ ၂၇ ရက် (ဆင်ဟွာ)

ကျဲ့ကျန်းပြည်နယ် ဟူကျိုးမြို့ ချန်ရှင်းခရိုင် ရှောင်ဖူမြို့နယ် ပါးတူးကျဲ့ကျေးရွာအုပ်စုတွင် များပြားလှသော ရှေးဟောင်းဂင်ဂိုပင်များ ကြည့်ရှုရန် အကောင်းဆုံးအချိန်သို့ ရောက်ရှိလာပြီဖြစ်သည်။ ၁၂.၅ ကီလိုမီတာ ရှည်လျားသော ချိုင့်ဝှမ်းစင်္ကြံတွင် ရှေးဟောင်းဂင်ဂိုအပင်ပေါင်း ၃၀,၀၀၀ ကျော်က ရွှေဝါရောင်အပြည့်  လွှမ်းခြုံထားသည်။ ခရီးသွားဧည့်သည်များက ရွှေရောင်စင်္ကြံတစ်လျှောက် လျှောက်လှမ်းရင်း ပန်းချီပမာ လှပသော သစ်ရွက်ဝါများ ပျံ့လွင့်နေမှုကို ခံစားနိုင်ပါသည်။ (Xinhua)

မူရင်းသတင်း — Xinhua Myanmar