နေပြည်တော် နိုဝင်ဘာ ၂၆
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးသုတေသန ဦးစီးဌာနတွင် အပတ်စဉ် ကျင်းပမြဲဖြစ်သော တောင်သူ နည်းပညာဆွေးနွေးပွဲကို (၁၃၃)ကြိမ်မြောက်အဖြစ် ယနေ့နံနက် ၉နာရီက စိုက်ပျိုးရေး သုတေသနဦးစီးဌာနရှိ Auditorium ခန်းမတွင် “ဟင်းသီးဟင်းရွက်များတွင် မြေဆောင်ရောဂါများ ကာကွယ်ရန်နှင့် ပြင်းထန်သော ရာသီဥတုဒဏ်များအပေါ် ခံနိုင် ရည်ရှိမှုမြှင့်တင်ရန် ကိုင်းဆက် နည်းပညာအသုံးပြုခြင်း” ခေါင်းစဉ်ဖြင့် ကျင်းပသည်။
ဆွေးနွေးပွဲတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ရဲတင့်ထွန်းက အမှာစကားပြောကြားပြီး စိုက်ပျိုးရေးသုတေသန ဦးစီးဌာနမှ ဒုတိယဦးစီးမှူး (သုတေသန) ဒေါ်ထက်နန္ဒာအောင် က “ဟင်းသီးဟင်းရွက်များတွင် မြေဆောင်ရောဂါများ ကာကွယ်ရန်နှင့် ပြင်းထန်သောရာသီဥတု ဒဏ်များအပေါ် ခံနိုင်ရည်ရှိမှု မြှင့်တင်ရန် ကိုင်းဆက်နည်းပညာ အသုံးပြုခြင်း” အကြောင်းအရာ နှင့်ပတ်သက်၍ ဆွေးနွေးပြီး ဆွေးနွေးချက်များ အပေါ် တက်ရောက်လာသူများက မိမိတို့ ကြုံတွေ့နေရသည့် စိုက်ပျိုးရေး ဆိုင်ရာအခက်အခဲများနှင့် သိလိုသည်များကို မေးမြန်းကြရာ သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ဖြေကြားသည်။
ဆွေးနွေးပွဲသို့ စိုက်ပျိုးရေး သုတေသနဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ်၊ မွေးမြူရေး သုတေသနဦးစီးဌာန၊ စိုက်ပျိုးရေး ဦးစီးဌာနတို့မှ တာဝန်ရှိသူများ၊ ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်မှ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ စိုက်ပျိုးရေး သုတေသနဦးစီးဌာနမှ သုတေသီ ပညာရှင်များ၊ တောင်သူကြီးများ စုစုပေါင်း ၁၁၉ ဦးတို့ တက်ရောက်ကြပြီး တိုင်းဒေသကြီး/ ပြည်နယ် အသီးသီးမှ စိုက်ပျိုးရေးပညာရှင်များနှင့် တောင်သူ ၂၅၀ တို့က zoom point ၅၀ မှ တက်ရောက်ကြောင်း သိရသည်။
သတင်းစဉ်