Myanmar Digital News

အာကာသပြတိုက် (ရန်ကုန်) သို့ အထက (၂) စမ်းချောင်းမှ ကျောင်းသူများနှင့် ဆရာမများ သွားရောက်လေ့လာ


ရန်ကုန် နိုဝင်ဘာ ၂၆

 

ရန်ကုန်တိုင်းဒေသကြီး စမ်းချောင်းမြို့နယ် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသူ ၁၈၉ ဦးနှင့် ဆရာမများသည် ယနေ့ နံနက် ၉ နာရီက ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်ရှိ အာကာသပြတိုက် (ရန်ကုန်) သို့ သွားရောက်လေ့လာကြသည်။

 

ထိုသို့ သွားရောက်လေ့လာရာတွင် ကျောင်းသူများနှင့် ဆရာမများက ပြတိုက်အတွင်းရှိ Deep Space exploration ပြခန်း၊ Space Station ပြခန်း၊ အာကာသအတွင်း စေလွှတ်ခဲ့သည့် ဒုံးပျံများ၊ အာကာသတွင် လှည့်ပတ်သွားလာလျက်ရှိသည့် ဂြိုဟ်တုများ၊ အာကာသတွင်း စူးစမ်းလေ့လာသည့် အာကာသယာဉ်နှင့် ယာဉ်မှူးများ၊ ဂြိုဟ်များ၊ နက္ခတ်တာရာများ အစရှိသည့်အာကာသဆိုင်ရာများအား ကြည့်ရှုလေ့လာခဲ့ရာ တာဝန်ရှိသူများက ရှင်းလင်းပြသခဲ့ကြောင်း သိရသည်။

 

မြို့နယ်(ပြန်/ဆက်)

မူရင်းသတင်း — Myanmar Digital News