
ရှန်ဟိုင်း၊ နိုဝင်ဘာ ၂၈ ရက် (ဆင်ဟွာ)
၂၀၂၆-၂၀၂၇ ခုနှစ် ISU Short Track World Tour ပြိုင်ပွဲ၏ ရှန်ဟိုင်းပွဲစဉ်ကို နိုဝင်ဘာ ၂၇ ရက်က အဆိုပါမြို့၌ စတင်ဖွင့်လှစ်ကျင်းပခဲ့ရာ တရုတ်အသင်းသည် အသင်းလိုက် လက်ဆင့်ကမ်းပြိုင်ပွဲ သုံးမျိုးစလုံးတွင် နောက်တစ်ဆင့်သို့ တက်ရောက်နိုင်ခဲ့သည်။
ပြိုင်ပွဲဖွင့်ပွဲနေ့တွင် ဆုတံဆိပ်များ ချီးမြှင့်ခြင်း မရှိသေးပေ။
အမျိုးသမီး မီတာ ၃,၀၀၀ လက်ဆင့်ကမ်းပြိုင်ပွဲ ကွာတားဖိုင်နယ်တွင် ဝမ်ရှင်းရန်၊ စုန့်ကျားရွှေ၊ ကျန်းကျားနင်နှင့် ကျန်းယန်တို့ပါဝင်သည့် တရုတ်ကစားသမား လေးဦးပါ အဖွဲ့သည် စံချိန် ၄ မိနစ် ၁၂.၆၂၂ စက္ကန့်ဖြင့် ၎င်းတို့၏ အုပ်စုတွင် ပထမနေရာရရှိကာ နောက်တစ်ဆင့်သို့ တက်ရောက်သွားခဲ့သည်။ တရုတ်အသင်းသည် ယခင် ဆိုးလ်မြို့၌ ကျင်းပခဲ့သည့် ပွဲစဉ်တွင်လည်း ယင်းပြိုင်ပွဲ၌ အနိုင်ရရှိခဲ့ပြီး ရာသီသစ်၏ ပထမဆုံး World Tour ရွှေတံဆိပ်ဆုကို ဆွတ်ခူးထားနိုင်ခဲ့သည်။ တရုတ်အသင်းသည် ဆီမီးဖိုင်နယ်တွင် ကနေဒါ၊ နယ်သာလန်နှင့် ပြင်သစ်အသင်းတို့နှင့် ရင်ဆိုင်ယှဉ်ပြိုင်ရမည် ဖြစ်သည်။
အမျိုးသား မီတာ ၅,၀၀၀ လက်ဆင့်ကမ်းပြိုင်ပွဲ ကွာတားဖိုင်နယ်တွင် စွန်းလုန်၊ ကျန်းပိုင်ဟောက်၊ ကျန်းကျီရှနှင့် လီယွိဟိန်တို့သည် ၎င်းတို့၏ အုပ်စုတွင် ဒုတိယနေရာဖြင့် ပန်းဝင်ကာ ဆီမီးဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့ပြီး ယင်းအဆင့်တွင် တရုတ်အသင်းသည် တောင်ကိုရီးယား၊ နယ်သာလန်၊ အီတလီနှင့် ဘယ်လ်ဂျီယမ်အသင်းတို့နှင့် ရင်ဆိုင်ယှဉ်ပြိုင်ရမည် ဖြစ်သည်။
အမျိုးသား၊ အမျိုးသမီး အတွဲလိုက် လက်ဆင့်ကမ်းပြိုင်ပွဲ ကွာတားဖိုင်နယ်တွင် ကစားသမားချင်း တိုက်မိမှုဖြစ်ပွားပြီးနောက် ပြိုင်ပွဲကို ပြန်လည်စတင်ခဲ့ရာ တရုတ်ကစားသမား စုန့်ကျားရွှေက ဦးဆောင်နိုင်ခဲ့သော်လည်း အခြားကစားသမားတစ်ဦးနှင့် ထိခိုက်မိပြီးနောက် ပြိုင်ပွဲလမ်းကြောင်း ပြင်ပသို့ ရောက်ရှိသွားခဲ့သည်။ တရုတ်အသင်းသည် ပထမတွင် စတုတ္ထနေရာဖြင့် ပန်းဝင်ခဲ့ပြီး နောက်တစ်ဆင့်တက်ခွင့်နှင့် လွဲချော်ခဲ့သော်လည်း နောက်ပိုင်းတွင် အယူခံဝင်ရာ၌ အနိုင်ရရှိခဲ့သဖြင့် ဆီမီးဖိုင်နယ်သို့ တက်ရောက်ခွင့် ရရှိသွားခဲ့သည်။
"ဒီပွဲစဉ်မှာ ကျွန်တော့်ရဲ့ လက်စွမ်းပိုင်းက အဆင်ပြေနေတယ်လို့ ခံစားရပါတယ်၊ ပြီးခဲ့တဲ့ ပွဲစဉ်အနည်းငယ်ထက် အများကြီး ပိုကောင်းလာပါတယ်။ အိမ်ကွင်းမှာ ယှဉ်ပြိုင်ရတာဖြစ်လို့ ရေခဲပြင်အနေအထားက သိပ်ကို သက်သောင့်သက်သာရှိပြီး ကျွန်တော်နဲ့ တော်တော်လေး ကိုက်ညီမှုရှိပါတယ်" ဟု ကျန်းပိုင်ဟောက်က ပြောကြားခဲ့သည်။
အစောပိုင်း ပွဲစဉ်များမှ ၎င်း၏ တိုးတက်မှုနှင့် အားနည်းချက်များကို ပြန်လည်သုံးသပ်ရာတွင် ကျန်းပိုင်ဟောက်က "စွမ်းဆောင်ရည်၊ စဉ်းစားတွေးခေါ်ပုံနဲ့ ပြိုင်ပွဲလမ်းကြောင်း ရွေးချယ်မှု အပိုင်းတွေမှာ ကျွန်တော်နဲ့ ဒီထိပ်တန်း စကိတ်စီးသမားတွေကြားမှာ ကွာဟချက် အကြီးကြီး ရှိနေပါသေးတယ်။ သူတို့နဲ့ ယှဉ်ပြိုင်နိုင်တဲ့ အဆင့်အထိ ကျွန်တော် ရောက်ရှိသေးတယ်လို့ မထင်ပါဘူး။ ပြီးခဲ့တဲ့ ပွဲစဉ်သုံးခုတုန်းက ကျွန်တော့်မှာ ယုံကြည်မှု မရှိခဲ့ပါဘူး။ ဒီပွဲစဉ်မှာတော့ ယုံကြည်မှု ပိုရှိလာပြီး ပရိသတ်တွေကို အတွေ့အကြုံကောင်းတွေ ပေးစွမ်းနိုင်ဖို့ မျှော်လင့်ပါတယ်" ဟု ပြောကြားခဲ့သည်။
နိုဝင်ဘာ ၂၈ ရက်တွင် ရွှေတံဆိပ် လေးခုအတွက် အဆုံးအဖြတ်ပေးမည့် ပြိုင်ပွဲများ ကျင်းပသွားမည်ဖြစ်ပြီး ၎င်းတို့မှာ အမျိုးသား မီတာ ၅၀၀ ပြိုင်ပွဲ၊ အမျိုးသမီး မီတာ ၁,၀၀၀ ပြိုင်ပွဲ၊ အမျိုးသား မီတာ ၁,၅၀၀ ပြိုင်ပွဲနှင့် အမျိုးသမီး မီတာ ၃,၀၀၀ လက်ဆင့်ကမ်းပြိုင်ပွဲတို့ ဖြစ်သည်။ (Xinhua)


------------------------------------------
(English Version)
China's relay teams advance as short track World Tour kicks off in Shanghai
SHANGHAI, Nov. 27 (Xinhua) -- The Shanghai stop of the 2026-27 ISU Short Track World Tour opened here on Friday, with China advancing in all three team relays.
No medals were awarded on the opening day.
In the women's 3,000m relay quarterfinals, the Chinese quartet of Wang Xinran, Song Jiarui, Zhang Jianing and Zhang Yan clocked 4:12.622 to win their group and advance. China won the event at the previous stop in Seoul, claiming its first World Tour gold of the new season. China will face Canada, the Netherlands and France in the semifinals.
In the men's 5,000m relay quarterfinals, Sun Long, Zhang Baihao, Zhang Zixia and Li Yuheng finished second in their group to reach the semifinals, where China will take on South Korea, the Netherlands, Italy and Belgium.
In the mixed team relay quarterfinals, the race restarted after a collision as China's Song took the lead but went off the track after contact with another skater. China first finished fourth and missed out, but later won an appeal and advanced to the semifinals.
"I feel my form is okay at this stop, much better than in the previous few stops. Competing at home, the ice is very comfortable and suits me very well," Zhang Baihao said.
Reflecting on his progress and shortcomings from the earlier stops, Zhang Baihao said: "There is still a big gap between me and these top skaters in terms of ability, thinking and racing lines. I don't think I have reached the level where I can compete with them yet. I was not confident at the previous three stops. I hope I can become more confident here and give the fans a good experience."
Four gold medals will be decided on Saturday: the men's 500m, women's 1,000m, men's 1,500m and women's 3,000m relay.
Photo Caption 1 :Zhang Jianing, Zhang Chutong and Zhang Yan (from L to R) of team China celebrate after the women's 3,000m relay finals at the ISU Short Track World Tour 2026/27 in Seoul, South Korea, Nov. 21, 2026. (Photo by Jun Hyosang/Xinhua)
Photo Caption 2 :Gold medalists team China pose during the awarding ceremony after the women's 3,000m relay finals at the ISU Short Track World Tour 2026/27 in Seoul, South Korea, Nov. 21, 2026. (Photo by Jun Hyosang/Xinhua)