Xinhua Myanmar

မော်ရိုကိုလက်ရွေးစင် ဘရာဟင် ဒီယက်ဇ် ရီးရဲလ်မက်ဒရစ်နှင့် စာချုပ်သက်တမ်းတိုး

စပိန်နိုင်ငံ၊ မက်ဒရစ်မြို့၊ Coliseum အားကစားကွင်း၌ ကျင်းပသည့် လာလီဂါ ဘောလုံးပွဲစဉ်အတွင်း ရီးရဲလ်မက်ဒရစ်အသင်းမှ ဘရာဟင် ဒိုင်ယာဇ် (ယာ) ဂီတာဖေးအသင်း ဂိုးသမား David Soria နှင့် ဘောလုံးယှဉ်လုနေပုံကို ၂၀၂၅ ခုနှစ် ဧပြီ ၂၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မက်ဒရစ်၊ နိုဝင်ဘာ ၂၈ ရက် (ဆင်ဟွာ)

မော်ရိုကိုလက်ရွေးစင်ကွင်းလယ်လူ ဘရာဟင် ဒီယက်ဇ်သည် ၂၀၃၁ ခုနှစ်၊ ဇွန်လအထိ အသင်းတွင် ဆက်လက်ရှိနေမည့် သက်တမ်းတိုးစာချုပ်ကို ရီးရဲလ်မက်ဒရစ်အသင်းနှင့် ချုပ်ဆိုခဲ့ကြောင်း စပိန်ထိပ်သီးကလပ်က နိုဝင်ဘာ ၂၇ ရက်၌ ကြေညာခဲ့သည်။

"ရီးရဲလ်မက်ဒရစ်နှင့် ဘရာဟင် ဒီယက်ဇ်တို့သည် စာချုပ်သက်တမ်းတိုးရန် သဘောတူညီမှု ရရှိခဲ့ပြီး ၎င်းအနေဖြင့် ၂၀၃၁ ခုနှစ်၊ ဇွန်လ ၃၀ ရက်အထိ ကလပ်အသင်းတွင် ဆက်လက်ရှိနေမည်" ဟု ကလပ်အသင်းက ၎င်းတို့၏ ဝက်ဘ်ဆိုက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

မော်ရိုကိုအသင်းအတွက် ၃၆ ပွဲ ပါဝင်ကစားထားသည့် မာလာဂါတွင် မွေးဖွားသည့် ကွင်းလယ်လူ၏ ယခင်စာချုပ်မှာ ၂၀၂၇ ခုနှစ်၊ ဇွန်လက သက်တမ်းကုန်ဆုံးမည် ဖြစ်သည့်အတွက် ၎င်းသည် ဇန်နဝါရီလမှ စတင်ကာ အခြားကလပ်အသင်းများနှင့် လွတ်လပ်စွာ ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ခွင့် ရရှိမည် ဖြစ်သည်။

အသက် ၂၇ နှစ်ရှိ အဆိုပါကစားသမားသည် ရီးရဲလ်မက်ဒရစ်အသင်းသို့ ၂၀၁၉ ခုနှစ်တွင် မန်စီးတီးအသင်းမှ ပြောင်းရွှေ့လာခဲ့သည်။ ၎င်းသည် ရီးရဲလ်မက်ဒရစ်အသင်း၏ ပထမအသင်းအတွက် ၁၇၃ ပွဲ ပါဝင်ကစားထားပြီး ၂၂ ဂိုး သွင်းယူပေးထားကာ အီတလီတွင် အငှားသွားရောက်ကစားခဲ့သည့် ၃ ရာသီအတွင်း အေစီမီလန်အသင်းအတွက် ၁၂၄ ပွဲ ပါဝင်ကစားခဲ့ပြီး ၁၈ ဂိုး သွင်းယူနိုင်ခဲ့ကြောင်း သိရသည်။ (Xinhua)

…………………

(English version)

Moroccan international Brahim Diaz extends stay at Real Madrid

MADRID, Nov. 27 (Xinhua) -- Moroccan international midfielder Brahim Diaz has signed a contract extension with Real Madrid that will keep him at the club until June 2031, the Spanish giants announced on Friday.

"Real Madrid C. F. and Brahim Diaz have agreed to extend the contract of our player, linking him to the club until June 30, 2031," the club said in a statement on its website.

The previous contract of the Malaga-born midfielder, who has made 36 appearances for Morocco, was due to expire at the end of June 2027, meaning he would have been free to negotiate with other clubs from January.

The 27-year-old joined Real Madrid from Manchester City in 2019. He has made 173 first-team appearances for the club, scoring 22 goals, and also played 124 times for AC Milan, scoring 18 goals, during three seasons on loan in Italy. ■

Photo caption : Brahim Diaz (R) of Real Madrid vies with goalkeeper David Soria of Getafe CF during the Laliga football match between Real Madrid and Getafe CF in Coliseum Stadium, Madrid, Spain, on April 23, 2025. (Photo by Gustavo Valiente/Xinhua)

မူရင်းသတင်း — Xinhua Myanmar