
ဖလမ်း ၊ နိုဝင်ဘာ ၂၉
ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရန် ရောက်ရှိနေသည့် နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဗိုလ်ချုပ်ကျော်ကျော်ဟန်သည် နိုဝင်ဘာလ (၂၈) ရက်တွင် ချင်းပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးခင်မောင်ထွေး၊ ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့်ပြန်လည်တည်ဆောက်ရေး ကော်မတီဝင်များနှင့်အတူ ဖလမ်းမြို့ ဌာနဆိုင်ရာများစုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေးသည်။ရှေးဦးစွာ နံနက်ပိုင်းတွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့ဝင်များသည် ဖလမ်းမြို့ပြည်သူ့ဆေးရုံကြီး ဆေးရုံဝင်းအတွင်း၌ ဖလမ်းမြို့ရှိ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့်ဌာနဆိုင်ရာများ စုစုပေါင်း အင်အား (၂၂၃) ဦးဖြင့် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုအား ကြည့်ရှုအားပေးသည်။ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးနှင့်အဖွဲ့ဝင်များသည် အကြမ်းဖက်ဖြစ်စဥ်များကြောင့် တစ်စိတ်တစ်ပိုင်း ပျက်စီးသွားသည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒု-ဦးစီးနေအိမ် ပြုပြင်ပြီးစီး၍ ဝန်ထမ်းမိသားစုများ အခြေချနေထိုင်နေမှုအားလည်းကောင်း၊ စီမံကိန်းရေးဆွဲရေး ဦးစီးဌာန၊ ခရိုင်စီမံကိန်းဦးစီးရုံး ပြုပြင်ပြီးစီးမှုနှင့်၊ မြို့နယ်စီမံကိန်းဦးစီးရုံး တွဲဖက်ဖွင့်လှစ် ထားရှိမှုနှင့် ခရိုင်ဥပဒေဝန်ထမ်းအိမ်ရာ ပြုပြင်ပြီးစီးမှုအားလည်းကောင်း၊ ခရိုင်ရဲတပ်ဖွဲ့ ၄ခန်းတွဲ ၂ ထပ်အဆောက်အအုံပြုပြင်ပြီးစီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ပြုပြင်ပြီးသည့်အဆောက်အအုံများ ထိန်းသိမ်းခြင်းလုပ်ငန်းများ၊ အဆောက်အအုံပတ်ဝန်းကျင်သန့်ရှင်းရေး၊ ရေစီးရေလာကောင်းမွန်စေရေးများ စီမံဆောင်ရွက်ရန် ပူးပေါင်းညှိနှိုင်းဆောင်ရွက်ပေးကြောင်း သိရသည်။
https://t.me/MyanmarNationalPost