NP News

ဒီဇင်ဘာ (၁၆)ရက်တွင် မိခင်နိုင်ငံသို့ပြန်မည်ဟု ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာပြော

ဂျန်ဇက် (NP News) - နိုဝင်ဘာ ၂၉

ဘင်္ဂလားဒေရှ့်ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာဆီနာ သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပြန်လာမည်ဟု အကြိမ်ကြိမ် ပြောဆိုခဲ့ဖူးရာလက်ရှိအချိန်တွင် ၎င်း၏ အိမ်ပြန်ခရီးအတွက် ရက်စွဲအတိအကျ ဒီဇင်ဘာ (၁၆) ရက်ဟု သတ်မှတ်လိုက်ပြီဖြစ်ကြောင်း သိရသည်။

ကျောင်းသားများ ဦးဆောင်သည့် လူထုအုံကြွမှုကြောင့် (၁၅) နှစ်ကြာ အုပ်ချုပ်ရေး အဆုံးသတ်သွားပြီးနောက် ၂၀၂၄ ခုနှစ် ဩဂုတ်လတွင် ဒေလီမြို့သို့ ထွက်ပြေးတိမ်းရှောင်သွားခဲ့သည့် အသက် (၇၉) နှစ်အရွယ် ဟာဆီနာသည် ၁၉၇၁ ခုနှစ် လွတ်မြောက်ရေးစစ်ပွဲတွင်ဘင်္ဂလားဒေ့ရှ်က အောင်ပွဲခံခဲ့သည့်နှစ်ပတ်လည်နေ့ဖြစ်သော အောင်ပွဲနေ့တွင် ပြန်လာရန် စီစဉ်ထားကြောင်း ၎င်း၏ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။

ရှိတ်ဟာစီနာသည် ဝန်ကြီးချုပ်အဖြစ် တာဝန်ယူချိန်အတွင်း ဆန္ဒပြသူများကို ဖြိုခွင်းမှုများအတွင်း ၎င်း၏ အခန်းကဏ္ဍအတွက် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများဖြင့် ပြစ်မှုထင်ရှားတွေ့ရှိပြီးနောက် ၎င်းမရှိဘဲ ပြုလုပ်ခဲ့သည့် တရားခွင်မှတစ်ဆင့် သေဒဏ်ချမှတ်ခံထားရကြောင်း သိရသည်။

ရှိတ်ဟာစီနာ မရှိဘဲ သေဒဏ်ချမှတ်ခြင်းအပေါ် တရားမျှတမှု ရှိ၊ မရှိ မေးခွန်းထုတ်စရာများဖြစ်ပေါ်စေခဲ့ကြောင်းသိရသည်။ ထိုအပြင် ဘင်္ဂလားဒေရှ့်အာဏာပိုင်များသည် ၎င်း၏ အာဝါမီလိဂ် ပါတီကိုလည်း ဘင်္ဂလားဒေ့ရှ်တွင် ပိတ်ပင်ထားကြောင်း သိရသည်။
ဘင်္ဂလားဒေရှ့်အစိုးရက ရှိတ်ဟာစီနာ ပြန်လာပါက ချက်ချင်းဖမ်းဆီးသွားမည်ဖြစ်ပြီး သေဒဏ်ကို အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဟု ကတိပြုထားသည်။ ရှိတ်ဟာစီနာသည် လက်ရှိအချိန်တွင် အိန္ဒိယနိုင်ငံ ဒေလီမြို့မှ လေယာဉ်ခရီးစဉ်တစ်ခု စီစဉ်ပေးရန် ဘင်္ဂလားဒေ့ရှ်အစိုးရထံ တောင်းဆိုထားပြီး လေယာဉ်စီစဉ်ပေးမှုမရှိပါက ရှိတ်ဟာစီနာသည် ခရီးသွားလေကြောင်းလိုင်း (သို့မဟုတ်) ကုန်းလမ်းနယ်စပ်ကို ဖြတ်ကျော်ပြီး ဝင်ရောက်သွားဖွယ်ရှိနေကြောင်း သိရသည်။

ဟာဆီနာ၏ အဓိက လက်ထောက်တစ်ဦးဖြစ်သူ အဘူ အိုဘိုင်ဒါ အာရင်က "သူမဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို လမ်းလျှောက်ပြီး ဝင်ရောက်ဖို့အထိတောင် အသင့်ဖြစ်နေပါပြီ" ဟု ပြောသည်။ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့သည် နယ်နမိတ်ချင်းထိစပ်နေပြီး ၂၅၄၅မိုင်) ခန့် နယ်နိမိတ်ချင်း ထိစပ်နေကြောင်း သိရသည်။ ဟာဆီနာ၏ အဓိက လက်ထောက်တစ်ဦးဖြစ်သူ အဘူ အိုဘိုင်ဒါ အာရင်က ရှိတ်ဟာစီနာကိုထောက်ခံသူများက ဖြတ်ကျော်ဝင်ရောက်နိုင်မည့် နယ်စပ်နေရာ ၉ ခုကို ရှာဖွေသတ်မှတ်ထားပြီးဖြစ်ကြောင်း ပြောသည်။

၎င်းက "ဒါဟာ သေသေချာချာ စဉ်းစားပြင်ဆင်ထားတဲ့ တိကျတဲ့ အစီအစဉ်တစ်ခုပါ။ ဒါဟာ တကယ့်ကို အလေးအနက် လုပ်ဆောင်တာ ဖြစ်ပါတယ်" ဟု ဆိုသည်။ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးရာ ဝန်ကြီး ဟူမေယွန် ကိုဘီယာက'"လက်တွေ့ဘဝနဲ့ ဆန္ဒဆိုတာ မတူညီတဲ့ အရာတွေပါ။လက်တွေ့မှာ သူမဟာ သာမန်ခရီးသည်တစ်ဦး မဟုတ်ပါဘူး။ သူမကို လက်ထိပ်ခတ်ပြီးမှသာ ပြန်ခေါ်လာနိုင်မှာ ဖြစ်ပါတယ်" ဟု ပြောသည်။

မူရင်းသတင်း — NP News