
ပဲခူး ၊ နိုဝင်ဘာ ၂၉
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ အပတ်စဉ်စနေနေ့တိုင်း မြို့/ရွာသန့်ရှင်းသာယာလှပစေရေး စုပေါင်းသန့်ရှင်းရေးပြုလုပ်ခြင်းအား နိုဝင်ဘာလ (၂၈) ရက်နေ့၊ နံနက်ပိုင်းက တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် (၂၈) မြို့နယ်၌ တစ်ပြိုင်တည်း ပြုလုပ်သည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများလိုက်ပါလျက် ပဲခူးမြို့၊ ဥဿာမြို့သစ်၊ တိုင်းရင်းဆေးရုံနေရာ၌ စုပေါင်းသန့်ရှင်းရေး ပြုလုပ်နေမှုအား လှည့်လည်ကြည့်ရှုအားပေးခဲ့ပြီး ခြောက်သွေ့ရာသီဖြစ်၍ မီးဘေးကြိုတင်ကာကွယ်နိုင်ရေး ခြံနွယ်နှင့်အမှိုက်များ ရပ်ကွက်များအလိုက် ရှင်းလင်းသွားရန်၊ လမ်းဘေးဝဲယာစိုက်ပျိုးပြီး အရိပ်ရသစ်ပင်များရှင်သန်စေရေး ဆောင်ရွက်ရန်၊ ရေကြီးရေလျှံ မှုလျော့နည်းသက်သာစေရေး မိုးရာသီမတိုင်မီ ခြောက်သွေ့ရာသီကတည်းက ရေထုတ်မြောင်းများ ကြိုတင်ရှင်းလင်းထားကြရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှဦးဆောင်၍ တိုင်းဒေသကြီးအတွင်း မြို့နယ် (၂၈) မြို့နယ်ရှိ တက္ကသိုလ်များ၊ ဒီဂရီကောလိပ်များ၊ စာသင်ကျောင်းများ၊ ဆေးရုံများ၊ ဘာသာရေးအဆောက်အဦများတို့တွင် တိုင်းဒေသကြီး/ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ တပ်ရင်းတပ်ဖွဲ့များ၊ ရပ်ကွက်နေပြည်သူများ၏ ပေါင်းစုအားဖြင့် စုပေါင်း သန့်ရှင်းရေး ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ဆက်လက်၍ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့အစီစဉ်ဖြင့် ဒေသခံပြည်သူများ စျေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်ရေး ဆန်၊ ဆီ၊ ကြက်ဥ၊ ကြက်သား၊ ငါးနှင့် ဟင်းသီးဟင်းရွက် စသည့်ဟင်းချက်စရာများ လှည့်လည်ရောင်းချနေမှုအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
သက်ဖြိုးကြိုင်
https://t.me/MyanmarNationalPost