၂၉.၁၁.၂၀၂၆
Written Linn Eain
အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) က မြန်မာနိုင်ငံအပေါ် မှန်ကန်မှုမရှိသော စီရင်ချက်များ ချမှတ်ခဲ့သည်ကို ကန့်ကွက်ရှုတ်ချ ဆန္ဒထုတ်ဖော်ပွဲအား ပဲခူးမြို့၊ ရွှေမော်ဓောဘုရားအနီး ယာဉ်ရပ်နားကွင်းတွင် ယနေ့ နိုဝင်ဘာ ၂၉ ရက်၊ နံနက် ၈ နာရီက ပြုလုပ်ခဲ့သည်။
အဆိုပါ ကန့်ကွက်ရှုတ်ချပွဲသို့ ရဟန်းရှင်လူ ဦးရေ ထောင်နှင့်ချီ ပါဝင်ခဲ့ပြီး ပဲခူးမြစ်တံတားမှ တန်းစီချီတက်မ ရွှေမော်ဓောဘုရားယဉ်ရပ်နားဝင်းသို့ နံနက် ၇ နာရီတွင် စတင်၍ တန်းစီးလမ်းလျှောက် ချီတက်ခဲ့ကြသည်။





ထို့နောက် နိုင်ငံတော်သီချင်း သံပြိုင်သီဆိုကာ ကန့်ကွက်ရှုတ်ချပွဲစတင်ခဲ့ပြီး စာရေးဆရာ အမတ်ဒိန်၊ အမျိုးသားရေးလှုပ်ရှားသူ နောင်တော်လေး၊ ဆရာတော် အရှင်ဦးဝီရသူတို့က ICJ ဆုံးဖြတ်ချက်နှင့်ပတ်သက်ပြီး ကန့်ကွက်ကြောင်းဟောပြောကာ ဇာတိမာန်သီချင်းသံပြိုင်သီဆို၍ အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သိရသည်။
၂ဝ၂၆ ခုနှစ်၊ နိုဝင်ဘာလ (၁၉)ရက်တွင် ICJ တရားရုံးက မြန်မာနိုင်ငံအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့ကြောင်းအပါအဝင် မှန်ကန်မှုမရှိသော စီရင်ချက်များ ချမှတ်ခဲ့သည့်အပေါ် ရဟန်းရှင်လူပြည် သူတစ်ရပ်လုံးက မခံနိုင်မရပ်နိုင် ဖြစ်ခဲ့ကြရ၍ အဆိုပါ ကန့်ကွက်ရှုတ်ချပွဲကို ပြုလုပ်ရခြင်းဖြစ်ကြောင်း စီစဉ်သူများက ပြောကြားခဲ့သည်။






ထိုကြောင့်ICJ ၏ ဆုံးဖြတ်ချက်များကို မြန်မာနိုင်ငံက ပြတ်သားစွာ ကန့်ကွက်ကြောင်း ပြသရန် ပဲခူးမြို့ဒေသခံများအပါအဝင် ဒေသအသီးသီးမှ ရဟန်းရှင်လူ ပြည်သူများက ကြွေးကြော်သံများ၊ လက်ကိုင်ဘုတ်ပြားများဖြင့် ဆန္ဒထုတ်ဖော်ကန့်ကွက်ခဲ့ကြောင်း သိရသည်။