
ရန်ကုန်-နိုဝင်ဘာ၂၉-၂၀၂၆
EP(VOM)
နိုင်ငံရေးအခြေအနေကြောင့် ရပ်ဆိုင်းထားရတဲ့ မန္တလေးတိုင်း ညောင်ဦးမြို့နယ်၊ ကျောက်ပန်းတောင်းမြို့နယ်၊ ချောက်မြို့နယ်တို့ အကြား တည်ရှိနေတဲ့ ရေနံမှော်သုံးခုကို ကုမ္ပဏီ ၁၃ ခုက လုပ်ကိုင်ခွင့် ရကြောင်း ပြည်ထောင်စုအစိုးရက ထုတ်ပြန်လိုက်ပါတယ်။
လုပ်ပိုင်ခွင့် ပေးထားတဲ့ ကုန်းတွင်းလုပ်ကွက်တွေမှာ လုပ်ကွက်-၃ တက်မဧရိယာ (IOR3-တက်မ)၊ လုပ် ကွက်-၂ နတ်ပလ္လလင်ဧရိယာ (RSF2-နတ်ပလ္လလင်) နဲ့ လုပ်ကွက်-၃ ငါးရှန်တောင်ဧရိယာ (RSF3-ငါးရှန်တောင်) တို့မှာ တူးဖော်ထုတ်လုပ်သွားမှာ ဖြစ်ပါတယ်။
ရေနံအထွက်နှုန်းတိုးတက်စေရေးနည်းပညာနဲ့ ပြန် လည်ရှာဖွေတူးဖော်ရမယ့် တက်မရေနံမှော် လုပ်ကွက်နဲ့ ရပ်ဆိုင်းထားတဲ့ ရေနံမြေတွေ ပြန်လည်ဖော်ထုတ်ခြင်း နည်းပညာနဲ့ နတ်ပလ္လလင်ဧရိယာ တို့ ဖြစ်ပါတယ်။
လုပ်ကိုင်ခွင့်ရတဲ့ တွေဟာ ပြည်တွင်း ကုမ္ပဏီတွေ ဖြစ်ပါတယ်။ ကုမ္ပဏီတွေကတော့ Mother City ၊ Moe Daung Thar ၊ Myin Mo Than ၊ Myittar Yay Kyi ၊ Naing Sie Group ၊ Popa Survey and Construction ၊ Pyay Hlan Hein ၊ Shwe Oil ၊ Shwe Sin Moe (ATK) ၊ Shwe Thein Than Kaba ၊ Star Two Khaing Yar Zar ၊ Taw Win Htike Tan နဲ့ Za Bu Yake တို့ ဖြစ်ပါတယ်။
” တက်မကနေ အကုန်လုံး ပြန်မဖွင့် ထားပါဘူး။ MOGE က သတ်မှတ်တဲ့ ကျင်းမှာ သူနည်းစနစ်အတိုင်း တူးဖော်ဖို့ကတော့ ခွင့်ပြုနေပါတယ်။ ” လို့ တက်မရေနံမှော်တွင် နေထိုင်တဲ့ ဒေသခံတဦးက ပြောပါတယ်။
နတ်ပလ္လလင် ဧရိယာ ၊ ငါးရှန်တောင် ဧရိယာ တို့ဟာ တက်မရေနံမှော်တို့နဲ့ တဆက်တည်း ရှိတဲ့ ရေနံမှော်တွေ ဖြစ်ပါတယ်။
တက်မရေနံမှော် အပါအဝင် မြန်မာနိုင်ငံ အလယ်ပိုင်းက ရေနံမှော်တွေဟာ ၂၀၂၃ ခုနှစ်မှာ နယ်မြေ မတည်ငြိမ်လို့ ပိတ်သိမ်းခဲ့ပါတယ်။
တက်မရေနံမှော်ကို မေလကုန်ပိုင်း (မေလ ၂၁ ရက်နေ့တွင် စတင်အကြောင်းကြားခဲ့ပြီး မေလ ၂၅ ရက်နေ့တွင် အပြီးပိတ်သိမ်းခဲ့ပါတယ်။
ပြည်ထောင်စု အစိုးရ ကတော့ လုပ်ကိုင်ခွင့်ရတဲ့ ကုမ္ပဏီအနေနဲ့ တည်ဆဲဥပဒေတွေ၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနနဲ့ ချုပ်ဆိုထားတဲ့ လုပ်ငန်းဆောင်ရွက်မှု သဘောတူစာချုပ်ပါ စည်းကမ်းချက်တွေကို လိုက်နာရမယ်လို့ ဆိုပါတယ်။
ကုမ္ပဏီတွေအနေနဲ့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနနဲ့ ချုပ်ဆိုထားတဲ့ လုပ်ငန်းဆောင်ရွက်မှု သဘောတူစာချုပ်ပါ ရေနံအချိုးခွဲဝေမှု သတ်မှတ်ချက်အတိုင်း အကျိုးခံစားခွင့်ရှိတယ်လို့ သတင်းထုတ်ပြန် ထားပါတယ်။
#ရေနံ #လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန #ကုန်းတွင်းလုပ်ကွက် #vioceofmyanmar #VOM