NP News

(၆၈၀) မဂ္ဂါဝပ် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ တည်ဆောက်ရန် စီစဉ်နေ

သန့်ဇင် (NP News) - နိုဝင်ဘာ ၂၉

မြန်မာနိုင်ငံတွင် (၆၈၀)မဂ္ဂါဝပ်ရှိ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံတည်ဆောက်ရန် စီစဉ်နေပြီး ကမ်းလွန်သဘာဝဓာတ်ငွေ့သိုက်များဖြစ်သည့် A-6 နှင့် M-15 တို့ကို (၂၀၂၈)ခုနှစ်တွင်ထုတ် လုပ်နိုင်ရန်ကြိုးစားနေ ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က နိုဝင်ဘာလ (၁၈)ရက်တွင် ပြည်ထောင်စုလွှတ်တော်၌ ပြောကြားခဲ့ သည်။

မဂ္ဂါဝပ်(၆၈၀)ရှိ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံကို မည်သည့်နေရာနှင့်မည်သည့် ခုနှစ်တွင် စတင် တည်ဆောက်မည်ကိုမူ ထည့်သွင်း ပြောကြားခဲ့ခြင်း မရှိပေ။

“Gas နဲ့ပတ်သက်တာက။ Gas က (၆၈၀) မဂ္ဂါဝပ်ရှိတဲ့ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက် ရုံတည် ဆောက်ဖို့လုပ်နေပါတယ်။ လက်ရှိစက်ရုံတွေလည်း Gas အပြည့်မရပါဘူး။ အဲဒါကြောင့် Gas အပြည့်ရအောင် ကျွန်တော် တို့လုပ်မှာဖြစ်ပါတယ်။ နောက်ပြီး စက်ရုံတွေ စွမ်းအားကျတဲ့အတွက် ဒီစက်ရုံ တွေမြှင့်တင်ပေးဖို့လုပ်တာရှိပါတယ်”ဟု နိုင်ငံတော် သမ္မတကပြောကြားခဲ့သည်။

ထို့ပြင် သဘာဝဓာတ်ငွေ့ ထရီလျံကုဗပေ များရှိသည့် ဧရာဝတီကမ်းလွန်မှ A-6 လုပ်ကွက်နှင့် တနင်္သာရီကမ်း လွန်မှ M-15 လုပ်ကွက်များကို (၂၀၂၈) ခုနှစ်တွင် စတင်ထုတ်ယူနိုင်ရန် ကြိုးစားနေကြောင်း နိုင်ငံတော်သမ္မတက ဆိုသည်။

“အလားတူပါပဲ။ မြန်မာနိုင်ငံရဲ့ကံတစ်ခုလို့ ပြောရမှာပေါ့နော်။ ကျွန်တော်တို့ ဧရာဝတီတိုင်းရဲ့ အ နောက်တောင် ဘက်မှာ A-6 ဆိုတဲ့ အကွက်တစ်ကွက် ရှိပါတယ်။ အဲဒီမှာ (၈ ဒသမ ၄) ထရီလျံကုဗပေရှိတဲ့ ဓာတ်ငွေ့သိုက်တွေ့ပါတယ်။ နောက်တစ်ခါ M-15 ပေါ့။ အဲဒါကတော့ ထားဝယ်နဲ့မြိတ်ရဲ့ အနောက်ဘက် ခြမ်းလောက်မှာရှိပါတယ်။ မြန်မာ့ကမ်းလွန် နားမှာရှိ ပါတယ်။ အဲဒါကတော့ (၉၄ ဒသမ ၆) ထရီလျံ ကုဗပေရှိတဲ့ဓာတ်ငွေ့သိုက် ကျွန်တော်တို့တွေ့ထားပါတယ်။ ဒီ (၉၄ ဒသမ ၆)ဓာတ်ငွေ့သိုက်ဟာ ကမ္ဘာမှာ ကြီးမားတဲ့ဓာတ်ငွေ့သိုက်ထဲမှာပါပါတယ်။ ဒါတွေကို (၂၀၂၈) လောက်မှာ စတင်ထုတ်နိုင်အောင် ကြိုးစားနေပါတယ်”ဟု နိုင်ငံတော်သမ္မတက ပြောကြားခဲ့သည်။
A-6 လုပ်ကွက်သည် ဧရာဝတီတိုင်းဒေသကြီး၊ ငွေဆောင်ကမ်းခြေ၏အနောက်ဘက် ပင်လယ်ပြင် (၁၈)မိုင် (ကီလိုမီတာ ၃၀)ခန့်အကွာတွင်တည် ရှိသော ရေနက်ကမ်းလွန်သဘာဝဓာတ်ငွေ့စီမံကိန်း လုပ်ကွက်ဖြစ်ပြီး ဆယ်စုနှစ် တစ်ခုကျော်ကြာတွေ့ရှိထားသည့် သဘာဝဓာတ်ငွေ့လုပ်ကွက်ဖြစ်ကြောင်းသိရသည်။ အလားတူ M-15 သဘာဝဓာတ် ငွေ့လုပ်ကွက်သည်လည်း တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ အနီးရှိလုပ်ကွက်ဖြစ်ပြီး သဘာဝဓာတ်ငွေ့ (၉၄ ဒသ မ ၆)ထရီလျံကုဗပေထွက်ရှိမည်ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့အစိုးရလက်ထက်မှာ ထုတ် နိုင်မယ်လို့ယူဆပါတယ်။ ဒါကို ကျွန်တော်တို့ ကြိုးစား နေပါတယ်။ ဒါတွေဟာ အောင်မြင်မယ်ဆိုလို့ရှိရင် လျှပ်စစ်ဓာတ်အားကိုလည်း လုံလုံလောက်လောက် ဆောင်ရွက်ပေးနိုင်မယ်ဆိုတာ လေးပြောလိုပါတယ်”ဟု နိုင်ငံတော်သမ္မတက ပြောကြားခဲ့သည်။

zawgyi version

(၆၈၀) မဂၢါဝပ္ သဘာဝဓာတ္ေငြ႕သုံး ဓာတ္အားေပးစက္႐ုံ တည္ေဆာက္ရန္ စီစဥ္ေန

သန႔္ဇင္ (NP News) - ႏိုဝင္ဘာ ၂၉

ျမန္မာႏိုင္ငံတြင္ (၆၈၀)မဂၢါဝပ္ရွိ သဘာဝဓာတ္ေငြ႕သုံး ဓာတ္အားေပးစက္႐ုံတည္ေဆာက္ရန္ စီစဥ္ေနၿပီး ကမ္းလြန္သဘာဝဓာတ္ေငြ႕သိုက္မ်ားျဖစ္သည့္ A-6 ႏွင့္ M-15 တို႔ကို (၂၀၂၈)ခုႏွစ္တြင္ထုတ္ လုပ္ႏိုင္ရန္ႀကိဳးစားေန ေၾကာင္း ႏိုင္ငံေတာ္သမၼတ ဦးမင္းေအာင္လႈိင္က ႏိုဝင္ဘာလ (၁၈)ရက္တြင္ ျပည္ေထာင္စုလႊတ္ေတာ္၌ ေျပာၾကားခဲ့ သည္။
မဂၢါဝပ္(၆၈၀)ရွိ သဘာဝဓာတ္ေငြ႕သုံး ဓာတ္အားေပးစက္႐ုံကို မည္သည့္ေနရာႏွင့္မည္သည့္ ခုႏွစ္တြင္ စတင္ တည္ေဆာက္မည္ကိုမူ ထည့္သြင္း ေျပာၾကားခဲ့ျခင္း မရွိေပ။
“Gas နဲ႔ပတ္သက္တာက။ Gas က (၆၈၀) မဂၢါဝပ္ရွိတဲ့ သဘာဝဓာတ္ေငြ႕သုံး ဓာတ္အားေပးစက္ ႐ုံတည္ ေဆာက္ဖို႔လုပ္ေနပါတယ္။ လက္ရွိစက္႐ုံေတြလည္း Gas အျပည့္မရပါဘူး။ အဲဒါေၾကာင့္ Gas အျပည့္ရေအာင္ ကြၽန္ေတာ္ တို႔လုပ္မွာျဖစ္ပါတယ္။ ေနာက္ၿပီး စက္႐ုံေတြ စြမ္းအားက်တဲ့အတြက္ ဒီစက္႐ုံ ေတြျမႇင့္တင္ေပးဖို႔လုပ္တာရွိပါတယ္”ဟု ႏိုင္ငံေတာ္ သမၼတကေျပာၾကားခဲ့သည္။
ထို႔ျပင္ သဘာဝဓာတ္ေငြ႕ ထရီလ်ံကုဗေပ မ်ားရွိသည့္ ဧရာဝတီကမ္းလြန္မွ A-6 လုပ္ကြက္ႏွင့္ တနသၤာရီကမ္း လြန္မွ M-15 လုပ္ကြက္မ်ားကို (၂၀၂၈) ခုႏွစ္တြင္ စတင္ထုတ္ယူႏိုင္ရန္ ႀကိဳးစားေနေၾကာင္း ႏိုင္ငံေတာ္သမၼတက ဆိုသည္။
“အလားတူပါပဲ။ ျမန္မာႏိုင္ငံရဲ႕ကံတစ္ခုလို႔ ေျပာရမွာေပါ့ေနာ္။ ကြၽန္ေတာ္တို႔ ဧရာဝတီတိုင္းရဲ႕ အ ေနာက္ေတာင္ ဘက္မွာ A-6 ဆိုတဲ့ အကြက္တစ္ကြက္ ရွိပါတယ္။ အဲဒီမွာ (၈ ဒသမ ၄) ထရီလ်ံကုဗေပရွိတဲ့ ဓာတ္ေငြ႕သိုက္ေတြ႕ပါတယ္။ ေနာက္တစ္ခါ M-15 ေပါ့။ အဲဒါကေတာ့ ထားဝယ္နဲ႔ၿမိတ္ရဲ႕ အေနာက္ဘက္ ျခမ္းေလာက္မွာရွိပါတယ္။ ျမန္မာ့ကမ္းလြန္ နားမွာရွိ ပါတယ္။ အဲဒါကေတာ့ (၉၄ ဒသမ ၆) ထရီလ်ံ ကုဗေပရွိတဲ့ဓာတ္ေငြ႕သိုက္ ကြၽန္ေတာ္တို႔ေတြ႕ထားပါတယ္။ ဒီ (၉၄ ဒသမ ၆)ဓာတ္ေငြ႕သိုက္ဟာ ကမာၻမွာ ႀကီးမားတဲ့ဓာတ္ေငြ႕သိုက္ထဲမွာပါပါတယ္။ ဒါေတြကို (၂၀၂၈) ေလာက္မွာ စတင္ထုတ္ႏိုင္ေအာင္ ႀကိဳးစားေနပါတယ္”ဟု ႏိုင္ငံေတာ္သမၼတက ေျပာၾကားခဲ့သည္။
A-6 လုပ္ကြက္သည္ ဧရာဝတီတိုင္းေဒသႀကီး၊ ေငြေဆာင္ကမ္းေျခ၏အေနာက္ဘက္ ပင္လယ္ျပင္ (၁၈)မိုင္ (ကီလိုမီတာ ၃၀)ခန႔္အကြာတြင္တည္ ရွိေသာ ေရနက္ကမ္းလြန္သဘာဝဓာတ္ေငြ႕စီမံကိန္း လုပ္ကြက္ျဖစ္ၿပီး ဆယ္စုႏွစ္ တစ္ခုေက်ာ္ၾကာေတြ႕ရွိထားသည့္ သဘာဝဓာတ္ေငြ႕လုပ္ကြက္ျဖစ္ေၾကာင္းသိရသည္။ အလားတူ M-15 သဘာဝဓာတ္ ေငြ႕လုပ္ကြက္သည္လည္း တနသၤာရီတိုင္းေဒသႀကီး၊ ၿမိတ္ၿမိဳ႕ အနီးရွိလုပ္ကြက္ျဖစ္ၿပီး သဘာဝဓာတ္ေငြ႕ (၉၄ ဒသ မ ၆)ထရီလ်ံကုဗေပထြက္ရွိမည္ျဖစ္ေၾကာင္း သိရသည္။
“ကြၽန္ေတာ္တို႔အစိုးရလက္ထက္မွာ ထုတ္ ႏိုင္မယ္လို႔ယူဆပါတယ္။ ဒါကို ကြၽန္ေတာ္တို႔ ႀကိဳးစား ေနပါတယ္။ ဒါေတြဟာ ေအာင္ျမင္မယ္ဆိုလို႔ရွိရင္ လွ်ပ္စစ္ဓာတ္အားကိုလည္း လုံလုံေလာက္ေလာက္ ေဆာင္႐ြက္ေပးႏိုင္မယ္ဆိုတာ ေလးေျပာလိုပါတယ္”ဟု ႏိုင္ငံေတာ္သမၼတက ေျပာၾကားခဲ့သည္။

မူရင်းသတင်း — NP News