NP News

တာချီလိတ်တွင် ငွေကျပ်သိန်း (၂,၇၀၀)ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ သိမ်းဆည်းမိ

ထိုက်စံ(NP News)-နိုဝင်ဘာ ၂၉
ရှမ်းပြည်နယ်၊ တာချီလိတ်မြို့တွင် ငွေကျပ်သိန်း (၂,၇၀၀)ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါး တားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
ပြီးခဲ့သည့်(နိုဝင်ဘာ ၂၆ ရက်)က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ တာချီလိတ်မြို့နယ်၊ ဆီဝန်းထောင်းကျေးရွာအနီး၊ တာချီလိတ် - ဝမ်ပုံသွားကားလမ်းတွင် ညီခမ်း မောင်းနှင်ပြီး အိုက်လင်း လိုက်ပါလာသည့် TOYOTA CROWN အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှ ငွေကျပ်တန်ဖိုးသိန်း (၂,၇၉၀)တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး ကက်တမင်း အလေးချိန် (၃၁) ကီလို နှင့် လက်ကိုင်ဖုန်း (၄) လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
အဆိုပါ ဖမ်းဆီးရမိသူ အသက်(၃၀)နှစ်အရွယ် ညီခမ်း နှင့် အသက်(၂၇)နှစ်အရွယ် အိုက်လင်း တို့အား ဝမ်ပုံနယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။
အလားတူ ပြီးခဲ့သည့်(နိုဝင်ဘာ ၂၇ ရက်)က မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ သီရိဟေမာ(အနောက်)ရပ်ကွက်တွင် ငွေကျပ် တန်ဖိုးသိန်း(၅၀၀)နီးပါးရှိ မူးယစ်ဆေးဝါးများ သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။

မူရင်းသတင်း — NP News