NP News

တစ်ပတ်အတွင်း မြန်မာ့စီးပွားရေး ဈေးကွက်သုံးသပ်ချက်

ပြည့်ဖြိုး (NP News) - နိုဝင်ဘာ ၂၉

ယခုတစ်ပတ်အတွင်း နိုင်ငံခြားငွေလဲဈေးနှုန်းများဆက်လက်မြင့်တက်နေပြီး ဈေးကွက်တည်ငြိမ်မှု နည်းပါး ကြောင်း ကုန်သည်များထံမှသိရသည်။ သွင်းကုန်/ပို့ကုန်လုပ်ငန်းနှစ်မျိုးစလုံးတွင် သတိထားလုပ် ကိုင်နေရကြောင်းနှင့် ငွေလဲနှုန်းမြင့်တက်မှုမှာ ဆက် လက်ဖြစ်ပေါ်နိုင်ကြောင်း ခန့်မှန်းချက်များထွက်ပေါ်နေသည်။

လက်ရှိ နိုဝင်ဘာလ(၂၄)ရက်နေ့ ငွေလဲနှုန်းအရ အမေရိကန်တစ်‌ဒေါ်လာလျှင် (၅၂၃၀)ကျပ် ပေါက် ဈေးရှိနေရာ ယခင်တစ်ပတ်ကထက် (၃၀ဝ)ကျပ်နီးပါး မြင့်တက်လာခဲ့ခြင်းဖြစ်သည်။ သက်ဆိုင်ရာမှ ပြည်ပရောက် မြန်မာနိုင်ငံသား အလုပ်သမားများ၏ အိမ်ပြန်ပို့ငွေလဲနှုန်းများကို တိုးမြှင့်ပေးရာမှတစ်ဆင့် ပြင်ပငွေလဲနှုန်း ဆက်တိုက်မြင့် တက်လာ ခြင်းဖြစ်သည်။
ငွေလဲနှုန်းများအပြောင်းအလဲဖြစ်ပေါ်နေသော်လည်း ရွှေဈေးနှုန်းများမှာ ကမ္ဘာ့ရွှေဈေးကျဆင်းသဖြင့် ပြည်တွင်း ရွှေဈေးများ အတက်အကျအနည်းငယ်သာ ရှိကြောင်းသိရသည်။ လက်ရှိ ပြင်ပငွေလဲနှုန်းဖြင့် ပြည် တွင်းအခေါက် ရွှေဈေးကိုတွက်ချက်ပါက သိန်း (၁၀ဝ)ကျပ်အောက်တွင်သာ ပေါက်ဈေးရှိနိုင်သော်လည်း ရွှေလုပ်ငန်း၏ငွေကြေး ခိုင်မာမှုကြောင့် သိန်း (၁၀ဝ) အထက်တွင် ပေါက်ဈေးများဖြစ်ပေါ်နေသည်။ သို့သော်လည်း ပြည်တွင်းရွှေဈေးကွက် အတွင်း အဝယ်ထက် အရောင်းသာများနေပြီး ရွှေအတုများ လာရောက်ရောင်းချမှုများရှိနေသောကြောင့် သတိထားပြီး အရောင်းအဝယ်လုပ်နေရကြောင်း ရွှေဆိုင်ပိုင်ရှင်များ ထံမှသိရသည်။ ရွှေဈေးကွက်နှင့် ငွေလဲနှုန်းများတွင် အပြောင်း အလဲများရှိနေသော်လည်း စက်သုံးဆီဈေးမှာ တရိပ်ရိပ် ပြန်လည်ကျဆင်းလာကြောင်း သိရသည်။

အရှေ့အလယ်ပိုင်းဒေသ စစ်ရေးပြဿနာများ ပြန်လည်တည်ငြိမ်လာခြင်းကြောင့် အာရှဒေသ၏စက်သုံးဆီ ဈေးမှာလည်း ကျဆင်းလာခြင်းဖြစ်သည်။ ကမ္ဘာ့ရေနံဈေးမှာလည်း ရေနံစိမ်းတစ်စည်လျှင် (၈၃)ဒေါ်လာဝန်းကျင် အထိကျဆင်းလာပြီး ဆက်လက်ကျဆင်းနိုင်ကြောင်း ခန့်မှန်းချက်များထွက်ပေါ် နေသည်။ စက်သုံးဆီဈေးကျဆင်းနေ သည့်အပြင် သက်ဆိုင်ရာမှ တန်ဆောင်တိုင်ပွဲတော်ကာလအတွင်း စက်သုံးဆီပြတ်တောက်မှုမရှိရန် အရန်တင်သွင်းသို လှောင်ထားကြောင်း ထုတ်ပြန်ထားသည်။ ပွင့်လင်းရာ သီရောက်ရှိလာပြီဖြစ်ရာ ဆောက်လုပ်ရေးလုပ်ငန်းများ မြန်မာနို င်ငံတစ်ဝန်းတွင် ပြန်လည်စတင်လုပ်ကိုင်နေ ပြီဖြစ်ရာ ကျွမ်းကျင်လုပ်သားရှားပါးမှု ဖြစ်ပေါ်နေသည်။ (၂၀၂၁)ခုနှစ် နိုင်ငံရေးအပြောင်းအလဲကာလနောက်ပိုင်းမှစတင်ကာ ပြည်ပသို့ တရားဝင်ရော တရားမဝင်ပါ မြန်မာအလုပ်သမားများ ထွက်ခွာနေကြရာ ကျွမ်းကျင်ဆောက်လုပ်ရေးလုပ်သား အများစု ပါဝင်သည်။
ပြည်တွင်း၌ ကျွမ်းကျင်ဆောက်လုပ်ရေးလုပ်သားများ နည်းပါးသွားရာ အစိုးရတင်ဒါလုပ်ငန်းများတွင် ကျွမ်းကျင် လုပ်သားလိုအပ်ချက် ပိုမိုကြီးမား ကြောင်းသိရသည်။ လတ်တလော ဝါကျွတ်ကာလ ရောက်ရှိလာပြီဖြစ်ရာ အိမ်အငှား ဈေးကွက်မှာ ရန်ကုန်အပါအဝင်မြို့ကြီးများတွင် အရှိန်အဟုန်ကောင်း ကောင်းဖြင့်လည်ပတ်နေသည်။ လက်ရှိ အိမ်ခြံ မြေအငှားဈေးကွက်အတွင်း အိမ်ရှင်အများစုမှာ အိမ်ငှားခသက်တမ်းကို နှစ်ရှည်ငှားရမ်းခြင်းမပြုတော့ဘဲ သက်တမ်းတို စာချုပ်များဖြင့်သာ ပြောင်းလဲငှားရမ်းလာကြကြောင်း အိမ်ခြံမြေလုပ်ကိုင်သူများထံမှသိရသည်။ နှစ်ရှည်အိမ်ငှားများ သည် အိမ်ပိုင်သဖွယ်ပြုလုပ်လာကြသဖြင့် ဆက်မငှားရဲသည့်ဖြစ်စဉ်များရှိလာရာ အိမ်ရှင်များအနေဖြင့် သက်တမ်းတို စာချုပ်များဖြင့် ငှား ရမ်းကြခြင်းဖြစ်သည်။
(ပြည်တွင်း‌‌‌ရွှေဈေး နှင့် ငွေလဲနှုန်းများ)
ပြည်တွင်းရွှေဈေးကွက်သည် ကမ္ဘာ့ရွှေဈေးနှုန်း မြင့်တက်မှုအရ လိုက်ပါမြင့်တက်နေပြီး လတ်တလော တွင် အရောင်းအဝယ်အေးနေကြောင်း ရွှေဈေးကွက် အတွင်းမှသိရသည်။ လက်ရှိ ပွင့်လင်းရာသီဖြစ်ပြီး စပါးပေါ်ချိန် နှမ်းပေါ်ချိန်ဖြစ်သော်လည်း သီးနှံဈေး နှုန်းများကျဆင်းနေခြင်းကြောင့် တောင်သူလယ်သ မားများအခက်တွေ့နေရာ ရွှေဝယ်ယူစုဆောင်းသူ နည်းပါးနေကြောင်းသိရသည်။
ပြည်တွင်း‌ရွှေဈေးကွက်အတွင်း နိုဝင်ဘာလ (၂၄)ရက်ပေါက်ဈေးများအရ အခေါက်ရွှေ တစ်ကျပ် သားလျှင် သိန်း တစ်ရာ့သုံးသောင်းဝန်းကျင်နှင့် (၁၅) ပဲရည်လက်ဝတ်လက်စား ရွှေအထည်ပေါက်ဈေးမှာ တစ်ကျပ်သားလျှင် (၉၇)သိန်း နှစ်သောင်းဝန်းကျင် ပေါက်ဈေးများရှိကြောင်းသိရသည်။ ရွှေဈေးကွက်အတွင်း ကမ္ဘာ့ရွှေဈေးမှာ တစ်အောင်စလျှင် အမေရိကန် ဒေါ်လာ (၃၆၅၆) ဒေါ်လာဝန်းကျင်သို့ရောက်ရှိနေရာ ပြည်တွင်းရွှေဈေးမှာလည်း ကျဆင်းနိုင်ခြေမရှိ ကြောင်း ရွှေလုပ်ငန်းရှင်များက သုံးသပ်ပြောကြားသည်။ အမေရိကန်ဒေါ်လာအစား ရွှေဝယ်လိုအားများ ပါတိုး တက်လာခဲ့ရာ နိုင်ငံတကာရွှေဈေးသည် ယခု တစ်ပတ်အတွင်း ပြန်လည်ကျဆင်းနိုင်ခြေနည်းပါးနေသည်။
ငွေလဲဈေးနှုန်းဈေးကွက်တွင် ပြင်ပငွေလဲနှုန်း များနည်ငြိမ်နေပြီး အတက်အကျ အနည်းငယ်သာရှိ ကြောင်း သိရသည်။ ဗဟိုဘဏ်က သွင်းကုန်လုပ်ငန်း ရှင်များအတွက် အမေရိကန်ဒေါ်လာများ ဆက်တိုက် ထုတ်ရောင်းပေးနေရာ ပြင်ပငွေလဲဈေးကွက်အတွင်း ငွေလိုအပ်ချက်နည်းပါးကြောင်းသိရသည်။
ပြင်ပပေါက်ဈေးမှာ အမေရိကန်တစ်ဒေါ်လာလျှင် (၅၂၃၀)ကျပ်ရှိပြီး ဗဟိုဘဏ်၏ အွန်လိုင်းဈေး ကွက်ပေါက် ဈေးမှာ အမေရိကန်တစ်ဒေါ်လာလျှင် (၃၆၆၀)ကျပ်ဝန်းကျင်ဖြစ်သည်။ ယင်းဈေးနှုန်းများမှာ ယခင်တစ်ပတ် ဈေးနှုန်း များနှင့်နှိုင်းယှဉ်ပါက ကွာခြားချက်အနည်းငယ်သာရှိကြောင်းသိရသည်။ အခြားနိုင်ငံခြားငွေများဖြစ်သည့် ထိုင်းငွေ တစ်ဘတ်လျှင် (၁၅၅)ကျပ်၊ တရုတ်ငွေ တစ်ယွမ်လျှင်(၇၉၀)ကျပ်နှင့် အိန္ဒိယတစ်ရူးပီးလျှင်(၅၆)ကျပ် ပေါက်ဈေးများ အ သီးသီးဖြစ်ပေါ်နေသည်။ နယ်စပ်ကုန်သွယ်ရေးလုပ် ငန်းများမှာ သက်ဆိုင်ရာနယ်မြေအလိုက် တိုင်းရင်း သားလက် နက်ကိုင်အဖွဲ့များ၏ထိန်းချုပ်မှုအတွင်း ရောက်ရှိနေခြင်းကြောင့် ပြည်မငွေလဲနှုန်းနှင့် နယ်စပ် ငွေလဲနှုန်း အနည်း ငယ်ကွာခြားနိုင်ကြောင်းသိရသည်။
(စက်သုံးဆီဈေး ကျဆင်းလာခြင်း)
အ‌ရှေ့အလယ်ပိုင်းဒေသတွင် စစ်ရေးတင်းမာမှု လျော့ကျလာရာ ကမ္ဘာ့ရေနံဈေးများလည်း ကျဆင်းလာပြီး စင်ကာပူဈေးကွက်အတွင်း စက်သုံးဆီဈေးများ ကျဆင်းနေသည်။ မြန်မာနိုင်ငံလုံးတွင်ရှိသော စက် သုံးဆီ အရောင်းဆိုင် များတွင် စက်သုံးဆီများ ပုံမှန် ဖြည့်တင်းထားပြီး အရန်ဆီများ ကြိုတင်ထားရှိ စီမံဆောင်ရွက်ပြီးဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဌာနက ကြေညာထားသည်။
တန်ဆောင်တိုင်ပွဲတော်ရုံးပိတ်ရက်ကာလအတွင်း ခရီးသွားလာမှုများပြားနိုင်သည့်လမ်းကြောင်းများပေါ်မှ စက်သုံးဆီအရောင်းဆိုင်များတွင် လိုအပ်သောစက်သုံးဆီများကို အမြန်ဖြည့်တင်းရောင်းချပေး နိုင်ရန် ဆောင်ရွက်ထားကြောင်းသိရသည်။
ရန်ကုန်-ပဲခူး-နေပြည်တော်-မန္တလေး အမြန်လမ်း၊ ရန်ကုန်-ပုသိမ်-ချောင်းသာ-ငွေဆောင်လမ်း၊ သာစည်-ကလော-အင်းလေး-တောင်ကြီးလမ်း၊ မန္တလေး-မိတ္ထီလာ-ကျောက်ပန်းတောင်း-ပုပ္ပား-ပုဂံ လမ်း၊ မန္တလေး-ပြင်ဦး လွင်လမ်းနှင့် ရန်ကုန်-ပဲခူး-မော်လမြိုင်လမ်းကြောင်းများပေါ်မှ စက်သုံးဆီအရောင်းဆိုင်များတွင် စက်သုံးဆီများ ပုံမှန်ဖြည့်တင်း ထားပြီးဖြစ်ကြောင်းသိရသည်။
ထို့ကြောင့် အများပြည်သူများအနေဖြင့် စက်သုံးဆီများကို မြို့ကြီးများနှင့် ခရီးလမ်းတစ်လျှောက်တွင် သတ်မှတ်ထားသည့်စည်းကမ်းများအတိုင်း ဝယ်ယူ သုံးစွဲနိုင်ကြောင်းသိရသည်။ လက်ရှိအချိန်တွင် စက်သုံးဆီဈေး များမှာ စက်သုံးဆီအမျိုးအစားအလိုက် တစ်လီတာလျှင် (၃၀ဝ)ကျပ်မှ (၄၅၀)ကျပ်သို့ ယခင် တစ်ပတ်ကထက် ပြန်လည် ကျဆင်းလာကြောင်း သိရသည်။ စင်ကာပူဈေးကွက်အတွင်း စက်သုံးဆီဈေး ကျဆင်းမှု ဆက်လက်ဖြစ်ပေါ်လာနိုင်ပြီး ကျဈေးအ လိုက် လာမည့်ရက်များအတွင်း စက်သုံးဆီဈေးကျဆင်းနိုင်ကြောင်းသိရသည်။
(ကျွမ်းကျင်ဆောက်လုပ်ရေးလုပ်သားရှားပါးမှု)
မြန်မာနိုင်ငံမှ အကြောင်းအမျိုးမျိုးဖြင့် ပြည်ပသို့ အလုပ်သမားများထွက်ခွာနေရာ ပြည်တွင်းဈေးကွက် အတွင်း ဆောက်လုပ်ရေးလုပ်သားရှားပါးမှုဖြစ်ပေါ် နေကြောင်းသိရသည်။
လက်ရှိတွင် ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်ရာ ဆောက်လုပ်ရေးလုပ်ငန်းများ ပြန်လည်စတင်နေပြီ ဖြစ်သော် လည်း ကျွမ်းကျင်လုပ်သားများမှာ ကုမ္ပဏီနှင့် ပုဂ္ဂလိကဆောက်လုပ်ရေးလုပ်ငန်းများ တွင်သာလုပ်ကိုင် လိုကြသည်။ အထူးသဖြင့် နေပြည်တော်နှင့် မန္တလေးတို့တွင် ငလျင်ကြောင့် ပြန်လည်ဆောက်လုပ်ရမည့် ဆောက်လုပ်ရေးလုပ်ငန်း အများအပြားရှိနေသော်လည်း အစိုးရတင်ဒါလုပ်ငန်းများတွင် ကျွမ်း ကျင်ဆောက် လုပ်ရေးလုပ်သား ရှားပါးနေခြင်းဖြစ် သည်။ အစိုးရတင်ဒါလုပ်ငန်းများသည် ငွေကြေးလည်ပတ်မှုအရ လုပ်ငန်းအဆင့်အလိုက် ငွေခြေမှုဆောင် ရွက်ခြင်းဖြစ်ရာ အလုပ်သမားများအနေဖြင့် ငွေရမ လွယ်ကူခြင်းကြောင့် လုပ်ကိုင်လိုသူနည်းပါးသည်။
ပြည်ပသို့ထွက်ခွာသွားသည့်ကျွမ်းကျင်ဆောက် လုပ်ရေးလုပ်သားအရေအတွက်မှာလည်း သက်ဆိုင်ရာမှ တိတိကျကျ မတွက်ချက်နိုင်ခြင်းကြောင့် ပြည်တွင်းဆောက်လုပ်ရေးလုပ်ငန်းများတွင် လုပ်သားလို အပ်ချက်မြင့် တက်နေခြင်းဖြစ်သည်။ ပြည်တွင်း၌ ကျွမ်းကျင်ပန်းရန်ဆရာတစ်ဦးလျှင် တစ်ရက်လုပ်အားခ (၄၅,ဝဝဝ)ကျပ် ဝန်းကျင်သာရရှိသော်လည်း အိမ်နီးချင်း ထိုင်းနိုင်ငံ၌ ကျွမ်းကျင်မှုမရှိသော လူကြမ်း တစ်ဦးလျှင်ပင် တစ်ရက်လုပ်ခ (၆၂,ဝဝဝ)ကျပ်ခန့် ရရှိသည်။
ထို့ကြောင့် ထိုင်းနိုင်ငံတွင် ကျွမ်းကျင်ပန်းရန်ဆရာတစ်ဦးလျှင် တစ်ရက်လုပ်ခ (၁၅၀,ဝဝဝ)ကျပ်အထက် တွင်ရှိနိုင်ကြောင်းသိရသည်။ မြန်မာနိုင်ငံအနေဖြင့် ဆောက်လုပ်ရေးလောကအတွက် ကျွမ်းကျင်လုပ်သားများ ပိုမိုရရှိ စေရန် အသက်မွေးပညာသင်ကျောင်း များဖွင့်လှစ်သင့်သည်။ လာမည့်ရက်များအတွင်း ဆောက်လုပ်ရေးလုပ်ငန်း များ၌ ကျွမ်းကျင်လုပ်သား ရှားပါးမှု ဆက်လက်ဖြစ်ပေါ်နေမည်ဖြစ်သည်။
(အိမ်ငှားဈေးကွက်အပြောင်းအလဲ)
ဝါကျွတ်ကာလပွင့်လင်းရာသီတွင် အိမ်ငှားဈေးကွက်အားကောင်းခြင်းမှာ ပုံမှန်ဖြစ်သော်လည်း နှစ် ရှည်စာချုပ် မချုပ်ဘဲ ကာလတိုစာချုပ်များဖြင့်သာ အိမ်ငှားဈေးကွက်ခေတ်စားနေသည်။ အိမ်ငှားများသည် ကာလရှည်ငှားရမ်းမိပါက အိမ်ရှင်သဖွယ်ပြုမူလာကြခြင်းနှင့် အိမ်ပြန်အပ်ရန်တောင်းဆိုသည့်အခါ ဖယ်မပေးခြင်းများကြုံတွေရခြင်းကြောင့် ဖြစ်သည်။
ယခင်က ရန်ကုန်မြို့ရှိ တိုက်ခန်းနှင့်လုံးချင်းအိမ် အငှားများတွင် နှစ်ရှည်စွဲမြဲစွာနေထိုင်မည့် အိမ်ငှားများကိုသာ အိမ်ရှင်များက ပိုမိုဦးစားပေး ရွေးချယ်လေ့ ရှိသော်လည်း လက်ရှိတွင်မူ အခြေအနေမှာ ပြောင်းပြန်ဖြစ်သွားခဲ့ကြောင်း သိရသည်။ အိမ်ငှားတစ်ဦးကို (၅)နှစ်ခန့်အကြာတွင် စာချုပ်ထပ်မတိုးဘဲဖယ်ခိုင်းရာတွင် အကြောင်းအမျိုးမျိုးပြကာ အိမ်ပေါ်ကပြန်မဆင်း ခြင်းကြောင့် အခက်အခဲကြုံတွေခဲ့ရကြောင်းနှင့် နောင်တွင် တစ်နှစ်ထက်ပိုမငှားရန်ဆုံးဖြတ်ထား ကြောင်း သာကေတမြို့နယ်မှ အိမ်ရှင်တစ်ဦးကပြောသည်။
ထို့ပြင် မြန်မာနိုင်ငံ၏ လက်ရှိငွေကြေးဖောင်းပွမှုနှင့် ကုန်ဈေးနှုန်းမတည်ငြိမ်မှုများကြောင့်လည်း စာ ချုပ်သက်တမ်းကို (၆)လ သို့မဟုတ် (၁)နှစ်ထက် ပိုမိုချုပ်ဆိုရန် အိမ်ရှင်များက ဝန်လေးနေကြကြောင်း၊ ကာလ ပေါက်ဈေးအတိုင်း အိမ်လခကို အလွယ်တကူ တိုးမြှင့်နိုင်ခြင်းမရှိပါက အိမ်ရှင်များအတွက် နစ်နာ မှုများရှိလာနိုင်သဖြင့် စာချုပ်တိုများဖြင့်သာ လူလဲ၍ ငှားရမ်းသည့်စနစ်ကို ပိုမိုသဘောကျလာကြောင်း သိရသည်။
အခြားတစ်ဖက်တွင်လည်း လူမှုကွန်ရက်စာမျက် နှာများပေါ်၌ အိမ်ငှားအချို့က အိမ်လခမပေးဘဲ ဂျစ် တိုက်နေ ထိုင်ခြင်း၊ အိမ်ရှင်က ပြန်သိမ်းလိုသဖြင့် ဖယ်ခိုင်းရာတွင် ပြောင်းရွှေ့စရိတ်အပြင် အိမ်တန်ဖိုး၏ရာ ခိုင်နှုန်းအချို့ကို လျော်ကြေးတောင်းခံခြင်းစသည့် သတင်းဆိုးများ မကြာခဏထွက်ပေါ်လာခြင်းကလည်း အိမ်ရှင်များအကြား စိုးရိမ် စိတ်ကို ပိုမိုကြီးထွား လာကြောင်း သိရသည်။
လက်ရှိတွင် အိမ်ရှင်အိမ်ငှားစာချုပ်များကို ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် အသိသက်သေတင်လာခြင်း၊ စာချုပ်သက်တမ်း (၁)နှစ်ထက်မပိုခြင်း၊ နှစ်ရှည်မငှားခြင်းများရှိလာသည်။ နှစ်ရှည်ငှားရမ်းမိပါကပြန်လည်နှင် ထုတ်ရာတွင် တရားရင်ဆိုင်ရပါက အချိန်ကြာမြင့်ပြီး တရားရုံးစရိတ်များပါကုန်ကျခြင်းကြောင့် ပိုင်ဆိုင်မှုကာကွယ်ရန် အိမ်ရှင်များကဆောင်ရွက်လာ ခြင်းဖြစ်သည်။ ထိုကဲ့သို့ အိမ်ရှင်များက နှစ်ရှည်ငှား ရမ်းရန်စိုးရိမ်နေကြသည့်အတွက် မြို့ကြီးများတွင် နှစ်ရှည်အခြေချနေထိုင်လိုသောအိမ်ငှားမိသားစုများအနေဖြင့် စာချုပ်သက်တမ်းပြည့်တိုင်း အိမ်အသစ် ခဏ ခဏရှာဖွေပြောင်းရွှေ့ရသည့်အခက်အခဲများနှင့် ပိုမိုကြုံတွေ့လာရနိုင်ကြောင်း အိမ်ငှားနေထိုင်သူများထံမှ သိရ သည်။

မူရင်းသတင်း — NP News