Eleven Media Group

အုတ်တွင်း၊ မိတ္ထီလာနှင့် ချောက်မြို့နယ်တို့တွင် ရာအိမ်မှူးတစ်ဦး အပါအဝင် သုံးဦးကို PDF များက သေနတ်ဖြင့်ပစ်သတ်

အုတ်တွင်း၊ မိတ္ထီလာနှင့် ချောက်မြို့နယ် တို့တွင် ရာအိမ်မှူးတစ်ဦး အပါအဝင် လူသုံးဦးကို PDF များက သေနတ်ဖြင့်ပစ်သတ်ခဲ့ကြောင်း ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက် နံနက် ၁ နာရီတွင် ပဲခူးတိုင်းဒေသကြီး အုတ်တွင်းမြို့ နယ် မြေစီးကျေးရွာ၌ သေနတ်ဖြင့် ပစ်ခတ်ခံရ ၍ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ သေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာနေ ဦးမြင့်ထွန်း (၄၅ နှစ်) နှင့် ဒေါ်ဖြူ (၄၀ နှစ်) တို့သည် ၎င်းင်းတို့၏နေအိမ်အ သီးသီး၌ ရှိနေစဉ် PDF လေးဦး ရောက်ရှိလာ ပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့သဖြင့် ဦးကျော်မိုးနှင့် ဒေါ်ဖြူတို့တွင် ကျည်ထိမှန် ဒဏ်ရာများရရှိကာ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ ယင်းနေ့ မွန်းတည့် ၁၂ နာရီ တွင် မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ် ၀ါးရုံစုကျေးရွာအနီး၌ သေနတ်ဖြင့် ပစ်ခတ်ခံ ရ၍ အမျိုးသားတစ်ဦး သေဆုံးကြောင်း သတင်း အရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာနေ ဦးကြည်ညွန့် (၇၆ နှစ်) သည် ၀ါးရုံးစုကျေးရွာမှ ရှမ်းမငယ် ကျေးရွာသို့ ဆိုင်ကယ်ဖြင့် သွားရောက်စဉ် ၀ါးရုံစုကျေးရွာအနီးအရောက် PDF အဖွဲ့က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ၎င်းင်းတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ ယင်းနေ့ မွန်းလွဲ ၂ နာရီ မိနစ် ၂၀ တွင် မကွေးတိုင်းဒေသကြီး ချောက်မြို့ နယ် မကျီးကုန်းကျေးရွာအနီး၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသားတစ်ဦး သေဆုံးကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွား ရောက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာနေ ရာ အိမ်မှူးဖြစ်သူ ဦးစတင်း (၄၉ နှစ်) သည် ၎င်းင်း၏နေအိမ်၌ ရှိနေစဉ် PDF ၂၀ ဦးခန့်က ဆိုင်ကယ် ၁၄ စီးဖြင့် ရောက်ရှိလာပြီး ကျေးရွာ၏တောင် ဘက်သို့ ဖမ်းဆီးခေါ်ဆောင်၍ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ဦးစတင်းတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group