
ဘီလာရုစ်နိုင်ငံသူ အဆိုတော်တစ်ဦးကို ကျားဖျန့်လုပ်ငန်းသို့ ပို့ဆောင်ရောင်းစားသည့် မြန်မာနိုင်ငံသားငါးဦးအား အလုပ်နှင့် ထောင်ဒဏ် ၂၁ နှစ်စီချမှတ်ပြီး ကျန်ကျူးလွန်သူ မြန်မာနိုင်ငံသားသုံးဦးနှင့် တာဂျစ်ကစ္စတန်နိုင်ငံသား နှစ်ဦးမှာ တိမ်းရှောင်နေဆဲဖြစ်ကြောင်း သ်ရသည်။
လူမှုကွန်ရက်စာမျက်နှာ Hlaing Info မှ "မြန်မာကျားဖျန့်ဂိုဏ်းတွေက ဘီလာရုစ်အဆိုတော်ကို သတ်ပြီး ကိုယ်တွင်းအင်္ဂါတွေ ထုတ်ယူသွားခဲ့တယ်လို့ သတင်းထွက်" ဟူသော ခေါင်းစဉ်ဖြင့် ဖော်ပြပါရှိသဖြင့် စိစစ်ဆောင်ရွက်ခဲ့ရာ မြန်မာနိုင်ငံသား ကျော်သူ(ခ)စောကျော်သူ၊ ဇင်မင်းထွန်း၊ ရဲလင်းထွန်း(ခ)ကိုရဲ၊ ညီညီသက်နှင့် မနန်းပေါင်းဟွမ်း(ခ) ဆိုဖီယာ(ခ)Li Li(ခ) ကျင်းကျင်းတို့ ငါးဦးက ဘီလာရုစ်နိုင်ငံသူ တစ်ဦးအား ငွေကြေးဖြင့် မက်လုံးပေးခေါ်ဆောင်ခဲ့ကြောင်း သိရသည်။
ယင်းနောက် မြန်မာနိုင်ငံသား မျိုးဇော်လင်း၊ ၀သုန်အောင်(ခ)ဝသုန်၊ ရန်ပိုင်စိုး(ခ) အငယ်လေး၊ Tajikistan နိုင်ငံသား MUKAIR SHOEVRUSTAM နှင့် ODINAEN ALUDN တို့ငါးဦးနှင့် ချိတ်ဆက်၍ Online ငွေကြေးလိမ်လည်သည့် လုပ်ငန်းသို့ ပို့ဆောင်ကာ အဓမ္မအလုပ်ခိုင်းစေ၍ လုပ်အားခအပေါ်အကျိုးအမြတ်ရယူရန် ပူးပေါင်းကြံစည်ခဲ့သည်ဟု စိစစ်ပေါ်ပေါက်ခဲ့ကြောင်း သိရသည်။
ထို့နောက် အမှတ်(၆)မှုခင်းရဲတပ်ဖွဲ့စု (ရန်ကုန်)မှ တရားလိုပြုလုပ်တိုင်းတန်းခဲ့ရာ မင်္ဂလာဒုံမြို့မရဲခစန်းက လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ ၃၈(က)/၄၄ အရ အမှုရေးဖွင့်တရားစွဲတင်ခဲ့ပြီး အောက်တိုဘာ ၁ ရက်တွင် မင်္ဂလာဒုံခရိုင် တရားရုံးမှ ဖမ်းမိ တရားခံ ကျော်သူ(ခ) စောကျော်သူ၊ ဇင်မင်းထွန်း၊ ဒွန်း၊ ရဲလင်းထွန် ထွန်း (ခ)ကိုရဲ၊ညီညီသက်နှင့် နန်းပေါင်းဟွမ်း(ခ) ဆိုဖီယာ(ခ)Li Li (ခ)ကျင်းကျင်း(မ)တို့ ငါးဦးအား လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ ၃၈(က)အရ အလုပ်နှင့် ထောင်ဒဏ် ၂၁ နှစ်စီ ကျခံစေရန် အမိန့်ချမှတ်ခဲ့ပြီး တိမ်းရှောင်တရားခံ မြန်မာ နိုင်ငံသား မျိုးဇော်လင်း၊ ဝသုန်အောင် (ခ) ဝသုန်၊ ရန်ပိုင်စိုး(ခ)အငယ်လေး၊ Tajikistan နိုင်ငံသား MUKAIR SHOEV RUSTAM နှင့် ODINAEN ALLION တို့ ငါးဦးကို ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၈၇/၈၈ အတည်ပြု ထုတ်ဆင့်ခဲ့ကြောင်း သိရ သည်။