
◘ အေစီမီလန် - ဖီယင်နု (မြန်မာစံတော်ချိန် ဖေဖော်ဝါရီလ ၁၉ ရက် နံနက် ဝဝး၁၅ နာရီ)
အေစီမီလန်က ပထမအကျော့ကွင်းမှာ ဂိုးသမား မီနွန်ရဲ့အမှားကနေ ဂိုးပေးလိုက်ရပြီး ဒီဂိုးကြောင့်ပဲ ရှုံးနိမ့်ခဲ့တယ်။ ဒါပေမဲ့ ခြေစွမ်းအရကြည့်ရင်လည်း ဖီယင်နုက ပိုကောင်းခဲ့တာကို တွေ့ရတယ်။ အိမ်ကွင်း ဆန်စီရိုမှာတော့ အေစီမီလန်ကို ပိုကောင်းတဲ့ ပုံစံနဲ့ မြင်ရမယ်လို့ ယူဆရတယ်။ လက်ရှိ အေစီမီလန်အသင်းရဲ့ ကစားသမားအင်အားက တော်တော်လေးတောင့်တင်းပြီး ရှေ့၊ လယ်၊ နောက် နေရာစုံမှာ ထိပ်တန်းကစားသမားတွေအများကြီး ရှိနေတယ်။ လီယာအို၊ ဖေးလစ်၊ မူဆာ၊ ရိုင်ဒါစ်၊ ဟီမင်နက်ဇ် စတဲ့ တိုက်စစ်မှူးတွေနဲ့အတူ အိမ်ကွင်းမှာ ဖီယင်နုကို ကြီးကြီးမားမား ဒုက္ခပေးနိုင်စွမ်းရှိပါတယ်။ အေစီမီလန်ပဲ အနိုင်ရလိမ့်မယ်။ ရှုံးထွက်အဆင့်ကို တက်နိုင်ပါလိမ့်မယ်။
◘ ဘင်ဖီကာ - မိုနာကို (မြန်မာစံတော်ချိန် ဖေဖော်ဝါရီလ ၁၉ ရက် နံနက် ၂း၃၀ နာရီ)
ပထမအကျော့ပွဲစဉ်မှာ ဘင်ဖီကာက အဝေးကွင်းမှာ အနိုင်ရခဲ့တယ်။ ခြေစွမ်းကွာဟချက်က အရမ်းမကြီးမားခဲ့ပေမဲ့ အတွေ့အကြုံပိုင်းက ကွာခြားပါတယ်။ ဘင်ဖီကာကပဲ အနိုင်ဂိုးသွင်းပြီးနောက် ပွဲကို သက်သောင့်သက်သာ ထိန်းကစားနိုင်ခဲ့တယ်။ မိုနာကိုက အရည်အသွေးမြင့်ကစားသမားအချို့ကို ပိုင်ဆိုင်ထားပေမဲ့ အတွေ့အကြုံပိုင်း လိုအပ်တယ်။ ဘင်ဖီကာရဲ့ ပြိုင်ပွဲသမ္ဘာကိုလည်း မမီဘူး။ ဒီပွဲက ဘင်ဖီကာအတွက် နောက်ထပ်နိုင်ပွဲယူမယ့်ပွဲပါ။
◘ ဘိုင်ယန်မြူးနစ် - ဆဲလ်တစ် (မြန်မာစံတော်ချိန် ဖေဖော်ဝါရီလ ၁၉ ရက် နံနက် ၂း၃၀ နာရီ)
ဆဲလ်တစ်အသင်းက စကော့တလန်မြေမှာ ဘိုင်ယန်မြူးနစ်ကို ရှုံးနိမ့်ခဲ့ပေမဲ့ အသင်းလိုက်စိတ်ဓာတ်ပိုင်းနဲ့ ခြေစွမ်းပိုင်းကတော့ ချီးကျူးရလိမ့်မယ်။ ဘိုင်ယန်မြူးနစ်အသင်းကို တော်တော်လေး ဒုက္ခပေးနိုင်ခဲ့တယ်လို့လည်း ဆိုနိုင်တယ်။ ဘိုင်ယန်မြူးနစ်က အသင်းလိုက် Rhythm တော်တော်လေးကောင်းနေတယ်။ နောက်ဆုံးကစားခဲ့တဲ့ လေဗာကူဆင်နဲ့ပွဲမှာလည်း အဝေးကွင်းမှာ မရှုံးအောင် ထိန်းကစားသွားနိုင်ခဲ့တယ်။ ဘိုင်ယန်ပဲ အနိုင်ရမှာပါ။
◘ အတ္တလန်တာ - ကလပ်ဘရုဂေး (မြန်မာစံတော်ချိန် ဖေဖော်ဝါရီလ ၁၉ ရက် နံနက် ၂း၃၀ နာရီ)
ပထမအကျော့ပွဲစဉ်မှာ ကလပ်ဘရုဂေးက မထင်မှတ်ဘဲ အနိုင်ကစားသွားခဲ့တယ်။ ဘရုဂေးက ချန်ပီယံလိဂ် အုပ်စုအဆင့်မှာ အိမ်ကွင်းပုံစံကောင်းပြနိုင်ခဲ့တဲ့အသင်းဖြစ်ပြီး အက်စတွန်ဗီလာကိုလည်း အနိုင်ကစားခဲ့သေးတယ်။ ဒါပေမဲ့ ခြေစွမ်းပိုင်း
ကွာဟချက် ကြီးမားပါတယ်။ အတ္တလန်တာက တစ်ဦးချင်းရော၊ အသင်းလိုက် အရည်အသွေးမှာပါ သာခဲ့တယ်။ နောက်ဆုံးမိနစ်မှာ မပေးသင့်တဲ့ပယ်နယ်တီနဲ့ အတ္တလန်တာ ရှုံးခဲ့ပေမဲ့ အခုဒီပွဲကတော့ အတ္တလန်တာ နိုင်ပွဲပြန်ယူပါလိမ့်မယ်။