Eleven Media Group

■ ချန်ပီယံလိဂ်ဝင်ခွင့်မရပါက အသင်း၏ တိုက်စစ်မှူး အီဆက်ခ်ကို ပေါင် (၈၃)သန်းဖြင့် နယူးကာဆယ် လက်လွှတ်ရမည်ဟု သတင်းများဖော်ပြ

Photo: Newcastle

နယူးကာဆယ်အသင်းသည် ၎င်းတို့အသင်း၏ ဆွီဒင်လက်ရွေးစင်တိုက်စစ်မှူး အလက်ဇန္ဒားအီဆက်ခ်အား ယခုရာသီ ချန်ပီယံလိဂ်ဝင်ခွင့် မရခဲ့ပါက ပေါင် (၈၃)သန်းဖြင့် ထွက်ခွာခွင့်ပေးရမည်ဖြစ်ကြောင်း သတင်း များက ဖော်ပြလျက်ရှိသည်။

နယူးကာဆယ်အသင်းသည် မူလက အဓိကတိုက်စစ်မှူးဖြစ်သည့် အီဆက်ခ်အား ရောင်းချလိုခြင်း မရှိသော်လည်း ကစားသမား၏ဆန္ဒကို မတားဆီးနိုင်ပါက ပြောင်းရွှေ့ကြေး ယူရိုသန်း (၁၅၀)အထိ အလိုရှိခဲ့သည်။

သို့ရာတွင် အီဆက်ခ်၏ အေးဂျင့်ဖြစ်သူကမူ ချန်ပီယံလိဂ်ဝင်ခွင့် မရရှိပါက သင့်တော်သည့်နှုန်းထားဖြင့် ရောင်းထုတ်ပေးရမည်ဟု နယူးကာဆယ်အသင်းထံ တောင်းဆိုခဲ့သည်။

ယင်းနောက် ဆွေးနွေးမှုများပြုလုပ်ခဲ့ရာ ပေါင် ၈၃ သန်း (ယူရို သန်း ၁၀၀) ဖြင့် ထွက်ခွာခွင့်ပေးရမည်ဖြစ်ကြောင်း သတင်းများက ဖော်ပြခဲ့ခြင်းဖြစ်သည်။

အီဆက်ခ်သည် ယခုရာသီတွင် နယူးကာဆယ်အသင်းအတွက် ခြေစွမ်းပြဂိုးများ သွင်းယူလျက်ရှိပြီး ၎င်းကိုခေါ်ယူရန်အတွက် ဘာစီလိုနာ၊ လီဗာပူးလ်၊ အာဆင်နယ်နှင့် ချယ်လ်ဆီးတို့က စိတ်ဝင်စားနေကြသည်။

၎င်းသည် ယခုရာသီ ပရီးမီးယားလိဂ်တွင် ၂၂ ပွဲကစားရာ ၁၇ ဂိုးအထိ သွင်းယူပေးထားသည်။

ပြိုင်ပွဲစုံတွင်မူ ၂၈ ပွဲကစားရာ ၁၉ ဂိုး သွင်းထားကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group