
ချန်ပီယံလိဂ် Play-offs အဆင့် ပထမအကျော့မှာ မန်စီးတီးက အိမ်ကွင်းယှဉ်ပြိုင်ရပေမဲ့ ရီးယဲလ်ကို အရှုံးပေးခဲ့ရပါတယ်။ ဒါကြောင့် နောက်တစ်ဆင့်တက်ဖို့ အလားအလာ အတော်လေးနည်းသွားပြီလို့ ထင်ကြေးပေးခံနေရပါတယ်။ အိမ်ကွင်းမှာ အခွင့်အရေးမယူနိုင်ခဲ့တဲ့အတွက် အဝေးကွင်းမှာ ရုန်းကန်ရတော့မယ်လို့ သတ်မှတ်ခံရတာ ဆန်းကြယ်တဲ့အရာတော့ မဟုတ်ပါဘူး။ ပြီးတော့ ရီးယဲလ်ဆိုတာကလည်း ချန်ပီယံလိဂ်မှာ အစဉ်အလာအကြီးဆုံးအသင်းဖြစ်တာကြောင့် မန်စီးတီးအတွက် အခွင့်အရေးအလွန်နည်းသွားပြီလို့ သတ်မှတ်ကြတာပါ။ ဒါပေမဲ့ မန်စီးတီးနည်းပြ ဂွါဒီယိုလာ က ရီးယဲလ်နဲ့ ရင်ဆိုင်ရာမှာ ရလဒ်ကောင်းတဲ့ နည်းပြတစ်ဦးဖြစ်သလို၊ ရီးယဲလ်အသင်းရဲ့ ဘာနေဗျူးကွင်းမှာ နိုင်ပွဲတွေအများကြီး ရယူထားနိုင်ခဲ့တဲ့ နည်းပြတစ်ဦးဖြစ်တာကိုတော့ မေ့ထားလို့ မရပါဘူး။ နည်းပြဘဝတစ်လျှောက် ဂွါဒီယိုလာ ပွဲ(၂၀) အထက် ရင်ဆိုင်ခဲ့ဖူးတဲ့ ကလပ်အသင်း(၇)သင်းထဲမှာ ရီးယဲလ်လည်း ပါဝင်ပါတယ်။ အများဆုံးဆုံတွေ့ခဲ့ဖူးတာက အာဆင်နယ်ဖြစ်ပြီး (၃၂)ပွဲအထိ ဆုံတွေ့ခဲ့တာပါ။ ဒုတိယအများဆုံးက ချယ်လ်ဆီး၊ တတိယအများဆုံးက မန်ယူဖြစ်ပြီး ရီးယဲလ်က စတုတ္ထအများဆုံးဖြစ်ပါတယ်။ ဘာစီလိုနာအသင်းကို ကိုင်တွယ်စဉ်က မဟာပြိုင်ဘက်တွေအဖြစ် ရပ်တည်ခဲ့တာကြောင့် ဆုံတွေ့မှုများပြားခဲ့တာဖြစ်ပြီး လက်ရှိအချိန်အထိ ရီးယဲလ်နဲ့ ဆုံတွေ့ခဲ့တဲ့ (၂၆)ပွဲမှာ ဂွါဒီယိုလာက (၁၃)ပွဲနိုင်၊ (၆)ပွဲသရေ၊ (၇)ပွဲရှုံး ဆိုတဲ့ရလဒ်မှတ်တမ်း ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ဖူးပါတယ်။
ချန်ပီယံလိဂ် Play-offs အဆင့် ပထမအကျော့မှာ မန်စီးတီးက အိမ်ကွင်းယှဉ်ပြိုင်ရပေမဲ့ ရီးယဲလ်ကို အရှုံးပေးခဲ့ရပါတယ်။ ဒါကြောင့် နောက်တစ်ဆင့်တက်ဖို့ အလားအလာ အတော်လေးနည်းသွားပြီလို့ ထင်ကြေးပေးခံနေရပါတယ်။ အိမ်ကွင်းမှာ အခွင့်အရေးမယူနိုင်ခဲ့တဲ့အတွက် အဝေးကွင်းမှာ ရုန်းကန်ရတော့မယ်လို့ သတ်မှတ်ခံရတာ ဆန်းကြယ်တဲ့အရာတော့ မဟုတ်ပါဘူး။ ပြီးတော့ ရီးယဲလ်ဆိုတာကလည်း ချန်ပီယံလိဂ်မှာ အစဉ်အလာအကြီးဆုံးအသင်းဖြစ်တာကြောင့် မန်စီးတီးအတွက် အခွင့်အရေးအလွန်နည်းသွားပြီလို့ သတ်မှတ်ကြတာပါ။ ဒါပေမဲ့ မန်စီးတီးနည်းပြ ဂွါဒီယိုလာ က ရီးယဲလ်နဲ့ ရင်ဆိုင်ရာမှာ ရလဒ်ကောင်းတဲ့ နည်းပြတစ်ဦးဖြစ်သလို၊ ရီးယဲလ်အသင်းရဲ့ ဘာနေဗျူးကွင်းမှာ နိုင်ပွဲတွေအများကြီး ရယူထားနိုင်ခဲ့တဲ့ နည်းပြတစ်ဦးဖြစ်တာကိုတော့ မေ့ထားလို့ မရပါဘူး။ နည်းပြဘဝတစ်လျှောက် ဂွါဒီယိုလာ ပွဲ(၂၀) အထက် ရင်ဆိုင်ခဲ့ဖူးတဲ့ ကလပ်အသင်း(၇)သင်းထဲမှာ ရီးယဲလ်လည်း ပါဝင်ပါတယ်။ အများဆုံးဆုံတွေ့ခဲ့ဖူးတာက အာဆင်နယ်ဖြစ်ပြီး (၃၂)ပွဲအထိ ဆုံတွေ့ခဲ့တာပါ။ ဒုတိယအများဆုံးက ချယ်လ်ဆီး၊ တတိယအများဆုံးက မန်ယူဖြစ်ပြီး ရီးယဲလ်က စတုတ္ထအများဆုံးဖြစ်ပါတယ်။ ဘာစီလိုနာအသင်းကို ကိုင်တွယ်စဉ်က မဟာပြိုင်ဘက်တွေအဖြစ် ရပ်တည်ခဲ့တာကြောင့် ဆုံတွေ့မှုများပြားခဲ့တာဖြစ်ပြီး လက်ရှိအချိန်အထိ ရီးယဲလ်နဲ့ ဆုံတွေ့ခဲ့တဲ့ (၂၆)ပွဲမှာ ဂွါဒီယိုလာက (၁၃)ပွဲနိုင်၊ (၆)ပွဲသရေ၊ (၇)ပွဲရှုံး ဆိုတဲ့ရလဒ်မှတ်တမ်း ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ဖူးပါတယ်။ ဒါကြောင့် ရီးယဲလ်ဆိုတာ ဂွါဒီယိုလာအတွက် ကြောက်စရာပြိုင်ဘက်မဟုတ်ဘူးလို့ ဆိုနိုင်ရုံသာမက ဘာနေဗျူးကလည်း ခေါင်းမော့ဝင်နိုင် စွမ်းရှိတဲ့ကွင်းလို့ ဆိုနိုင်ပါတယ်။
အောင်နိုင်ခဲ့ဖူးသော
ဘာကြောင့်လဲဆိုတော့ ဘာနေဗျူးကွင်းက ဂွါဒီယိုလာ အကြိမ်ကြိိမ်အောင်နိုင်ခဲ့ဖူးတဲ့ကွင်း ဖြစ်နေတာကြောင့်ပါ။ ဂွါဒီယိုလာက ဘာစီလိုနာ၊ ဘိုင်ယန်မြူးနစ်နဲ့ မန်စီးတီး ကလပ်အသင်း(၃)သင်းကို ကိုင်တွယ်ပြီး ဘာနေဗျူးကွင်းမှာ (၁၂)ပွဲ ယှဉ်ပြိုင်ခဲ့ဖူးပါတယ်။ အဲဒီ(၁၂)ပွဲမှာ (၂)ပွဲသာ ရှုံးနိမ့်ခဲ့ပြီး (၆)ပွဲနိုင်၊ (၄)ပွဲသရေကျခဲ့တာပါ။ ဒါကြောင့် ဘာနေဗျူးဆိုတာ ဂွါဒီယိုလာအပေါ် ခြောက်လှန့်နိုင် စွမ်းမရှိတဲ့ကွင်းလို့ပဲ ဆိုရမှာပါ။ ရီးယဲလ်က ဥရောပဘောလုံးလောကမှာ အစဉ်အလာကြီးမားသလို၊ ဘာနေဗျူးကွင်းရဲ့ အရှိန်အဝါကလည်း ပြိုင်ဘက်တွေအပေါ် သက်ရောက်မှုကြီးမားပါတယ်။ ဒါပေမဲ့ ဂွါဒီယိုလာကတော့ နည်းပြဘဝ အဦးအစကာလမှာပဲ ဘာနေဗျူးကွင်းထဲ နိုင်ပွဲတွေ ဆက်တိုက်ရယူနိုင်ခဲ့တာပါ။ ၂၀၀၈ နွေရာသီမှာ ဘာစီလိုနာအရန် အသင်းနည်းပြဘဝကနေ အသင်းကြီးရဲ့နည်းပြအဖြစ် ပြောင်းလဲခန့်အပ်ခြင်းခံခဲ့ရတဲ့ ဂွါဒီယိုလာဟာ ရီးယဲလ်နဲ့ ပထမဆုံးဆုံတွေ့ခဲ့တဲ့ လာလီဂါပြိုင်ပွဲမှာ နိုင်ပွဲရယူနိုင်ခဲ့သလို၊ ဘာနေဗျူးပွဲဦးထွက်မှာလည်း နိုင်ပွဲရယူခဲ့့ပါတယ်။ တကယ်တော့ နိုင်ပွဲဆိုတာထက် ပိုပါသေးတယ်။ ပရိသတ်(၈၀၀၀၀) လာကြည့်တဲ့ပွဲမှာ ရီးယဲလ်အသင်းကို ဂိုးဒါဇင်ဝက်သွင်း ပြီး (၆-၂)ဂိုးနဲ့ အနိုင်ယူခဲ့တာပါ။ နောက်ထပ်အံ့အားသင့်စရာကောင်းတာတစ်ခုကတော့ ဂွါဒီယိုလာဟာ ဘာစီလိုနာနည်းပြအဖြစ် ရီးယဲလ်ကို (၂)ပွဲရှုံး ခဲ့ဖူးပေမဲ့ အိမ်ကွင်းနူးကမ့်မှာ တစ်ပွဲ၊ ကြားကွင်းမှာ တစ်ပွဲဖြစ်ပြီး ဘာနေဗျူးမှာ ရှုံးနိမ့်ဖူးခြင်းမရှိခဲ့တာပါ။ ဘာနေဗျူးမှာ ရှုံးနိမ့်ခြင်းရဲ့အရသာကို စတင်ခံစားခဲ့ဖူးတာကတော့ ဘိုင်ယန်မြူးနစ်အသင်းကို ကိုင်တွယ်စဉ် ၂၀၁၃-၁၄ ရာသီမှာဖြစ်ပါတယ်။ ဘိုင်ယန်မြူးနစ်နည်းပြဘဝမှာ ရီးယဲလ်အသင်းနဲ့ နှစ်ပွဲ ဆုံတွေ့ခဲ့ပြီး နှစ်ပွဲစလုံး ရှုံးနိမ့်ခဲ့ပါတယ်။ အဲဒီတုန်းက ရီးယဲလ်အသင်းကို ကိုင်တွယ်ခဲ့သူက လက်ရှိ ရီးယဲလ်နည်းပြ အန်ဆယ်လော့တီပါပဲ။ ဂွါဒီယိုလာက ဘာစီလိုနာအသင်းကို ကိုင်တွယ်စဉ်မှာ မော်ရင်ဟိုနဲ့ အများဆုံးဆုံတွေ့ခဲ့ရပြီး အန်ဆယ်လော့ တီကိုတော့ ဘိုင်ယန်အသင်းကို ကိုင်တွယ်ပြီး နောက်ပိုင်းမှာမှ ဆုံတွေ့ခဲ့ရတာပါ။ အန်ဆယ်လော့တီနဲ့ ဆုံတွေ့ခဲ့တဲ့ (၁၃)ပွဲမှာတော့ (၆)ပွဲနိုင်၊ (၂)ပွဲ သရေ၊ (၅)ပွဲရှုံးခဲ့ပါတယ်။ အဲဒီထဲက (၇)ပွဲကတော့ လက်ရှိကိုင်တွယ်နေတဲ့ အသင်းနှစ်သင်းစလုံးကို ကိုယ်စားပြုပြီး ရင်ဆိုင်ခဲ့ကြရတာပါ။ အဲဒီ(၇)ပွဲမှာတော့ ဂွါဒီယိုလာက (၂)ပွဲနိုင်၊ (၂)ပွဲသရေကျပြီး (၃)ပွဲရှုံးခဲ့ပါတယ်။ Play-offs ပထမအကျော့ အိမ် ကွင်းမှာ ရှုံးနိမ့်ခဲ့တာကြောင့်လည်း (၃)ပွဲရှုံးတဲ့မှတ်တမ်း ဖြစ်သွားခဲ့တာပါ။ ဘာပဲဖြစ်ဖြစ် စာရင်းချုပ်လိုက်ရင်တော့ ရီးယဲလ်အသင်းဟာ ဂွါဒီယိုလာ နိုင် ပွဲအများဆုံး ရယူနိုင်တဲ့ ပြိုင်ဘက်စာရင်းထဲမှာ ပါ ဝင်နေသလို၊ ဘာနေဗျူးကွင်းကလည်း ဂွါဒီယိုလာ အကြိမ်ကြိမ်အောင်ပွဲခံနိုင်ခဲ့ဖူးတဲ့ကွင်း ဖြစ်နေတာပါပဲ။ ဂွါဒီယိုလာကတော့ အတိတ်ထက် အနာဂတ်မှာ တိုးတက်မှုရှိဖို့ ပိုအရေးကြီးတယ်လို့ ပြောခဲ့ဖူးပါတယ်။ ရီးယဲလ်နဲ့ ဆုံတွေ့ခဲ့တဲ့ မှတ်တမ်းအပေါ် ဂွါဒီယိုလာက "ကျွန်တော် ရီးယဲလ်ကို ရှုံးလည်း ရှုံးဖူးတယ်၊ နိုင်လည်း နိုင်ဖူးပါတယ်။ ခင်ဗျားအနေနဲ့ ပြိုင်ဘက်အသင်းတစ်သင်းနဲ့ ပွဲတွေရာချီ ရင်ဆိုင်ရရင် နိုင်ပွဲတွေရော ရှုံးပွဲတွေပါ ရှိမှာပါပဲ။ ဒါ မဆန်းပါဘူး။ သူတို့က အရည်အသွေးမြင့်ကစားသမားတွေ ပိုင်ဆိုင်ထားတဲ့အသင်းဖြစ်တာကြောင့် သူတို့ကို အနိုင်ရဖို့ တစ်ခုတည်းသောနည်းလမ်းက အရည်အသွေးမြင့်ကစားသမားတွေ ပိုပိုင်ဆိုင်အောင် ကြိုးစားဖို့ပါပဲ။ ကျွန်တော် ထိပ်သီးအသင်းတချို့ကို ကိုင်တွယ်ပြီး သူတို့နဲ့ ရင်ဆိုင်ခဲ့ဖူးပါတယ်။ သူတို့ကို အနိုင်ရတဲ့အတွက် ထူးထူးခြားခြားမခံစားရပါဘူး" လို့ လွန်ခဲ့တဲ့ (၃)နှစ်လောက်တုန်းက ပြောခဲ့ဖူးပါတယ်။ ဒါပေမဲ့ လက်ရှိအချိန်မှာတော့ ဂွါဒီယိုလာရဲ့ သဘောထား ပြောင်းလဲနေနိုင်ပါတယ်။ ဘာနေဗျူးမှာ ရီးယဲလ်အသင်းကို အနိုင်ယူလိုစိတ် ပြင်းပြနေနိုင်ပါတယ်။
ပြန်လာနိုင်မလား
ရှုံးနိမ့်နေတဲ့ အနေအထားကနေ နိုင်ပွဲပြန်ယူနိုင်တဲ့ အခြေအနေက ဘောလုံးလောကရဲ့ အချိုမြိန်ဆုံးသော အောင်ပွဲတွေထဲက တစ်ခုလို့ ဆိုနိုင်ပါတယ်။ နည်းပြနဲ့ ကစားသမားတွေအတွက် ချိုမြိန်တဲ့အောင်ပွဲဖြစ်သလို၊ ပရိသတ်တွေအတွက်လည်း အလွန်တရာချိုမြိန်တာပါပဲ။ ဒါကြောင့်လည်း Comeback လို့ခေါ်တဲ့ ဒီလိုအောင်ပွဲတွေကို ပရိသတ်တွေက တသသ အမှတ်ရနေတတ်ကြပါ တယ်။ အခု မန်စီးတီးအသင်းက Play-offs ပထမအကျော့မှာ ရီးယဲလ်အသင်းကို ရှုံးနိမ့်ထားတာကြောင့် ဒုတိယအကျော့မှာ Comeback ဖြစ်အောင် ပြန်လုပ်နိုင်ဖို့ ကြိုးစားရမှာပါ။ အိမ်ကွင်းမှာ ရှုံးနိမ့်ထားတဲ့ ရလဒ်ကို အဝေးကွင်းမှာ ပြန်ချေဖျက်ရမယ့်အခြေအနေဖြစ်တာကြောင့် ခက်ခဲမှာတော့ သေချာပါတယ်။ ဒါပေမဲ့ (၂-၃)ဂိုးနဲ့သာ ကပ်ရှုံးခဲ့ရခြင်းဖြစ်တာကြောင့် မျှော်လင့်ချက်အပြည့် ရှိနေဆဲပါပဲ။ ပြီးတော့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အဝေးဂိုးစည်းမျဉ်းမရှိတော့တာကြောင့် အိမ်ကွင်းမှာ ရီးယဲလ်ကို (၃)ဂိုးပေးလိုက်ရတာ ဘာမှပြဿနာမရှိပါဘူး။ အဝေးကွင်းမှာ ဘယ်လိုရလဒ်မျိုးနဲ့ပဲဖြစ်ဖြစ် နိုင်ပွဲပြန်ရဖို့ပဲ လိုတာပါ။ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ရှုံးထွက်အဆင့်တွေမှာ (၄)ဂိုးပြတ်ရှုံးထားပြီးမှတောင် ပြန်လာနိုင်တဲ့အသင်း ရှိပါတယ်။ ၂၀၁၆-၁၇ ရာသီတုန်းက ဘာစီလိုနာအသင်းဖြစ်ပြီး ပထမအကျော့ အဝေးကွင်းမှာ PSG ကို (၀-၄)ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပေမဲ့ ဒုတိယအကျော့အိမ်ကွင်းမှာ (၆-၁)ဂိုးနဲ့ ပြန်အနိုင်ယူ ပြီး နောက်တစ်ဆင့်တက်နိုင်ခဲ့တာပါ။ ပထမအကျော့မှာ (၃)ဂိုးပြတ်ရှုံးနိမ့်ပြီးမှ ဒုတိယအကျော့မှာ နိုင်ပွဲပြန်ယူနိုင်ခဲ့တဲ့အသင်းကတော့ (၁၇)သင်း တောင် ရှိပါတယ်။ ဒါပေမဲ့ အဲဒီအသင်းတွေက ပထမအကျော့ကို အဝေးကွင်းကစားခဲ့ရတာပါ။ ပထမ အကျော့အိိမ်ကွင်းမှာ ရှုံးနိမ့်ပြီးမှ ဒုတိယအကျော့ အဝေးကွင်းမှာ ပြန်အနိုင်ရတဲ့အသင်းကတော့ (၁၀)သင်းရှိပါတယ်။ အဲဒီထဲမှာ (၂)ဂိုးပြတ်ရှုံးခဲ့ပြီးမှ ပြန်အနိုင်ရတဲ့အသင်းလည်း (၂)သင်းရှိပါတယ်။ မန်စီးတီးက တစ်ဂိုးနဲ့သာ ကပ်ရှုံးထားခဲ့တာပါ။ ပြီး တော့ ဒီရာသီ ရီးယဲလ်အသင်းရဲ့ ခြေစွမ်းကလည်း လက်ရှိအချိန်အထိ တည်ငြိမ်မှုမရှိသေးပါဘူး။ ဒါပေမဲ့ မန်စီးတီးကတော့ ဒီရာသီမှာ ယိမ်းယိုင်မှုတွေနဲ့ ဖြတ်သန်းနေရတဲ့အသင်းပါ။ ဒါကြောင့်လည်း ရီးယဲလ်အသင်းကို အိမ်ကွင်းမှာ အရေးနိမ့်ခဲ့တာလို့ ဆိုနိုင်ပါတယ်။ ပြီးခဲ့တဲ့ရာသီ ကွာတားဖိုင်နယ်ဒုတိ ယအကျော့တုန်းက ပယ်နယ်တီအဆုံးအဖြတ်နဲ့ အရှုံးပေးခဲ့ရတဲ့နောက် အိမ်ကွင်းမှာ ထပ်အရှုံးပေးခဲ့ရခြင်းလည်းဖြစ်ပါတယ်။ ဒါပေမဲ့ ရီးယဲလ်အသင်းကလည်း အကောင်းဆုံးပုံစံ ရရှိမနေတာကြောင့် ဒုတိယအကျော့မှာ မန်စီးတီးအသင်း မျှော်လင့်ချက်အပြည့် ရှိနေဆဲလို့ သတ်မှတ်ကြတာပါ။ ဂွါဒီယိုလာ တစ်ခါက ပြောခဲ့ဖူးသလို ကစားသမားချင်း နှို်င်းယှဉ်ကြည့်မယ်ဆိုရင်တော့ ရီးယဲလ်က အပေါ်စီးမှာ ရှိနေပါလိမ့်မယ်။ နွေရာသီမှာ ပြင်သစ်တိုက်စစ်မှူး ဘာပေ ရောက်ရှိလာတဲ့ ရီးယဲလ်အသင်းက ဗင်နီစီယပ်စ်၊ ဘယ်လင်ဂမ်၊ ရိုဒရီဂိုတို့နဲ့ တိုက်စစ်ပိုင်းက တောင့်တင်းပေမဲ့ ခံစစ်ပိုင်းကတော့ ဒဏ်ရာပြဿနာတွေကြောင့် အားလျော့နေပါတယ်။ လတ်တလောမှာ ရလဒ်တွေလည်း သိပ်မကောင်းပါဘူး။ မန်စီးတီးကတော့ ယိမ်းယိုင်နေတဲ့ အခြေအနေကို ပြန်လည်ထူမတ်နိုင်ဖို့ ကစားသမားသစ်တွေ အားဖြည့်ပြီး ပြင်ဆင်နေတဲ့အသင်းပါ။ ကစားသမားသစ် မာမွတ်ရှ်က ပြီးခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဟက်ထရစ်သွင်းပြီး မှန်ကန်တဲ့ အားဖြည့်မှုတစ်ခုဖြစ်ကြောင်း သက်သေပြခဲ့ပါတယ်။ ရီးယဲလ်နဲ့ပွဲအမီ အသင်းဖော်တွေကို ခွန်အားနဲ့ ယုံကြည်မှု ပေးနိုင်ခဲ့တယ်လို့လည်း ဆိုနိုင်ပါတယ်။ မန်စီးတီးရဲ့ ကစားသမားအင်အားက ကမ္ဘာ့ဘောလုံးလောကရဲ့ အတောင့်တင်းဆုံးစာရင်းမှာ ပါဝင်နေတာကြောင့် လက်ရှိအချိန်မှာ ရီးယဲလ်လောက် မတောင့်တင်းဘူးဆိုရင်တောင် ခြားနားမှုက အများကြီးမရှိပါဘူး။ ဒါကြောင့် လက်တွေ့ယှဉ်ပြိုင်ချိန်မှာ ဘယ်လိုစွမ်းဆောင်နိုင်မလဲဆိုတာကပဲ အဓိကအဆုံးအဖြတ်ဖြစ်လာမှာပါ။ ဘာနေဗျူးမှာ ဂွါဒီယိုလာ ဘာတွေ လုပ်ပြနိုင်ဦးမလဲ ဆိုတာက အဖြေဖြစ်လာမှာပါ . . .