
အင်္ဂလန်လက်ရွေးစင်အသင်းနည်းပြအဖြစ် ဇန်နဝါရီလ ၁ ရက်တွင် တရားဝင်တာ ဝန်ထမ်းဆောင်နေသည့် သောမတ်စ်တူဟယ်လ်သည် ၎င်းစတင်တာဝန်ယူကတည်းက ပရီးမီးယားလိဂ်ပွဲစဉ် ငါးပွဲအနက် နှစ်ပွဲသာ တက်ရောက်ကြည့့်ရှုခဲ့ကြောင်း Daily Mail က ဖော်ပြခဲ့သည်။
တူဟယ်လ်သည် လိဂ်ဖလား ဆီမီးဖိုင်နယ်ပွဲစဉ် လေးပွဲ၊ FA ဖလား တတိယအဆင့် နှင့် စတုတ္ထအဆင့်ပွဲစဉ်များကို တက်ရောက် ကြည့်ရှုခြင်းမရှိခဲ့ကြောင်း သိရသည်။ ယခင်နည်းပြလက်ထက်တွင် ဂါရတ်ဆောက်ဂိတ် နှင့် သူ၏လက်ထောက် စတိဗ်ဟော်လန်တို့သည် ရက်သတ္တပတ်တစ်ခု၌ ပျမ်းမျှ ပရီးမီးယားလိဂ် ငါးပွဲကို တက်ရောက်ကြည့်ရှုခဲ့ကြသည်။
အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် (FA) အနေဖြင့် တူဟယ်လ်(၅၁ နှစ်)အား ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အောင်မြင်မှုရရန်အတွက် ၁၈ လစာချုပ်ဖြင့် ခန့်အပ်ထားခြင်းဖြစ်သည်။ သို့သော် စာချုပ်ချုပ်ဆိုရာတွင် ဂျာမနီ ရှိနေအိမ်မှ တူဟယ်လ်အား အလုပ်လုပ်ခွင့် ပြုထားခြင်းကြောင့်လည်း ဘောလုံးကွင်းအတွင်း တက်ရောက်ကြည့်ရှုမှု နည်းပါးနေခြင်း ဖြစ်ကြောင်း သိရသည်။
The Times စစ်တမ်းတွင် တူဟယ်လ်သည် ဇန်နဝါရီလလယ်ပိုင်းတွင် ကစားခဲ့သည့် ချယ်လ်ဆီး-ဘုန်းမောက် ပွဲနှင့် အာဆင်နယ်-စပါးပွဲကဲ့သို့ Midweek ပွဲများကိုလည်း တက်ရောက်ကြည့်ရှုခဲ့သည်ဟု ဖော်ပြခဲ့သည်။ ထို့ပြင် ပြီးခဲ့သည့်အပတ်က ယှဉ်ပြိုင်ကစားခဲ့သည့် မန်စီးတီး ၃-၂ ရီးရဲလ်မက်ဒရစ်ပွဲကိုလည်း ကြည့်ရှုခဲ့ပြီး စုစုပေါင်း ၁၇ ပွဲကို တက်ရောက်ကြည့်ရှုထားကြောင်း သိရသည်။
FA က တူဟယ်လ်သည် အင်္ဂလန်အသင်းအခြေစိုက်စခန်းဖြစ်သည့် St.George Park သို့လည်း မကြာခဏ လာရောက်ခဲ့သည်ဟု ပြောကြားခဲ့သည်။