
မန်စီးတီးနဲ့ အင်္ဂလန်လက်ရွေးစင်အသင်းရဲ့ တိုက်စစ်ကစားသမား ဖိုဒန်က အသက်(၂၄)နှစ်သာ ရှိသေးပေမဲ့ ကလေး(၃)ယောက်အဖေ ဖြစ်နေပါပြီ။ကျောင်းနေဖက်ချစ်သူ ရေဘက်ကာကွတ်ကီးနဲ့ ဆယ်ကျော်သက်ဘဝ နောက်ဆုံးနှစ်ကာလတွေမှာ ကတည်းက ပေါင်းသင်းနေထိုင်ခဲ့ပြီး သားလေး(၂) ယောက်၊ သမီးလေး(၁)ယောက် ပိုင်ဆိုင်ထားခဲ့တာပါ။ ဒါပေမဲ့ ရေဘက်ကာနဲ့ လက်မထပ်ရသေးပါဘူး။ သံယောဇဉ်ကြိုးတွေ အထပ်ထပ်တိုးနေခဲ့ပြီဖြစ်တာကြောင့် သူတို့ရဲ့ လက်ထပ်ပွဲကို အနှေးနဲ့အမြန်ဆိုသလို မြင်တွေ့ရတော့မယ်လို့ နီးစပ်သူတွေက ခန့်မှန်းထားကြပါတယ်။ အခု အဲဒီမှန်းဆမှုက ပိုပြီးနီးစပ်လာပါတယ်။ ဘာကြောင့်လဲဆိုတော့ ရေဘက်ကာရဲ့ လက်သူကြွယ်မှာ စိန်လက်စွပ်အကြီးကြီးတစ်ကွင်း ဝတ်ဆင်ထားတာ မြင်တွေ့ကြရတာကြောင့်ပါ။ လက်သူကြွယ်ဆိုတာက လက်ထပ်လက်စွပ် ဒါမှမဟုတ် စေ့စပ်လက်စွပ်တွေကိုသာ ဆင်မြန်းလေ့ ရှိနေတဲ့ ထူးမြတ်တဲ့နေရာတစ်ခုလို့ သတ်မှတ်ထားကြတာပါ။ အရင်က ရေဘက်ကာရဲ့လက်သူကြွယ်မှာ ဘာလက်စွပ်မှ မြင်တွေ့ခဲ့ရခြင်းမရှိပေမဲ့ ပြီးခဲ့တဲ့ နှစ်သစ်ကူးကာလ ပြင်သစ်ကို ခရီးသွားပြီးအပြန်မှာ စိန်လက်စွပ်ဝတ်ဆင်ထားတာကို စတင်မြင်တွေ့ကြရတယ်လို့ ဗြိတိန်မီဒီယာတွေက ဆိုပါတယ်။
မန်စီးတီးနဲ့ အင်္ဂလန်လက်ရွေးစင်အသင်းရဲ့ တိုက်စစ်ကစားသမား ဖိုဒန်က အသက်(၂၄)နှစ်သာ ရှိသေးပေမဲ့ ကလေး(၃)ယောက်အဖေ ဖြစ်နေပါပြီ။ကျောင်းနေဖက်ချစ်သူ ရေဘက်ကာကွတ်ကီးနဲ့ ဆယ်ကျော်သက်ဘဝ နောက်ဆုံးနှစ်ကာလတွေမှာ ကတည်းက ပေါင်းသင်းနေထိုင်ခဲ့ပြီး သားလေး(၂) ယောက်၊ သမီးလေး(၁)ယောက် ပိုင်ဆိုင်ထားခဲ့တာပါ။ ဒါပေမဲ့ ရေဘက်ကာနဲ့ လက်မထပ်ရသေးပါဘူး။ သံယောဇဉ်ကြိုးတွေ အထပ်ထပ်တိုးနေခဲ့ပြီဖြစ်တာကြောင့် သူတို့ရဲ့ လက်ထပ်ပွဲကို အနှေးနဲ့အမြန်ဆိုသလို မြင်တွေ့ရတော့မယ်လို့ နီးစပ်သူတွေက ခန့်မှန်းထားကြပါတယ်။ အခု အဲဒီမှန်းဆမှုက ပိုပြီးနီးစပ်လာပါတယ်။ ဘာကြောင့်လဲဆိုတော့ ရေဘက်ကာရဲ့ လက်သူကြွယ်မှာ စိန်လက်စွပ်အကြီးကြီးတစ်ကွင်း ဝတ်ဆင်ထားတာ မြင်တွေ့ကြရတာကြောင့်ပါ။
လက်သူကြွယ်ဆိုတာက လက်ထပ်လက်စွပ် ဒါမှမဟုတ် စေ့စပ်လက်စွပ်တွေကိုသာ ဆင်မြန်းလေ့ ရှိနေတဲ့ ထူးမြတ်တဲ့နေရာတစ်ခုလို့ သတ်မှတ်ထားကြတာပါ။ အရင်က ရေဘက်ကာရဲ့လက်သူကြွယ်မှာ ဘာလက်စွပ်မှ မြင်တွေ့ခဲ့ရခြင်းမရှိပေမဲ့ ပြီးခဲ့တဲ့ နှစ်သစ်ကူးကာလ ပြင်သစ်ကို ခရီးသွားပြီးအပြန်မှာ စိန်လက်စွပ်ဝတ်ဆင်ထားတာကို စတင်မြင်တွေ့ကြရတယ်လို့ ဗြိတိန်မီဒီယာတွေက ဆိုပါတယ်။ ရေဘက်ကာက ဖိုဒန် ယှဉ်ပြိုင်ကစားတဲ့ အင်္ဂလန်လက်ရွေးစင်အသင်းရဲ့ ပွဲစဉ်တွေ၊ မန်စီးတီးအသင်းရဲ့ ပွဲစဉ်တွေကို ရံဖန်ရံခါဆိုသလို လိုက်ပါအားပေးလေ့ရှိပေမဲ့ သာမန်အရပ်သူတစ်ယောက်အဖြစ်သာ ရှင်သန်ဖြတ်သန်းနေသူဖြစ်တာကြောင့် သူ့အကြောင်းကို အတွင်းကျကျမသိကြပါဘူး။ သူက ဖိုဒန်နဲ့ ကလေးဘဝကတည်းက သိကျွမ်းခဲ့သူလို့ တချို့က ဆိုကြပြီး တချို့ကတော့ ဆယ်ကျော်သက်အရွယ်ရောက်မှ ပါတီတစ်ခုမှာ ဆုံတွေ့ခဲ့တာလို့ ဆိုကြပါတယ်။ သေချာတာကတော့ သားဦးလေးဖြစ် တဲ့ ရွန်နီကို ၂၀၁၉ ဇန်နဝါရီမှာ မွေးဖွားခဲ့တာကြောင့် ဖိုဒန်က ရေဘက်ကာနဲ့ (၁၈)နှစ်မပြည့်ခင်မှာကတည်းက ချစ်ခင်စုံမက်ပေါင်းဖက်နေထိုင်ခဲ့ကြပြီ ဆိုတာပါပဲ။
သူတို့ရဲ့ အချစ်ရေးကို ပရိသတ်တွေ သတိပြု မိခဲ့ကြတာကတော့ ၂၀၂၂ နွေရာသီမှာ မိသားစုတွေ မိတ်ဆွေတွေနဲ့ ကမ်းခြေကို အပန်းဖြေခရီးသွား ရောက်စဉ်မှာပါ။ ဖိုဒန် ပင်လယ်ထဲ ဆင်းနေတုန်း ရေဘက်ကာက ဖိုဒန်ရဲ့ဖုန်းကို ယူကြည့်ခဲ့ပါတယ်။ အဲဒီမှာ နှစ်ဦးစလုံး ဒေါသပေါက်ကွဲပြီး ပြဿနာတက်ခဲ့ကြတာကို မီဒီယာတွေက ဖော်ပြခဲ့တာကြောင့် ပရိသတ်တွေ သတိထားမိသွားကြတာပါ။ ဖိုဒန်က သူနဲ့ စတွဲနေစဉ်ကာလမှာပဲ တခြားမိန်းကလေးတွေနဲ့ ရှုပ်ချင်ပွေချင်တဲ့သတင်းတွေ ထွက်ပေါ်ခဲ့ဖူးတာကြောင့်လည်း ရေဘက်ကာက ဖိုဒန်ရဲ့ ဖုန်းကို ယူစစ်ခဲ့တာ ဖြစ်ပါလိမ့်မယ်။ ဒီပြဿနာက သူ တို့နှစ်ယောက်ရဲ့ အချစ်ရေးကို အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားစေနိုင်လောက်အောင် အန္တရာယ်များပေမဲ့ သူတို့ရဲ့ ချစ်ခြင်းက မှတ်ကျောက်တင်ခံနိုင်ခဲ့ပါတယ်။ ဖိုဒန်က နောက်ထပ် အမှားမရှိအောင် ပြင်ဆင်လျှောက်လှမ်းနိုင်ခဲ့တာကြောင့်လည်း ဖြစ်ပါလိမ့်မယ်။ ဒီလိုနဲ့ပဲ သားလေး ရွန်နီရဲ့နောက်မှာ ထရူး (True) ဆိုတဲ့ သမီးလေးနဲ့ အမည်မပေးရသေးတဲ့ သားလေးတစ်ယောက် ထပ်ပြီးပိုင်ဆိုင်ခဲ့ကြတာပါ။ အငယ်ဆုံးသားလေးကို ပြီးခဲ့တဲ့ ယူရို-၂၀၂၄ ပြိုင်ပွဲ ကာလအတွင်းမှာ မွေးဖွားခဲ့တာဖြစ်ပြီး ဖိုဒန်က ချစ်သူဆီ အပြေးပြန်ပြီး အားပေးခဲ့တဲ့သတင်းကလည်း ပရိသတ်တွေအတွက် ကြည်နူးစရာဖြစ်ခဲ့ပါတယ်။
အခုတော့ ပိုပြီးကြည်နူးစရာကောင်းတဲ့ သတင်းကို ကြားရတော့မလားလို့ နားစွင့်နေကြရပါပြီ။ ရေဘက်ကာရဲ့လက်မှာ စေ့စပ်လက်စွပ်လို့ ယူဆရမယ့် စိန်လက်စွပ်ကြီး ဆင်မြန်းထားပြီဖြစ်လို့ လာမယ့်နွေရာသီမှာ လက်ထပ်ပွဲကျင်းပတာကို မြင်တွေ့ရနိုင်တယ်လို့ ဗြိတိန်မီဒီယာတွေကလည်း ထင်ကြေးပေးနေကြပါတယ်။ မန်စီးတီးအသင်းနဲ့သာ အောင်ပွဲခံနေရတဲ့ ဖိုဒန် ရေဘက်ကာကို ရွှေလက်တွဲပြီး အောင်ပွဲခံမယ့် နွေရာသီ ဖြစ်လာတော့မလား ဆိုတာကိုတော့ . . . ။