
နယူးဇီလန်လက်ဝှေ့သမား ဂျိုးဆက်ပါကားက လာမည့် ဖေဖော်ဝါရီလ ၂၂ ရက်တွင် ထိုးသတ်မည်ဖြစ်သော IBF ကမ္ဘာ့ဟဲဗီးဝိတ် ချန်ပီယံ ဒန်နီရယ်လ်ဒူဘွာနှင့်ပွဲတွင် အနိုင်ရမည်ဟု ယုံကြည်နေကြောင်း ပြောကြားခဲ့သည်။
ယင်းပွဲကို လာမည့်စနေနေ့၌ ဆော်ဒီ အာရေဗျနိုင်ငံ၊ ရီယာ့ဒ်မြို့ရှိ Kingdom Arena တွင် ထိုးသတ်မည်ဖြစ်ပြီး ၎င်းတို့နှစ်ဦး၏ပွဲမှာ မြန်မာစံတော်ချိန် တနင်္ဂနွေနေ့နံနက် လေးနာရီဝန်းကျင်တွင်မှ ထိုးသတ်ဖွယ်ရှိနေသည်။
အသက် ၃၃ နှစ်အရွယ်ရှိ ပါကားအ နေဖြင့် ၂၀၂၆ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်က မက္ကဆီကို/ အမေရိကန်လက်ဝှေ့သမား အန်ဒီရုဇ်ဂျူနီယာကို အမှတ်ဖြင့် အနိုင်ယူပြီး လစ်လပ်လျက်ရှိသည့် WBO ကမ္ဘာ့ဟဲဗီးဝိတ် ချန်ပီယံဘွဲ့ကို ရယူနိုင်ခဲ့သည်။
ယင်းနောက် ၂၀၁၈ ခုနှစ် မတ်လ ၃၁ ရက်တွင် အန်သိုနီ ဂျိုရှူအာကို အမှတ်ဖြင့် အရေးနိမ့်ပြီး ချန်ပီယံခါးပတ် စွန့်လွှတ်ခဲ့ရသည်။ "အချိန်တွေက ခြားနားသွားပါပြီ။ ကျွန်တော်က ပိုပြီးရင့်ကျက်လာတယ်။ ကျွန်တော် ဘာလုပ်နေတယ်၊ လက်ဝှေ့မှာ ဘာလိုချင်သလဲဆိုတာကို နားလည်ပါတယ်။ ကျွန်တော် ကမ္ဘာ့ချန်ပီယံ ဖြစ်ချင်တယ်။ ကမ္ဘာ့အငြင်းပွားဖွယ်မရှိ ချန်ပီယံ ဖြစ်ချင်တယ်။ ကျွန်တော် ရှုံးခဲ့ဖူးသူတွေကို ပြန်လက်စားချေချင်တယ်။ အဲဒီနောက် ပျော်ရွှင်တဲ့ လူသားတစ်ယောက်အနေနဲ့ အနားယူချင်ပါတယ်။ ပြီးတော့ ကျွန်တော့်ကလေးတွေ နဲ့ အချိန်ကုန်ဆုံးချင်ပါတယ်"ဟု ဂျိုးဆက်ပါ ကားက ပြောကြားခဲ့သည်။
ဂျိုးဆက်ပါကား၏ ပြိုင်ဘက်ဖြစ်သူ ဒူဘွာသည် ၂၇ နှစ်သာ ရှိသေးပြီး ပရိုလက်ဝှေ့ပွဲ ၂၄ ပွဲ ထိုးသတ်ရာတွင် ၂၂ ပွဲအနိုင်ရကာ အူဆိုက်နှင့် ဂျိုးဂျွိုက်စ်တို့ကိုသာ အရေးနိမ့်ထားသည်။