Eleven Media Group

ဗြိတိန်လက်ဝှေ့သမား အန်သိုနီဂျိုရှူအာ ထိုးသတ်ဖွယ်ရှိသည့် ပြိုင်ဘက်ကို ပွဲစီစဉ်သူ အက်ဒီဟန်း ဖွင့်ဟ

Photo: Getty Images

ဗြိတိန်လက်ဝှေ့သမား အန်သိုနီဂျိုရှူအာသည် လာမည့်ပွဲအတွက် ထိုးသတ်ဖွယ်ရှိသည့် ပြိုင်ဘက်ကို ပွဲစီစဉ်သူ အက်ဒီဟန်းက ထုတ်ဖော်ပြောကြားခဲ့သည်။

ဂျိုရှူအာသည် ယခုနှစ်အတွင်း တိုင်ဆန်ဖျူရီနှင့် ထိုးသတ်ရန် ပစ်မှတ်ထားခဲ့သော်လည်း ပြိုင်ဘက်ဖြစ်သူမှာ လက်ဝှေ့လောကမှ အနားယူကြောင်း ကြေညာခဲ့သဖြင့် ပွဲမပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။

"အခု တိုင်ဆန်ဖျူရီ အနားယူသွားပြီ။ သူ့ကို ဘေးမှာ ထားလိုက်ရအောင်။ AJ (အန်သိုနီဂျိုရှူအာ) အတွက် နံပါတ်တစ်ရွေးချယ်မှုက ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံ ခါးပတ်အတွက် တိုက်ခိုက်ဖို့ပါပဲ။ ဒါက သူအလိုရှိတာ (၉၉)ရာခိုင်နှုန်း သေချာပါတယ်။ ပြိုင်ဘက်က ဒန်နီယဲလ်ဒူဘွာဖြစ်လည်း ပြဿနာ မရှိပါဘူး။ ဂျိုးဆက်ပါကားဖြစ်လည်း ပြဿနာမရှိပါဘူး။ သူဟာ ဒန်နီယဲလ်ဒူဘွာနဲ့ မထိုးသတ်လောက်ဘူးလို့ ကျွန်တော် မပြောပါဘူး"ဟု အက်ဒီဟန်းက ပြောကြားခဲ့သည်။

ဂျိုရှူအာသည် ပြီးခဲ့သည့်နှစ် စက်တင်ဘာလအတွင်းက ဒူဘွာနှင့် IBF ဟဲဗီးဝိတ်ချန်ပီယံစိန်ခေါ်ပွဲ ထိုးသတ်ခဲ့သော်လည်း (၅)ချီမြောက်တွင် အလဲထိုးခံရပြီး အရေးနိမ့်ခဲ့ခြင်းဖြစ်သည်။ ဒူဘွာအနေဖြင့် လာမည့် ဖေဖော်ဝါရီ လ(၂၂)ရက်၌ နယူးဇီလန်လက်ဝှေ့ သမား ဂျိုးဆက်ပါကားနှင့် ဒုတိယမြောက် ချန်ပီယံကာကွယ်ပွဲ ထိုးသတ်မည်ဖြစ်ပြီး ဂျိုရှူအာက ယင်းပွဲမှ အနိုင်ရမည့်သူနှင့် တွေ့ဆုံရန် ပစ်မှတ်ထားလျက်ရှိသည်။

အက်ဒီဟန်းက ဂျိုရှူအာအနေဖြင့် လက်ဝှေ့သမားဘဝမှ အနားယူဖွယ်ရှိသည့်သတင်းများကို ငြင်းဆန်ခဲ့သည်။

မူရင်းသတင်း — Eleven Media Group