Netflix ရဲ့ မှုခင်းဇာတ်လမ်းတွဲတစ်ခုလိုပါပဲ။ အသက်အန္တရာယ်ခြိမ်းခြောက်မှု၊ မဖွယ်မရာဗီဒီယိုထွက်ပေါ်မှု၊ မိသားစုလှည့်ကွက်ဇာတ်ညွှန်းတွေနဲ့ မှုခင်းဇာတ်လမ်းတွဲမျိုး ဖန်ဆင်းခဲ့တာ တောင်ကိုရီးယားကစားသမား ဟွမ်အူဂျိုပါပဲ။ ဟွမ်က ၂၀၂၂ ခုနှစ်၊ ဇွန်လကနေ စက်တင်ဘာလအတွင်း အမျိုးသမီးနှစ်ဦးနဲ့အတူရှိခဲ့ချိန်မှာ အလိုမတူဘဲ ညစ်ညမ်းဗီဒီယိုရိုက်ခဲ့လို့ ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်းမှာ တရားစွဲခံထားရပါတယ်။ တောင်ကိုရီးယားအသင်းက ဟွမ်ကို အဲဒီကိစ္စဖြစ်ပြီးနောက် လက်ရွေးစင်အဖြစ် မရွေးချယ်တော့ဘူး။ တကယ်လို့များ ဟွမ်က ပြစ်မှုထင်ရှားရင် ထောင်ဒဏ် (၇)နှစ်အထိ ကျခံရနိုင်တယ်။ ဒါပေမဲ့ ကံကောင်းစွာပဲ ဟွမ်က ထောင်ဒဏ်နှစ်အများကြီးမကျခဲ့ဘူး။ အလိုမတူဘဲ ညစ်ညမ်းဗီဒီယို ရိုက်ကူးခံရတဲ့ အမျိုးသမီးတစ်ဦးရဲ့ရှေ့နေက "နစ်နာသူ ဘက်ကအမှန်တရားကို မျှော်လင့်နေပါတယ်။ ဟွမ်အနေနဲ့ သင်ခန်းစာရသင့်ပြီး သူ့လုပ်ရပ်ကြောင့် ဘယ်လောက်နစ်နာတယ်ဆိုတာ သိသင့်ပါတယ်။ နစ်နာသူက အခုဆိုရင် ယုံကြည်စိတ်ပျောက်ဆုံးနေပြီး ဟွမ်ရဲ့ မျက်နှာကို မြင်တောင် မမြင်ချင်တော့ဘူး"လို့ ပြောပြဖူးတယ်။

ဟွမ်ရဲ့အမှုကို တရားရုံးမှာ စတင်စစ်ဆေးချိန်ကတည်းက လူစိတ်ဝင်စားခဲ့တယ်။ တောင် ကိုရီးယားမှာ ဟွမ်ရဲ့အမှုကို Molka လို့ နာမည်ပေးထားပြီး လျှို့ဝှက်ကင်မရာလို့ အဓိပ္ပာယ် ရပါတယ်။အရင်တုန်းက ဟွမ်က တောင်ကိုရီးယားပြည်သူတွေရဲ့ အချစ်တော်ဖြစ်ပေမယ့် အခု ပြောင်းလဲခဲ့ပါပြီ။ ၂၀၂၂ ကမ္ဘာ့ဖလားတုန်းက တောင်ကိုရီးယားအတွက် ဟွမ် ပွဲတိုင်းကစားခွင့်ရပြီး သူ့ရဲ့လက်ရွေးစင်သက်တမ်းက ဆယ်စုနှစ်တစ်ခုကြာရှိနေပါပြီ။ ၂၀၂၂ ခုနှစ်၊ နွေရာသီအပြောင်းအရွှေ့ကာလမှာ ဘော်ဒိုးကနေ နော်တင်ဟမ်ဖောရက်စ်ကို ရောက်ခဲ့ပြီး နှစ်ရာသီဆက် အငှားကစားသမားအဖြစ်သာ ဖြတ်သန်းခဲ့ရပါတယ်။ ဟွမ်ဟာ တောင်ကိုရီးယားအာဏာပိုင်တွေရဲ့ တင်းကြပ်တဲ့စစ်ဆေးမှုနဲ့ ရင်ဆိုင်ခဲ့ရတာပါ။ Instagram မှာထွက်ပေါ်ခဲ့တဲ့ ညစ်ညမ်းဗီဒီယိုကြောင့် ဟွမ် စစ်ဆေးခံရတာပါပဲ။ အဲဒီဗီဒီယိုထဲက အမျိုးသမီးက ဟွမ်ရဲ့အဆက် ဟောင်းလို့ယူဆရပြီး သူက မျက်နှာများတဲ့ ဟွမ်နဲ့ လမ်းခွဲထားတာကြာပါပြီ။ နစ်နာသူအမျိုးသမီးက သူ့လိုမျိုး ဟွမ် ဗီဒီယိုခိုးရိုက်တာခံရတဲ့မိန်းကလေးများစွာရှိနေလိမ့်မယ်လို့ ထုတ်ဖော်ပြော ဆိုထားပါတယ်။
ဟွမ်ရဲ့ ဗီဒီယိုအောက်က မှတ်ချက်တွေကို ကြည့်တဲ့အခါ "ဗီဒီယိုခိုးရိုက်တာခံရတဲ့မိန်းကလေး ဘယ်လောက်တောင်ရှိနေမလဲ"လို့ အဓိပ္ပာယ်ရမယ့် မှတ်ချက်တွေအများကြီးပါပဲ။ ဟွမ်ရဲ့ စီမံခန့်ခွဲမှုကုမ္ပဏီ UJ Sports က "အခြေအမြစ်မရှိတဲ့ စွဲချက်တွေပါ"လို့ တုံ့ပြန်သလို၊ ဟွမ်ကလည်း "ဥပဒေနဲ့ မညီတာ ကျွန်တော် တစ်ခုမှမလုပ်ထားပါဘူး။ Instagram က ဗီဒီယိုက အခြေအမြစ်မရှိပါဘူး။ အဲဒီဗီဒီယိုကို Share တဲ့ သူကိုလည်း ကျွန်တော် မသိပါဘူး။ ဘယ်သူပဲဖြစ်ဖြစ် ကျွန်တော့်ကို ခြိမ်းခြောက်ပြီး ထိခိုက်နစ်နာစေလို့ အပြစ်ရှိပါတယ်"လို့ ပြောခဲ့ပါတယ်။ တောင်ကိုရီးယားအာဏာပိုင်တွေ စုံစမ်းစစ်ဆေးတဲ့အခါ ဗီဒီယိုထဲမှာပါဝင်တဲ့ အမျိုးသမီးက ဟွမ်ရဲ့ အဆက်ဟောင်းမဟုတ်ပါဘူး။ ဗီဒီယိုဖိုင်တင်ခဲ့တဲ့ IP လိပ်စာကို ဖော်ထုတ်လိုက်တဲ့အခါ ဟွမ်ရဲ့အိမ်ဖြစ်နေပါတယ်။ ဗီဒီယိုဖိုင် တင်တဲ့အချိန်ကို စစ်ဆေးတဲ့အခါ ဟွမ်အိမ်မှာမရှိတဲ့အချိန် ဖြစ်နေတာပါ။ ဒါနဲ့ပဲ ထပ်ပြီး စုံစမ်းစစ်ဆေးတဲ့အခါ ဟွမ်ရဲ့ Personal Manager အဖြစ်ဆောင်ရွက်နေတဲ့ မရီးလက်ချက်လို့ သိခဲ့ရတယ်။ ဟွမ်ရဲ့ မရီးက သူ့ရဲ့ Laptop ကနေ ဗီဒီယိုဖိုင်ကိုတင်ခဲ့တာပါပဲ။ တောင်ကိုရီးယားအာဏာပိုင်တွေက သူ့နာမည်ကို ဖုံးကွယ်ထားပြီး လီလို့ပဲ သုံးနှုန်းခဲ့ပါတယ်။ လီနဲ့ ဟွမ်ရဲ့အစ်ကိုဟာ UJ Sports ရဲ့ ဒါရိုက်တာအဖွဲ့ဝင်တွေလည်း ဖြစ်ပါတယ်။ ဟွမ်ရဲ့မရီးက ဗီဒီယိုဖိုင်ဟာ သူ့လက်ချက်မဟုတ်ဘူးလို့ အမြဲတမ်းငြင်းဆန်ခဲ့တယ်။ တစ်ယောက်ယောက်က သူ့အကောင့်ကို Hacked ခဲ့တာလို့ ဆင် ခြေပေးခဲ့ပါတယ်။ ဟွမ်ရဲ့ လျှို့ဝှက်အပ်တဲ့အရာတွေ အကုန်လုံး အကာအကွယ်ပေးထားတယ်ဆိုပြီး ပြောခဲ့ပါတယ်။
ဟွမ်က သူ့မရီး တောင်အမေရိက ခရီးစဉ်သွားတုန်းက သူ့ရဲ့ ဖုန်းအဟောင်းတစ်လုံး ငှားဖူးတယ်ဆိုပြီး ရဲတပ်ဖွဲ့ကို ဝန်ခံခဲ့ပါတယ်။ အဲဒီ ဖုန်းကနေ မရီးဖြစ်သူဟာ ဟွမ်ရဲ့အရေးကြီး Password တွေ ရခဲ့ပုံပါပဲ။ ဟွမ်နဲ့ပတ်သက်ပြီး မရီးက မကျေနပ်စိတ်နဲ့ ခံစားချက်တွေများခဲ့ပါတယ်။ ဟွမ်ရဲ့ မရီးက "သူ့ကို ကျွန်မ သင်ခန်းစာရစေချင်စေတယ်။ သူ့အတွက်နဲ့ ကျွန်မတို့လင်မယားနှစ်ယောက် ဘယ်လောက်အနစ်နာခံခဲ့ရလဲဆိုတာ သူ မသိပါဘူး။ ဟွမ် အောင်မြင်ဖို့အတွက် တောင်ကိုရီးယားမှာ ကျွန်မတို့နှစ်ယောက် အရာအားလုံးအဆုံးရှုံးခံခဲ့ရတယ်။ သူ့ကို ငါးနှစ်လောက် အချိန်ပေး အနစ်နာခံခဲ့ရတာပါ။ ပြီးခဲ့တဲ့နှစ်အတွင်းမှာ ကျွန်မ ယောကျာ်းနဲ့ ဟွမ် သဘောထားကွဲလွဲခဲ့ပါတယ်။ အဲဒီကိစ္စကြောင့် ကျွန်မယောကျာ်း သစ္စာဖောက်သလို ခံစားခဲ့ရပါတယ်။ ကျွန်မလည်း ပိုပြီးခံစားရပါတယ်။ သူ့ကြောင့်နဲ့ ကျွန်မရဲ့ အိပ်မက်နဲ့ ပညာတတ်ဖြစ်လိုစိတ်ကို အဆုံးရှုံးခံခဲ့တာပါ။ ဟွမ်နောက်ကို ကျွန်မယောကျ်ား တကောက်ကောက်လိုက်နေချိန်မှာ ကျွန်မ တစ်ယောက်တည်း အထီးကျန်ဆန်ခဲ့ပါတယ်"လို့ ဆိုးလ်ခရိုင်တရားရုံးမှာ ထွက်ဆိုခဲ့ပါတယ်။ နောက်ဆုံး ဟွမ်ရဲ့မရီးက ထောင်ဒဏ်သုံးနှစ်ချမှတ်ခံခဲ့ရပါတယ်။ ဟွမ်ရဲ့မရီးက "ဟွမ်က အချိုးမပြေတဲ့သူ"၊ "လက်စားချေလိုစိတ်ကြောင့် ဘာမှမမြင်ခဲ့ကြောင်း" တရားရုံးမှာ ထုတ်ဖော်ပြောဆိုခဲ့သလို သူ့ လုပ်ရပ်ကိုလည်း အသေးစိတ်ရှင်းပြခဲ့တယ်။ မရီးဖြစ်သူက ဟွမ်ရဲ့ ချစ်မှုရေးရာဗီဒီယိုတစ်ခုမှာပါဝင်တဲ့ အမျိုးသမီးမျက်နှာကို ဟွမ်ရဲ့ အဆက်ဟောင်းဓာတ်ပုံ ဖုံးအုပ်ပြီး တင်ခဲ့တာပါ။ ဟွမ်ရဲ့မရီးက ဗီဒီယိုထဲက အမျိုးသမီးကိုနစ်နာလိုစိတ် မရှိဘူးလို့လည်း ရင်ဖွင့်ခဲ့ပါတယ်။