
Sky Sports မှာ ဘောလုံးဝေဖန်သူအဖြစ် ဆောင်ရွက်နေတဲ့ နယူးကာဆယ်ဂန္ထဝင် အလန်ရှီးယားက လက်ရှိနယူးကာဆယ်တိုက်စစ်မှူး အီဆက်ခ်ကို အင်တာဗျူးလုပ်ခဲ့ပါတယ်။ အီဆက်ခ်ဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ (၁၇) ဂိုးသွင်းခဲ့ပြီး ဥရောပထိပ်တန်းအသင်းတွေရဲ့ စိတ်ဝင်စားခြင်းကိုပါ ခံနေရတာပါ။ အခု အင်တာဗျူးမှာ အလန်ရှီးယားက အီဆက်ခ်ရဲ့ဘဝအကြောင်း၊ သူ့ရဲ့ကစားသမားဘဝဖြတ်သန်းမှုအကြောင်း၊ လက်ရှိခြေစွမ်းအကြောင်းနဲ့ ဒီရာသီ နယူူးကာဆယ်အသင်းနဲ့ သူရဲ့ရည်မှန်းချက်တွေကို ပြည့်ပြည့်စုံစုံ မေးမြန်းခဲ့တာပါ။ အီဆက်ခ်ရဲ့ဘဝ နဲ့ သူ့အကြောင်း ပိုသိနိုင်ဖို့ အဲဒီအင်တာဗျူးကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ် . . .
Sky Sports မှာ ဘောလုံးဝေဖန်သူအဖြစ် ဆောင်ရွက်နေတဲ့ နယူးကာဆယ်ဂန္ထဝင် အလန်ရှီးယားက လက်ရှိနယူးကာဆယ်တိုက်စစ်မှူး အီဆက်ခ်ကို အင်တာဗျူးလုပ်ခဲ့ပါတယ်။ အီဆက်ခ်ဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ (၁၇) ဂိုးသွင်းခဲ့ပြီး ဥရောပထိပ်တန်းအသင်းတွေရဲ့ စိတ်ဝင်စားခြင်းကိုပါ ခံနေရတာပါ။ အခု အင်တာဗျူးမှာ အလန်ရှီးယားက အီဆက်ခ်ရဲ့ဘဝအကြောင်း၊ သူ့ရဲ့ကစားသမားဘဝဖြတ်သန်းမှုအကြောင်း၊ လက်ရှိခြေစွမ်းအကြောင်းနဲ့ ဒီရာသီ နယူူးကာဆယ်အသင်းနဲ့ သူရဲ့ရည်မှန်းချက်တွေကို ပြည့်ပြည့်စုံစုံ မေးမြန်းခဲ့တာပါ။ အီဆက်ခ်ရဲ့ဘဝ နဲ့ သူ့အကြောင်း ပိုသိနိုင်ဖို့ အဲဒီအင်တာဗျူးကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ် . . .
မေး - ခင်ဗျားမှာ မွေးချင်း (၆) ယောက်ရှိတယ်။ အဲဒီထဲမှာ ခင်ဗျားက အငယ်ဆုံး။ ခင်ဗျားရဲ့ ငယ်ဘဝကို ပြောပြပါဦး။
ဖြေ - မွေးချင်းတွေများတာ ကောင်းပါတယ်။ ကျွန်တော့်ရဲ့ ညီအစ်ကိုမောင်နှမအများစုက ကျွန်တော့်ထက် အသက်တော်တော်လေးကြီးကြတယ်။ မိသားစုမှာ လူတွေများတာက ကောင်းတဲ့နည်းလမ်းနဲ့ အကူအညီဖြစ်ပါတယ်။ ကျွန်တော်က လိမ္မာတဲ့ ကလေး ဖြစ်ခဲ့တာပါ။ ကျောင်းမှာလည်း ကောင်းကောင်းနေခဲ့ပါတယ်။ ကျွန်တော်တို့က ဆင်းရဲတဲ့ရပ်ကွက်မှာ နေထိုင်ခဲ့ပြီး အချိန်အများစုကို ဘောလုံးကန်ရင်း ကုန်ဆုံးခဲ့တာပါ။ အခုခေတ် နဲ့ ကွာခြားတာပေါ့။ အခုခေတ်မှာ ကလေးတွေက အိမ်မှာနေပြီး ဂိမ်းစ်တွေကစားကြတယ်။ ကျွန်တော်တို့တုန်းက အပြင်မှာ သူငယ်ချင်းတွေနဲ့ ကစားကြတာပေါ့။ ဒီတော့ ကျွန်တော်က တစ်ချိန်လုံးအပြင်မှာချည်းပဲ။ ဘောလုံးကစားတယ်။ သူငယ်ချင်းတွေနဲ့ လျှောက်လည်တယ်။ ကစားကြတယ်ပေါ့လေ။
မေး - ခင်ဗျားရဲ့ မိဘတွေက အဲရစ်ထရီယာ (အာဖရိကနိုင်ငံတစ်ခု) ကနော်။ ခင်ဗျားအနေနဲ့ ဆွီဒင်မှာ မွေးဖွားခဲ့ပေမဲ့ ခင်ဗျားရဲ့မိဘတွေရဲ့ မွေးရပ်မြေနဲ့ ဘယ်လိုဆက်စပ်မှုရှိလဲ။
ဖြေ - ကျွန်တော် ဆွီဒင်မှာ မွေးဖွားကြီးပြင်းခဲ့ပေမဲ့ အဲဒီမှာ အဲရစ် ထရီယာကလူတွေအတွက် ကွန်မြူနတီတွေ ရှိပါတယ်။ ကျွန် တော် အဲဒီပတ်ဝန်းကျင်မှာပဲ ကြီးပြင်းခဲ့သူပါ။ ကျွန်တော့်အနေနဲ့ အဲရစ်ထရီယာကို အများကြီး မရောက်ဖူးပေမဲ့ နောက်ဆုံးတစ် ခေါက်သွားခဲ့တုန်းက အတွေ့အကြုံကောင်းတွေ အများကြီး ရခဲ့ပါတယ်။
မေး - ခင်ဗျားမိဘတွေ ဖြတ်သန်းခဲ့ရတာတွေက ခင်ဗျားကို လွှမ်းမိုးနေမယ် ထင်တယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တွေ့တာတော့ ခင်ဗျားက တိတ်ဆိတ်ပြီး အရမ်းကောင်းတယ်။ ဒါပေမဲ့ ခင်ဗျားမှာ မာကျောမှုရှိပြီး ရည်မှန်းချက်ကြီးတယ်။
ဖြေ - ဟုတ်ပါတယ်။ မိဘတွေဆီက ကျွန်တော်ရခဲ့တာတွေအများ ကြီးပါ။ အထူးသဖြင့် စည်းကမ်းနဲ့ နှိမ့်ချစွာနေထိုင်မှုပါပဲ။ ပြီးတော့ ကြိုးစားမှုပေါ့။ ကျွန်တော် ဒီအခြေအနေရောက်အောင် အဲဒီအ ရာတွေက ကူညီခဲ့တာပါ။
မေး - ခင်ဗျား တစ်ချိန်လုံး ဘောလုံးမှဘောလုံးဆိုပြီး ဖြစ်နေခဲ့တာလား။
ဖြေ - အရမ်းကောင်းတဲ့ မေးခွန်းပါပဲ။ ကျွန်တော့်အနေနဲ့ တစ်ချိန်လုံး အားကစားပဲ လုပ်ချင်နေခဲ့တာလို့ ထင်ပါတယ်။ အထူးသဖြင့် ဘောလုံးကစားတာပေါ့လေ။ လမ်းပေါ်မှာလည်း ဘောလုံးကစားတယ်။ ကျောင်းမှာလည်း ဘောလုံးကစားတယ်။ ငယ်ငယ်ကတည်းက ဘောလုံးကို ကြိုက်ခဲ့တာပါ။
မေး - ငယ်ငယ်ကတည်းက ဂိုးသွင်းရတာကိုနှစ်သက်ပြီး ရှေ့တန်း မှာပဲ ကစားခဲ့တာလား။
ဖြေ - ငယ်ငယ်တုန်းကတော့ ဘယ်နေရာမှာ ကစားမယ်ဆိုပြီး သတ်မှတ်ထားတာ မရှိဘူးလေ။ နေရာတိုင်းမှာ ကစားတာပဲ။ ဂိုးသွင်းရတာထက် လိမ်ခေါက်ကျော် ဖြတ်တာကို ကျွန်တော် ပိုကြိုက်ပါတယ်။ အဲဒီတုန်းကတော့ ပျော်ဖို့အတွက် ဘောလုံးကစားခဲ့တာလေ။ လမ်းပေါ်မှာ ဘောလုံးကစားတာကိုက ပျော်နေခဲ့တာပါ။
မေး - ခင်ဗျားအတွက် အကောင်းဆုံးနေရာက ဘယ်နေရာလို့ ထင်လဲ။
ဖြေ - အထောင်တိုက်စစ်နေရာလို့ ကျွန်တော် ပြောချင်ပါတယ်။ ဒါက ကျွန်တော် ကစားတဲ့နေရာပါ။ ဘယ်တောင်ပံမှာ ဘောလုံးလက်ခံရတာကိုလည်း ကျွန်တော် ကြိုက်ပါတယ်။
မေး - ကျွန်တော်တို့ခေတ် တုန်းက အထောင်တိုက်စစ် မှူးနဲ့ ဒီနေ့ခေတ်အ ထောင်တိုက်စစ်မှူး က အတော်ကွာခြား သွားပြီ။ ခင်ဗျား ကိုယ်ခင်ဗျား ဘယ်လို ပုံဖော်မလဲ။
ဖြေ - စွယ်စုံရသူလို့ ပြောချင်ပါတယ်။ ကျွန်တော့် ရဲ့ ရည်မှန်းချက်က အရာအားလုံးက ကောင်းဖို့ပါပဲ။ ကျွန် တော့်အနေနဲ့ နံပါတ် (၉) ကစားသမားအဖြစ် တိုးတက်မှုတွေ ရှိလာတယ်လို့ ထင်ပါတယ်။ ပြိုင်ဘက်ပယ်နယ်တီဧရိယာထဲမှာ လှုပ်ရှားမှုကောင်းပြီး ခေါင်းတိုက်ဂိုးတွေလည်း သွင်း လာနိုင်ပါတယ်။ ကျွန်တော်ကတော့ နည်းလမ်းမျိုးစုံနဲ့ ပြိုင်ဘက် တွေကို ဒုက္ခပေးချင်ပါတယ်။
မေး - ဘာလို့ နံပါတ် (၁၄) ကို ရွေးချယ်ခဲ့ တာလဲ။ အွန်နရီက ခင်ဗျားရဲ့ Idol မို့လို့ လား။
ဖြေ - သူက ကျွန်တော် ကြိုက်တဲ့ ကစားသမားတွေထဲက တစ်ယောက် ပါ။ ထိပ်တန်းကစားသမားတွေ တော် တော်များများလည်း နံပါတ် (၁၄) ကို ဝတ်ခဲ့ကြတယ်လေ။ ကျွန်တော် နယူးကာဆယ်ကို လာတဲ့အချိန်မှာ လွတ်နေတဲ့ နံပါတ်တွေထဲမှာ (၁၄) လည်း ပါနေတာကြောင့် နံပါတ် (၁၄) ကို ရွေးချယ်ခဲ့တာပါ။
မေး - အွန်နရီအပြင် တခြား Idol တွေ ရှိလား။
ဖြေ - ကျွန်တော်တို့အိမ်မှာ စပိန် Channel ပဲ ရှိခဲ့တာကြောင့် ပရီးမီးယားလိဂ်ကို သိပ်မကြည့်ဖြစ်ခဲ့ပါဘူး။ ဒီတော့ မက်ဆီတို့၊ စီရော်နယ်လ်ဒိုတို့ကို ကြည့်ခဲ့ပါတယ်။
မေး - ခင်ဗျားက အသက် (၁၆) နှစ်မှာ ပွဲထွက်ပြီး ပွဲဦးထွက်မှာပဲ ဂိုးသွင်းနိုင်ခဲ့တယ်။ အဲဒီတုန်းက ဘယ်လိုခံစားခဲ့ရလဲ၊ ခင်ဗျား မှတ်မိသေးလား။
ဖြေ - အဲဒီတုန်းက ကျွန်တော်အသင့် ဖြစ်နေပြီလို့ခံစားခဲ့ရတာပါ။ အသက် (၁၅)နှစ်လောက်ကတည်းက ပထမအသင်းနဲ့ ကျွန်တော် ပုံမှန်လေ့ကျင့်ခဲ့တာဆို တော့ ကြောက်တာမျိုးလည်း မရှိခဲ့ပါဘူး။ ပြီးတော့ အဲဒီတုန်းက ရည်မှန်းချက်တွေ အများကြီးမရှိခဲ့ပါဘူး။ အခု ပြန်ကြည့်ရင်တော့ အဲဒီတုန်းက ကျွန်တော် ကလေးသာသာပဲ ရှိသေးတာပါ။
မေး - ခင်ဗျားကို ဇလာတန်(အီဘရာဟီမိုဗစ်)နဲ့ နှိုင်းယှဉ်ကြတယ်နော်။
ဖြေ - ဟုတ်ကဲ့။ ကျွန်တော် အများကြီး ကြားခဲ့ရပါတယ်။ ဒါပေမဲ့ ကျွန်တော်ကတော့ အဲဒါကို အမြဲလိုလို ငြင်းခဲ့တာပါ။ ဘာလို့လဲ ဆိုတော့ အဲဒီတုန်းက ကျွန်တော်က ငယ်ငယ်ပဲ ရှိသေးပြီး အီဘရာဟီမိုဗစ်လို ထိပ်တန်းအဆင့်ရောက်နေတဲ့ ကစားသမားနဲ့ နှိုင်းယှဉ်တာ အဓိပ္ပာယ်မရှိဘူးလို့ ကျွန်တော် ထင်မှတ်ခဲ့လို့ပါ။
မေး - ဂျာမနီမှာတော့ ခင်ဗျား သိပ်အလုပ်မဖြစ်ခဲ့ဘူး။ အဲဒီနောက်မှာ ခင်ဗျား ဆိုစီဒက် ရောက်သွားတယ်နော်။
ဖြေ - အဲဒါက Game Changer ဖြစ်ခဲ့တာပါ။ ကျွန်တော် ငယ် ငယ်ကတည်းက စပိန်မှာ ကစားချင်ခဲ့တာလေ။
မေး - လာလီဂါနဲ့ ပရီးမီးယားလိဂ် ဘာကွာလဲ။
ဖြေ - လာလီဂါက ဘောလုံးပိုင်ဆိုင်မှုကို ဦးစားပေးပြီး ပရီးမီးယားလိဂ်ကတော့ Intensity နဲ့ တိုက်ရိုက်ကစားတာကို ဦးစားပေးတယ်။ ပြင်းထန်မှုလည်း ပိုတယ်လို့ ထင်ပါတယ်။
မေး - နယူးကာဆယ်ကို ဘာလို့ရွေးချယ်တာလဲ။
ဖြေ - ဆိုစီဒက်မှာ (၃) ရာသီကစားပြီးနောက် စိန်ခေါ်မှုသစ်တွေ လိုတယ်လို့ ကျွန်တော် ထင်မှတ်ခဲ့ပါတယ်။ အဲဒီမှာ နယူးကာဆယ်က ကျွန်တော့်ကို လာကမ်းလှမ်းတယ်။ သူတို့က ကျွန်တော့်ကို တကယ်စိတ်ဝင်စားပြီး ယုံကြည်မှုလည်း ပေးခဲ့တယ်။ သူတို့ရဲ့ စီမံကိန်းကို နားထောင်ပြီးနောက်မှာ ဒီကိုလာဖို့ ကျွန်တော် ဆုံးဖြတ်ခဲ့တာပါ။
မေး - ဒီမှာ ကစားတာ (၃) ရာသီ ပြည့်တော့မှာဆိုတော့ ခင်ဗျား ဘယ်လိုခံစားရလဲ။
ဖြေ - ဒီကလူတွေ အရမ်းကောင်းပါတယ်။ မြို့ကိုလည်း နှစ်သက်ပြီး အသင်းရဲ့ပတ်သက်တဲ့ အရာအားလုံးကို ကျွန်တော် သဘောကျပါတယ်။ ဒီမြို့မှာရှိတဲ့လူတိုင်းက အသင်းကို အားပေးကြပြီး ဒါက ထူးခြားတယ်လို့ ထင်ပါတယ်။
မေး - ဒီရာသီ နယူးကာဆယ်အတွက် ခင်ဗျားရဲ့ မျှော်လင့်ချက်က ဘာလဲ။
ဖြေ - ရည်မှန်းချက်တွေနဲ့ ပတ်သက်လို့ ကျွန်တော်တို့ အများကြီး မပြောချင်ပါဘူး။ ကျွန်တော်တို့အနေနဲ့ ဖလား(လိဂ်ဖလား) ရအောင် တိုက်ပွဲဝင်နေပြီး လာမယ့်ရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့်ရ အောင် ကြိုးစားနေပါတယ်။ ဒါတွေက ကျွန်တော်တို့အရောက် လှမ်းနိုင်တဲ့ ပစ်မှတ်တွေဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီကထက် ပိုကောင်းအောင် ကျွန်တော်တို့ ကြိုးစားနေပါတယ်။
မေး - ခင်ဗျားရဲ့တစ်ဦးချင်းရည်မှန်းချက်က ဘာလဲ။ ဒီထက်ပိုကောင်းချင်သေးလား။
ဖြေ - ဟုတ် သေချာပါတယ်။ ကျွန်တော့်အနေနဲ့ ပွဲအပေါ် ပါဝင် ပတ်သက်မှု အခုထက် ပိုကောင်းချင်သလို၊ ခေါင်းတိုက်စွမ်းရည်လည်း အခုထက်ပိုပြီး ပိုကောင်းချင်ပါသေးတယ်။ ပြီးတော့ ခြေစွမ်းတစ်သမတ်တည်း ရှိဖို့ပေါ့။ အဲဒီအတွက် ကြိုးပမ်းနေပါတယ်။
မေး - သိပ်မကြာခင်က ထိပ်တန်းအထောင်တိုက်စစ်မှူး ကာလရှည်စာချုပ် ချုပ်ဆိုခဲ့တာကို တွေ့ခဲ့ရတယ်။ ခင်ဗျားကရော ဘယ်လိုလဲ။
ဖြေ - ကျွန်တော်တို့ စောင့်ကြည့်ရမှာပါ။ အနာဂတ်မှာ ဘာဖြစ်မယ်ဆိုတာကို မသိနိုင်ဘူးလေ။