Eleven Media Group

■ လီဗာပူးလ်အသင်း၏ ပေါ်လစီကြောင့် ယခုရာသီကုန်တွင် ဆာလာ ထွက်ခွာရဖွယ်ရှိကြောင်း နာမည်ကျော်အားကစားရှေ့နေ သုံးသပ်

Photo: Getty Images

နာမည်ကျော် အားကစားရှေ့နေတစ်ဦးဖြစ်သူ ဒန်နီရယ်လ်ဂီးက လီဗာပူးလ်ဝါရင့်တိုက်စစ်ကစားသမား ဆာလာအနေဖြင့် အသင်း၏ပေါ်လစီကြောင့် ယခုရာသီကုန်တွင် လီဗာပူးလ်အသင်းမှ ထွက်ခွာရနိုင်ကြောင်း သုံးသပ်ပြောကြားခဲ့သည်။
အသက် (၃၂) နှစ်အရွယ် ဆာလာသည် လီဗာပူးလ်တွင် တစ်ပတ်လစာ ပေါင် (၃၅၀၀၀၀) ရရှိနေပြီး ၎င်း၏လက်ရှိစာချုပ်မှာ ယခုရာသီကုန်တွင် ကုန်ဆုံးမည်ဖြစ်သည်။

ဆာလာသည် ယခုရာသီတွင် လီဗာပူးလ်အတွက် အဓိကခြေစွမ်းပြနေသော်လည်း စာချုပ်သစ်အတွက် ဆွေးနွေးမှုမှာ အဆင်မပြေဘဲ အသင်းတွင် ဆက်နေရန်ထက် ထွက်ခွာရန် ပိုများနေကြောင်း ပြောကြားထားသည်။
ဒန်နီရယ်လ်ဂီးက "အခုပြသနေတဲ့ ခြေစွမ်းနဲ့ဆိုရင် ဆာလာက အများကြီး ထိုက်တန်ပါတယ်။ ဒါပေမဲ့ Data တွေအရ စာချုပ်သစ်ချုပ်ဆိုချင်တဲ့ ကစားသမားတွေဟာ အဲဒီရာသီမှာ အစွမ်းကုန်ခြေစွမ်းပြလေ့ရှိပြီး စာချုပ်သစ်ချုပ်ဆိုပြီးနောက် (၂) ရာ သီလောက်ထိ ခြေစွမ်းမပြနိုင်တော့ပါဘူး။ ဒီအချက်ကို လီဗာပူးလ်တာဝန်ရှိသူတွေ ကောင်းကောင်းသိထားပါလိမ့်မယ်။ ကျွန်တော်က ခန့်မှန်းတဲ့ နေရာမှာ ညံ့ပါတယ်။ ဒါပေမဲ့ ခန့်မှန်းရမယ်ဆိုရင် ဗန်ဒိုက်က ဆက်ရှိနေပါလိမ့်မယ်။ အာနိုးလ်က ၅၀-၅၀ ပါ။ ဆာလာကတော့ အသင်းက ထွက်ခွာရမယ်လို့ ထင်ပါတယ်"ဟု ပြောကြားခဲ့သည်။

မူရင်းသတင်း — Eleven Media Group