Eleven Media Group

■ အိုဆာဆူနာနှင့်ပွဲမှ အငြင်းပွားဖွယ်အနီကတ်အတွက် ဘယ်လင်ဟမ် (၂) ပွဲပယ် ပြစ်ဒဏ် ချမှတ်ခံရ

Photo: Getty Images

ရီးယဲလ်ကွင်းလယ်တိုက်စစ်ကစားသမား ဘယ်လင်ဟမ်သည် အိုဆာဆူနာနှင့်ပွဲမှ အငြင်းပွားဖွယ်အနီကတ်အတွက် (၂) ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံ ခဲ့ရကြောင်း သိရသည်။

အင်္ဂလန်ကွင်းလယ်ကစားသမား ဘယ်လင်ဟမ်သည် ဖေဖော်ဝါရီ (၁၅) ရက်က ကစားခဲ့သည့် လာလီဂါပွဲစဉ် အိုဆာဆူနာ (၁-၁) ရီးယဲလ်မက်ဒရစ်ပွဲ၌ ပွဲချိန် (၃၉)မိနစ်တွင် ကွင်းလယ်ဒိုင် မွန်တဲရိုးအား ဆဲဆိုစော်ကားသည်ဟုဆိုကာ တိုက်ရိုက်အနီကတ်ဖြင့် ထုတ်ပယ်ခံရခြင်းဖြစ်သည်။

ဘယ်လင်ဟမ်က ၎င်းင်းအနေဖြင့် ကွင်းလယ်ဒိုင်ကိုဆဲဆို ခဲ့့ခြင်းမရှိဘဲ ကို်ယ့်ကိုယ်ကို F*** off ဟု ရေရွတ်ခဲ့ခြင်းသာဖြစ်ပြီး ကွင်းလယ်ဒိုင် အထင်လွဲမှားခဲ့ခြင်းသာဖြစ်ကြောင်း ဖြေရှင်းခဲ့သည်။

သို့သော် ယခုအခါ စပိန်ဘောလုံးအဖွဲ့ချုပ်(RFEF)က ဘယ်လင်ဟမ်ကို အိုဆာဆူနာနှင့် ပွဲမှအနီကတ်ပြစ်ဒဏ်အတွက် (၂) ပွဲပယ်ပြစ်ဒဏ် ချမှတ်ခဲ့သည်။

RFEF က ဘယ်လင်ဟမ်အနေဖြင့် ကွင်းလယ်ဒိုင် မွန်တဲရိုးအပေါ် လေးစားမှုမရှိခြင်းအတွက် ယခုကဲ့သို့ အရေးယူခဲ့ခြင်းဖြစ်ကြောင်း ရှင်းပြခဲ့သည်။

မူရင်းသတင်း — Eleven Media Group